ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန် ကွယ်လွန်

Dawei Watch

January 17, 2024

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန်သည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ၊ စံခလပူရီ (ဝင်းက)ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ နိုင်ထောမွန် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီး လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ နိုင်ထောမွန်သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့ ဖခင် ဦးသောင်းစိန်၊ မိခင် မိငွေကြည်တို့မှ ၁၃၀၈ ခုနှစ်တွင် မွေးခဲ့ပြီး ဒုတိယမြောက်သားဖြစ်သည်။ နိုင်ထောမွန်သည် ကမာဝက်‌ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၀ တန်းကို မုဒုံမြို့ အထက (၁) ကျောင်းတွင် အောင်မြင်ခဲ့သူဖြစ်သည်။ နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခဲ့ပြီး ပါတီတွင် ဆက်သွယ်ရေး တပ်သားအဆင့်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ […]

ဂျက်တိုက်လေယာဉ်တစ်စင်းကို KIA ပစ်ချ

Dawei Watch

January 16, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာအနီးတွင် စစ်ကောင်စီတပ်၏ ဂျက်တိုက် လေယာဉ်တစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက မီဒီယာများတွင် အတည်ပြုပြောဆိုထားသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ နမ့်ဖက်ကာရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၂၃ ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒီဇင်ဘာလ လကုန်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ယင်းနေရာသို့ တိုက်ခိုက်ရန်လာစဉ် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။ တိုက်လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဇန်နဝါရီလ ၃ရက်ကလည်း နာဖာ့တပ်စခန်းကို လက်နက်နှင့် ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်တစ်စင်းကို […]

လုံလောက်သည့် ဆေးကုသမှုမရ၍ ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံး

Dawei Watch

January 16, 2024

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦး လုံလောက်သည့် ဆေးကုသမှုမရသဖြင့် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်လိုက်သည်။ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က လေထိုး‌လေအောင့်ဖြစ်ပြီး ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူရန် သွားခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ သို့သော်ထောင်ဆေးရုံတွင် ဆေးရုံအုပ်အနားယူနေသည့်အတွက် တာဝန်ကျ သွားဆရာဝန်မှ ကိုပြည့်ဖြိုးအောင်ကို ကြည့်ရှူစစ်ဆေးပေးပြီး ဆေးတစ်လုံးထိုးပေးခဲ့ကြောင်း ဆေးထိုးပြီး တစ်နာရီခန့်အကြာတွင် ပါးစပ်မှ အမြုပ်ထွက်ပြီး မေ့လဲသွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။ အရေးပေါ်ဖြစ်နေသည့် ကိုပြည့်ဖြိုးအောင်ကို ထောင်ဆေးရုံအုပ်က အသက်ကယ်ဆေးနှစ်လုံး ထိုးပေးခဲ့ပြီး ပြင်ပဆေးရုံသို့ ဇန်နဝါရီလ […]

DGRF တပ်ဖွဲ့ဝင် ၇၀နီးပါးက နုတ်ထွက်ပြီး ဗထူးတပ်မတော်သို့ ဝင်ရောက်ဟုဆို

Dawei Watch

January 16, 2024

အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ပကဖအဖွဲ့ဝင်တစ်ခုဖြစ်သည့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က တပ်ဖွဲ့ဝင် ၆၇ ဦး နုတ်ထွက်သွားကြောင်း ယင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၅ရက်က သတင်းထုတ်ပြန်သည်။ DGRF တပ်ဖွဲ့က ရဲဘော်နွန်ဖား ဦးဆောင်သော တပ်ခွဲ (၂) က ရဲဘော် ၂၅ ဦး၊ ရဲဘော်အာနိုးဦးဆောင်သော တပ်ခွဲ (၃) က ရဲဘော် ၅ ဦး၊ ရဲဘော်ဘိုးတော်ဦးဆောင်သော တပ်ခွဲ (၄) မှ ရဲဘော် ၃၇ဦး၊ စုစုပေါင်း ရဲဘော် ၆၇ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် နုတ်ထွက်သွားကြောင်း ဖော်ပြသည်။ နုတ်ထွက်သွားသည့် ရဲဘော်များမှာ ဗထူးတပ်မတော်သို့ ဝင်ရောက်သွားခြင်းဖြစ်ပြီး ယခင်ကတည်းက ဗထူးစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းကာ […]

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းမိ

Dawei Watch

January 16, 2024

ထားဝယ်တွင် စိတ်ကြွဆေးပြား ၁၄,၀၀၀ ကျော်ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီ၏ မူးယစ်ဆေးဝါး အလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့(ဇန်နဝါရီ ၁၆) ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို မနေ့ နေ့လယ်ပိုင်းက ထားဝယ်မြို့ ကားဂိတ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဘက်မှ မြိတ်သို့သွားမည့် ခရီးသည်တင်ကားကိုစစ်ဆေးရာ ကားပေါ်လိုက်ပါလာသည့် ခရီးသည် ကိုရဲမင်းသူ၏ ကျောပိုးအိတ်ထဲတွင် ကာလပေါက်ဈေး ၄၄၄ သိန်းကျပ်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄၈၀၀ ခန့်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယင်းကြောင့် အသက် ၃၀ အရွယ်ရှိ ကိုရဲမင်းကို ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကိုလည်း စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံထံမှ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိခဲ့သေးသည်။ တနင်္သာရီတိုင်းထဲသို့ တိုင်းပြင်ပမှ သယ်ဆောင်လာသည့် […]

ရေဖြူ ဇာဒီရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အလှူပွဲတွင်ပစ်ခတ်ခံရ

Dawei Watch

January 16, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာ၌ ယနေ့ ကျင်းပနေသည့် အလှူပွဲတစ်ခုတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးလားလားဆိုသူ ပစ်ခတ်ခံရကြောင်း ရွာသားများကပြောသည်။ အာဏာသိမ်းပြီးနောက် ဇာဒီကျေးရွာ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာသူ ဦးလားလား ယနေ့ ဇန်နဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “အလှူပွဲက အုပ်ချုပ်ရေးရုံးအရှေ့မှာပဲ။ အလှူပွဲက ထမင်းစားပြီးလို့ သိမ်းနေကြပြီ။ ထမင်းစားပြီး ပြန်အထွက်မှာ ပစ်ခံရတာ။ အုပ်ချုပ်ရေးမှူးက သူပစ်ခံရတဲ့အချိန် နာရေးအိမ်တစ်ခုရောက်နေတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ သေနတ်သမားများက ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီး ပြန်ထွက်ခွာရာ လမ်းတစ်လျှောက်တွင်လည်းသေနတ်များ ပစ်ဖောက်သွားကြောင်း ၎င်းက ပြောဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးလားလား သေဆုံးသွားပြီဟု သတင်းထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေး […]

သရက်ချောင်း မင်းဒပ်ရွာက နေအိမ်လေးလုံး လက်နက်ကြီးကျည်ထိမှန်

Dawei Watch

January 16, 2024

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ်လေလုံးတွင် ကျည်စထိမှန် ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၅ နာရီခွဲ ၆ နာရီခန့်တွင် ဝင်းဝနယ်မြေရဲစခန်းဘက်က ထွက်လာသည့် အင်အား ၃၀ ကျော် ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းဒပ်၊ သိမ်ကုန်းကျေးရွာဘက်ကို လှည့်လည်စစ်ကြောင်းထိုးနေကြောင်း ဒေသခံ အချို့က ဆိုသည်။ အဆိုပါစစ်ကြောင်းသည် အော်ဟစ်ဆဲဆိုကာ မင်းဒပ်ရွာဘက်ကို ဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “သူတို့ဘာသာ အော်ဟစ်ဆဲဆိုနေတာတော့ကြားတယ်။ လက်နက်ကြီးက ဘယ်နှစ်လုံးမှန်းတော့ ကျွန်မလည်းမသိဘူး။ ပစ်တာတော့ အများကြီးပဲ။ လူထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ လက်နက်ကြီးကျည်စ […]

တနင်္သာရီမြို့နယ် ရေဖြူနှင့် ညောင်ပင်ကွင်းတွင် တိုက်ပွဲဖြစ်

Dawei Watch

January 16, 2024

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာနှင့် ရေဖြူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇန်နဝါရီလ ၁၅ ရက် မနက် ၆ နာရီခွဲတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သဖြင့် ညောင်ပင်ကွင်းရွာတွင် မိနစ် ၃၀ ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးမကြာခင်မှာပင် စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်တစ်စီးမှာ တိုက်ပွဲဖြစ်ပွားသည့် နယ်မြေအတွင်းပျံသန်းခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ “တိုက်ပွဲပြီးသွားပေမယ့် မနက် ၉ နာရီလောက်အထိ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ အိမ်ထဲမှာရှိနေတဲ့ အရပ်သားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်” တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တပ်ဖွဲ့ဝင်နှစ်ဦးလည်း လက်နက်ကြီးစထိမှန်သဖြင့် မစိုးရိမ်ရ ဒဏ်ရာရထားသည်ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဇန်နဝါရီ […]