ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင်တွင် ရွှေလုပ်သားသုံးဦးအသတ်ခံရမှုကို ဖြေရှင်းချက်ပေးရန် မိသားစုဝင်များတောင်းဆို

Dawei Watch

January 16, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ နတ်အိမ်တောင်ဒေသ ၊ ကျောက်လုံးကြီးရွာတွင် လက်လုပ်လက်စား ရွှေလုပ်သား အမျိုးသားသုံးဦး သတ်ဖြတ်ခံရမှုအတွက် သက်ဆိုင်သည့်အဖွဲ့က ဖြေရှင်းချက်ပေးရန် ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပန်းမချောင်း (ပင်းမချောင်း) ဘက်သို့ ရွှေကျင်ရန်သွားရောက်ပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားကြောင်း ကျန်ရစ်သူမိသားစုများဝင်များက ပြောသည်။ ပျောက်ဆုံးသွားသူ သုံးဦးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ် ဇာတိဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်လုံးကြီးရွာတွင် လွန်ခဲ့သည့် ၃ နှစ်ကတည်းက ပြောင်းရွှေ့လာကာ ရွှေကျင်သည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ ၎င်းတို့မှာ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်၊ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး (ခေါ်) ဦးသိကြားမင်းနှင့် ၎င်း၏ […]

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သား ရှစ်ဦးဒဏ်ရာရ

Dawei Watch

January 16, 2024

ထိုင်းနိုင်ငံ ဖတ်ထလူခရိုင်တွင် ကားနှစ်စီး တိုက်သောကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရပြီး တစ်ဖက် အိမ်စီးကားမောင်းသူ ထိုင်းနိုင်ငံသားတစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ခွန်ခနူဒေသရှိ တောင်ပိုင်းအာရှလမ်းမကြီးပေါ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ပစ်ကပ်ကားနှင့် အိမ်စီးကားတို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားနှစ်စီးစလုံး လမ်းဘေးမြောင်းထဲ ကျသွားခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားပေါ်တွင် မြန်မာအလုပ်သမား ရှစ်ဦး လိုက်ပါလာခဲ့ပြီး ကားကို အသက် ၆၀ အရွယ် ထိုင်းကားသမားတစ်ဦးက မောင်းနှင်လာခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ ဒဏ်ရာရရှိသူအားလုံးကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးပြုစုကုသပေးခဲ့ပြီးနောက် ခွန်ခနူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။ အိမ်စီးကားလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ကားမောင်းသူ အသက် ၅၃ နှစ်အရွယ် ထိုင်းနိုင်ငံသားလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ရာ ဆေးရုံသို့ […]

ကော့သောင်း၊ ကံမော်ကြီးရွာတွင် ဆိုလာစနစ်တပ်ပေးမည်ဟုဆိုကာ စစ်ကောင်စီတပ်စည်းရုံး

Dawei Watch

January 15, 2024

ကော့သောင်းခရိုင် ကရသူရိမြို့ မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာတွင် ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများ ပေးအပ်မည်ဟု စစ်ကောင်စီတပ်က စည်းရုံး ပြောဆိုခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်က မသေကျေးရွာအုပ်စုရှိ ကံမော်ကြီးရွာသို့ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၂၀ ဦးခန့်ပါသည့် စစ်ကြောင်းက ကားများဖြင့်ရောက်လာကြောင်း အသက် ၃၈ နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုနောက် ရွာသားများကို ခေါ်ယူကာ ကျေးရွာအတွင်းလျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားများကို ယခုနှစ် စက်တင်ဘာလအတွင်း တပ်ဆင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော် ယခုစည်းရုံးရေးလာသော ယင်းကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ်က ဒေသခံများကို ရိုက်နှက်ခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အင်အား […]

နေအိမ်တစ်ရာကျော် မီးရှို့ခံထားရတဲ့ လောင်းလုံးမှာ “ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်နဲ့ဆန္ဒပြ

Dawei Watch

January 14, 2024

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ‘ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ’ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်ပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်ခဲ့​ကြပါတယ်။ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၈ ရက်ကြာ လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ကျေးရွာတချို့ နေအိမ် ၁၄၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပလက်ဝကို AA သိမ်းယူ

Dawei Watch

January 14, 2024

ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် သိမ်းယူထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ပလက်ဝဒေသတွင် တစ်ခုတည်းကျန်ရှိသည့် နှမဒါဗျူဟာစခန်းကိုလည်း ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတစ်ခုလုံးတွင် စစ်ကောင်စီတပ် မရှိတော့ကြောင်း ဖော်ပြသည်။ ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းယူခဲ့သည်။ ယင်းသို့ ထိုးစစ်မစမီကတည်းက ရခိုင်နှင့် ပလက်ဝ ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်မှသာ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ကဆိုသည်။ […]

ပလက်ဝက ခန်ခတောင်ဗျူဟာနှင့် ပလက်ဝ-ကျောက်တော်အစပ်က မီးဝဗျူဟာတို့ကို AA သိမ်းယူ

Dawei Watch

January 14, 2024

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခန်ခတောင်ဗျူဟာစခန်းနှင့် ပလက်ဝ-ကျောက်တော်မြို့နယ်အစပ်က မီးဝဗျူဟာတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ပူးတွဲထုတ်ပြန်သည်။ ပလက်ဝတွင် လက်ကျန်စခန်းတစ်ခုဖြစ်သည့် ခန်ခတောင်ဗျူဟာစခန်းကို ဇန်နဝါရီလ ၁၃ ရက်တွင် သိမ်းယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ် အစပ်တွင်ရှိသည့် မီးဝဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် သိမ်းယူထိန်းချုပ်နိုင်ခဲ့ကြောင်း AA က ဆိုသည်။ ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင်တည်ရှိသည့် တောင်ရှည်တောင်ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသဖြင့် အဆိုပါဗျူဟာကုန်းကိုလည်း ဇန်နဝါရီလ ၆ ရက်တွင် AA က သိမ်းယူခဲ့သေးသည်။ ကျောက်တော်-ပလက်ဝ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် AA က ကြိုးပမ်းနေခြင်းဖြစ်သည်။ ပလက်ဝမြို့အနီးတွင် […]

တနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်နေ

Dawei Watch

January 14, 2024

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၇၀၀၀ ‌ကျော်အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နေသဖြင့် အကူအညီလိုအပ်နေကြောင်း တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရေဖြူ၊ ကမ္မလိုင်း၊ တားပလပ်၊ ဘန်းလမွတ်၊ သမုတ်ချောင်း စသည့်ကျေးရွာဆယ်ရွာကျော်မှ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး အချို့မှာ နှစ်ချီစစ်ဘေးရှောင်နေရသူများလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။ စစ်ဘေးရှောင်ဦးရေများပြားပြီး အလှူရှင်းနည်းပါးသဖြင့် ရိက္ခာအခက်အခဲဖြစ်နေကြောင်း ၎င်းကဆိုသည်။ “အလှူရှင်တွေပိုပြီးလိုအပ်နေတာပေါ့နော်။ ရှိတဲ့လူဦးရေနဲ့ကမလုံလောက်ဘဲဖြစ်နေတယ်။ စစ်ဘေးရှောင်တွေအတွက် ဝိုင်းဝန်းပြီးကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။ တနင်္သာရီမြို့နယ် စစ်ရေးနည်းဗျူဟာအနီးရှိ ရေဖြူကျေးရွာတွင်မူ လွန်ခဲ့သည့် သုံးရက်ခန့်က တိုက်ပွဲများဖြစ်ပွား‌ခဲ့သဖြင့် ယနေ့အချိန်အထိ ဒေသခံများတိမ်းရှောင်နေရဆဲဖြစ်သည်။ “အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ရွာကြီးမှာ အခုဆို ခြောက်ကပ်နေတာပဲ။ ရွာသားတွေက ရွာထဲဝင်လို့မရဘူး” ဟု ရေဖြူဒေသခံ စစ်ဘေးရှောင်တစ်ဦးကဆိုသည်။ ထိတွေ့တိုက်ပွဲမဖြစ်သော်လည်း စစ်ကောင်စီတပ်က ရေဖြူအပါအဝင် တိုက်ပွဲဖြစ်ပွားရာ‌ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 13, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ တရုတ်ဖိအားနဲ့ ရှမ်းမြောက်မှာ ယာယီအပစ်ရပ် အပစ်ရပ်ဖို့ ဖိအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေကြား ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီလိုက်ကြပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ်အဖြစ် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေဖြစ်တဲ့ ကိုးကန့်တပ်၊ တအာင်းတပ်၊ ရခိုင်တပ် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရက်ပေါင်း ၇၀ ကျော်ကြာ ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာကို အဲဒီဆွေးနွေးပွဲမှာ ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြတာပါ။ ဒီသဘောတူညီချက်ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ […]