ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အပစ်ရပ်ထားသည့် ကိုးကန့်ဒေသတွင် တိုက်ပွဲပြန်ဖြစ်

Dawei Watch

January 17, 2024

ယာယီအပစ်အခတ် ရပ်ဆိုင်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ သုံးဖွဲ့ပူးတွဲထုတ်ပြန်ထားသည်။ ကိုးကန့်ဒေသတွင် စစ်ရေးလှုပ်ရှားမှု မရှိသော်လည်း ဒေသအတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သည် ဇန်နဝါရီလ ၁၆ ရက် ညနေ ၄နာရီကျော်တွင် ကိုးကန့်တပ် MNDAA တပ်စွဲထားသည့် ကချင်တောင်အနီးသို့ ရောက်ရှိလာကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဖော်ပြသည်။ ယင်းနောက် မိနစ် ၂၀ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန်တွင်လည်း ၆၀ မမ လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ထုတ်ပြန်သည်။ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရပေ။ ရှမ်းမြောက်ဒေသတွင်း မိုးမိတ်၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များသို့လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအား ပြုလုပ်နေဆဲဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တို့ […]

ဘီးလင်းရှိ ဝင်းတာပန်စခန်းကို KNUနှင့်ပူးပေါင်းတပ်များ ပိတ်ဆိုထားပြီး တိုက်ပွဲပြင်းထန်

Dawei Watch

January 17, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာရှိ စစ်ကောင်စီစခန်းကို KNU(ကရင်အမျိုးသား အစည်းအရုံး)နှင့် ပူးပေါင်းတပ်များ ဘက်က ပိတ်ဆို့ထားပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီစခန်းထဲမှ တပ်သားများ အပြင်ထွက်မရရန်၊ စစ်ကူမလာနိုင်ရန်နှင့် ရိက္ခာမသယ်နိုင် စေရန်အတွက် KNU ဘက်က ရေလမ်း၊ ကုန်းလမ်း အကုန်ပိတ်ဆို့ထားပြီး တိုက်ပွဲများဆက်လက်ဖော် ဆောင်နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှသိရသည်။ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို KNUနှင့် ပူပေါင်းတပ်ဖွဲ့များ ဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး၊ လက်နက် ငယ်များ အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် စစ်ကောင်စီဘက်က ဝင်းတာပန်စခန်းသို့ စစ်ကူလာရောက်နိုင်ခြင်းမရှိဘဲ လက်နက်ကြီး ပစ်ကူပေးခြင်းများသာ ရှိကြောင်း သိရသည်။ ၂၀၂၃ ဒီဇင်ဘာလ […]

လောင်းလုံးတွင် မှတ်ပုံတင်စစ်ပြီး ငွေညှစ်လာ

Dawei Watch

January 17, 2024

လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေကြောင်း ခရီးသည်များထံမှ သိရသည်။ ‌၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှစပြီး လောင်းလုံးမြို့တောင်ဘက်ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသည့်အချိန်မှစပြီး မြို့ပေါ်တွင် မှတ်ပုံတင် စစ်ဆေး တင်းကြပ်ထားခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မှတ်ပုံတင် မပါသူများ၊ မှတ်တင်လဲလှယ်ရမည့် သတ်မှတ်ရက်ကျော်နေသူများထံတွင် တစ်ဦးငွေကျပ် ၃၀,၀၀၀ အထိ တောင်းယူနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ဆိုသည်။ “ပိုက်ဆံပေးလိုက်ရင် အားလုံးအဆင်ပြေတယ်။ မပေးမချင်းတော့ ပြန်မလွှတ်တော့ဘူး။ မှတ်ပုံတင်လည်း သိမ်းထားလိုက်တယ်” ဟု ကိုယ်တိုင်အစစ်ခံရသည့် ခရီးသည်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မှတ်ပုံတင် စစ်ဆေးတင်းကြပ်လာသဖြင့် ဒေသခံများမှာ လဝကရုံးသို့သွားပြီး မှတ်ပုံတင် အလုအယက် လုပ်လာကြကြောင်း ဒေသခံတို့က ဆိုသည်။ မှတ်ပုံတင်လဲလှယ်သူ၊ အသစ်ရိုက်သူများ လွန်စွာများပြားနေသဖြင့် […]

ရခိုင် ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

Dawei Watch

January 17, 2024

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေသွား ကားလမ်းဘေးက ကန်စောက်တောင်အောက်တွင်ရှိသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် ၅၃၉ တစ်ခုလုံး တပ်ဖွဲ့ဝင် သုံးရာနီးပါး လက်နက်ချကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါတပ်ရင်းကို ရက္ခိုင့်တပ်တော် AA က ဘက်ပေါင်းစုံက ပိတ်ဆို့ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၁၆ ရက်တွင် အလံဖြူထောင်ကာ လက်နက်ချခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဗျူဟာမှူးနှင့် တပ်ရင်းမှုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါး လက်နက်ချခြင်းဖြစ်ပြီး ကလေးငယ်များအပါအဝင် မိသားစုဝင် ရာနှင့်ချီလည်းပါဝင်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုးဖြင့် တုပ်နှောင်ပြီး AA တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရှိရသည်။ ကလေးငယ်များနှင့် […]

ထိုင်းတွင် မြန်မာငါးဖမ်းသမားတစ်ဦး ကျောက်ချစဉ် ကြိုးဖြင့်ပတ်မိသဖြင့် ခြေထောက်အပြင်းအထန်ဒဏ်ရာရ

Dawei Watch

January 17, 2024

ထိုင်းနိုင်ငံ စထွန်းခရိုင်တွင် လုပ်ကိုင်နေသော မြန်မာငါးဖမ်းသမားတစ်ဦးသည် ငါးဖမ်းလှေတွင် ကျောက်ချစဉ် မတော်တဆ ကြိုးဖြင့်ပတ်မိသွားသဖြင့် ခြေထောက်တွင် အပြင်းအထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကော့တားဘိုင်းကျွန်းအနီး ငါးဖမ်းလှေပေါ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က မတော်တဆဖြစ်မှုကြောင့် မြန်မာအလုပ်သမား တစ်ဦး ဘယ်ဘက်ခြေထောက် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို လှေဦးစီးက ကမ်းခြေစောင့်တပ်ကို အရေးပေါ်အကြောင်းကြားခဲ့ကြောင်း ရေးသားထားသည်။ ကမ်းခြေစောင့်တပ်များ ရောက်ရှိလာသောအခါ အသက် ၅၆ နှစ်အရွယ် မြန်မာငါးဖမ်းသမားတွင် ဘယ်ဘက်ခြေထောက် ပြတ်လုနီးပါးအထိ ဒဏ်ရာရထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ ဒဏ်ရာကို သွေးတိတ်စေရန် ရှေးဦးပြုစုကုသခဲ့ပြီး ပတ်တီးစည်းကာ ကမ်းခြေသို့ အရေးပေါ်လှေဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကမ်းခြေမှတဆင့် လငူဆေးရုံသို့ အရေးပေါ်ကားဖြင့် ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ ထိုင်းရောက် မြန်မာငါးဖမ်းသမားများတွင် လုပ်ငန်းခွင်တွင် အန္တရာယ်မဖြစ်စေရန် […]

စမွတ်စခွန်တွင် တရားဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး နှစ်လနီးပါးအထိ အလုပ်မရသေး

Dawei Watch

January 17, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသတွင် MoU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၈ဦးသည် ရောက်ရှိပြီး နှစ်လနီးပါးကြာသည်အထိ အလုပ်မရသေးကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေး နေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၈ ဦးကို မြန်မာအေဂျင်စီ ROYEL GOLDEN GATE INT’L SERVICES က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် လုပ်ကိုင်ရန် ၂နှစ်စာချုပ်ချုပ်၍ ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ ၎င်းတို့သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဘန်ကောက်မြို့ ဘန်ကပီဒေသို့ ထပ်မံပို့ဆောင်ခံရကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းနောက် မဟာချိုင် ကထူးဘင်ဒေသသို့ ထပ်မံပို့ဆောင်ခြင်းခံရပြီး ထိုင်းရောက်ပြီး နှစ်လနီးပါးကြာသည်အထိ […]

ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီ ၅၆၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

Dawei Watch

January 17, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက မနေ့(ဇန်နဝါရီ ၁၆) ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ ညနေ ၄ နာရီ ၁၂ မိနစ်ခန့်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်တစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီ၏ ခမရ-၅၆၁ တပ်ရင်းက ၈၁ မမ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ “နှစ်ရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်နေတာရှိတယ်။ ဒီနေ့တော့ မပစ်တော့ဘူး” ဟု ညောင်ပင်ကွင်းကျေးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၁၅ ရက် မနက် ၆ နာရီခန့်ကလည်း ခမရ-၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းရွာတံတား စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး […]

ထားဝယ်တွင် ဝက်သားဈေး ထက်ဝက်ခန့်ထပ်ကျ

Dawei Watch

January 17, 2024

ဝက်သားစျေးဆက်တိုက် ကျဆင်းနေသည့် ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်သုံးလခန့်ကထက် ဝက်သားဈေးထက်ဝက်ခန့် ထပ်မံကျသွားကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောင်တိုဘာလခန့်က ဝက်သားတစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ယခု ဇန်နဝါရီလတွင် တစ်ပိဿာ တစ်သောင်းကျပ်သာ ရှိတော့ကြောင်း ဝက်သားရောင်းချသူတစ်ဦးက ပြောသည်။ သို့သော် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးများတွင် လိုင်စင်ရလုပ်ငန်းရှင်များက ရောင်းချသည့် ဝက်သားတစ်ပိဿာဈေးမှာ ၁၅၀၀၀ ကျပ် ခန့်ရှိနေသေးသဖြင့် အများစုက စျေးသက်သာသော နယ်စျေးကွက်မှတစ်ဆင့် ဝယ်ယူလာကြသည်။ “ဝက်က ဈေးတက်မှရောင်းမယ်ဆိုပြီး ထားလို့မရဘူး ဆက်မွေးလေအစာဖိုးကုန်လေပဲ။ ဒိုင်မှာရောင်းရင်လည်း မျက်နှာငယ်ပြီးရောင်းရတယ်။ ဈေးမပေးဘူးလေ။ ကိုယ့်ဘာသာကိုယ်သတ်ရောင်းရင် နည်းနည်းပိုရတယ် ” ဟု ၎င်းကပြောသည်။ ‌ထားဝယ်ဝက်ဈေးကွက်တွင် ရောင်းလိုသူများပြီး ဝယ်လိုသူနည်းနေသဖြင့် ဝက်ဈေးကျနေခြင်းဖြစ်ကြောင်း ဝယ်အဝယ်ဒိုင် တစ်ဦးကပြောသည်။ “အခုက အဝယ်ဈေးကွက်ပျက်နေပြီပြောလို့ရတယ်။ လာရောင်းတဲ့သူများတယ်။ ကျွန်တော်တို့လည်း ဝယ်မပေးနိုင်ဘူး။ […]