ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ပြီးမြှုပ်ထားသည့် အလောင်း ၁၀ လောင်းကျော် တွေ့ရှိထားဟုဆို

Dawei Watch

November 11, 2023

လက်နက်ကိုင် အဖွဲ့တစ်ခုက သတ်ဖြတ်ပြီး မြှုပ်နှံထားသည့် အလောင်း ၁၀ လောင်းကျော်ကို လောင်းလုံးမြို့နှင့် ထားဝယ်အကြားရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း တွေ့ရှိထားဟုဆိုသည်။ ယင်းသို့တွေ့ရှိထားကြောင်းကို တော်လှန်ရေးအဖွဲ့အချို့၏ ပြောဆိုချက်များအား ကိုးကားကာ FE5 Tanintharyi ၏ အောက်တိုဘာလ အစီရင်ခံစာတွင်ဖော်ပြထားသည်။ ယင်းသတ်ဖြတ်မှုကို ကျူးလွန်သည့် လက်နက်ကိုင်အဖွဲ့ကို အရေးယူနိုင်ရန်လည်း မျှော်လင့်နေဟု တော်လှန်ရေးတွင် ပါဝင်သူများက ပြောဆိုကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။ FE5 Tanintharyi မှာ တနင်္သာရီတိုင်းအတွင်း လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် အရပ်သားထိခိုက်သေဆုံးမှု အချက်အလက်များကို သုတေသနလုပ်ပြီး လစဉ်အစီရင်ခံစာ ထုတ်ပြန်နေသည့် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည်။ သတ်ဖြတ်ပြီးနောက် လက်စဖျောက်မြှုပ်နှံထားသည်ဟု ယူစရသည့် ယင်းအလောင်းများတွင် ကာလရှည် ပျောက်ဆုံးနေသူများ၏ အလောင်းများလည်း ပါဝင်နိုင်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ အသေးစိတ်အခြေအနေအချို့ကို Dawei Watch အနေဖြင့် စုံစမ်းသိရှိရသော်လည်း အတည်ပြုချက် မရရှိသေးသဖြင့် ထုတ်ဖော်ရေးသားနိုင်ခြင်း […]

ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

November 11, 2023

Dawei Watch ရဲ့ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ဟာ ပွဲစဉ်အမှတ် ၁၂ ဆီကို ရောက်လာခဲ့ပါပြီ။ အခုတစ်ပတ် လိဂ်ပွဲစဉ်တွေ ကစားပြီးရင် ယူရိုခြေစစ်ပွဲတွေ တစ်ကျော့ပြန်လည် ဝင်ရောက်လာမှာဖြစ်လို့ လိဂ်ပွဲစဉ်တွေနဲ့ ခေတ္တခဏ အဆက်ပြတ်ရဦးမှာပါ။ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာလည်း ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကောင်းတွေ ပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

November 10, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ နီပေါ ငလျင် လူ ၁၅၀ ဦးထက်မနည်း သေဆုံး ဟိမဝန္တာတောင်တန်းဒေသက နီပေါနိုင်ငံအနောက်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်နေ့ ညသန်းခေါင် မတိုင်ခင်က ငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ငလျင်က ခေတ္တမန္တူမြို့တော် အနောက်ဘက် မိုင် ၃၁၀ လောက်အကွာမှာ ပြင်းအား ၅ ဒသမ ၆ နဲ့ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် လူ ၃၇၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ငလျင်ကို အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်အထိ ခံစားခဲ့ရပြီး အဆောက်အဦးတွေ လှုပ်ခတ်ခဲ့ပါတယ်။ […]

ကော်သူးလေတပ်နှင့် ဆက်စပ်သူအချို့ကို KNU  ဖမ်းဆီးစစ်ဆေး

Dawei Watch

November 10, 2023

ထားဝယ်အရှေ့တောတွင် ကော်သူးလေတပ်မတော်(KTLA)နှင့် ဆက်စပ်သူအချို့ကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၄)က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူများထံမှသိရသည်။ အောက်တိုဘာလ အတွင်းကကော်သူးလေတပ်ကို ထောက်ပို့လုပ်နေသူများနှင့် ဆက်စပ်ပတ်သက်သူ ၁၅ ဦးခန့်ကို ခေါ်ယူပြီး စစ်ဆေးမေးမြန်း ခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက ဆိုသည်။ ၎င်းတို့အား ကော်သူးလေးတပ်မတော်နှင့် အဆက်အသွယ်မလုပ်ရန် သတိပေးပြီး ဖမ်းဆီးမေးမြန်းခံရသူများအနက်မှ အချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ခြောက်ဦးခန့်ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ “သူတို့ကို ဘာမှမလုပ်ဘူး၊ အချက်အလက်ပဲယူပြီးတော့ ကျွန်တော်တို့ပြန်လွှတ်ပေးမယ်” ဟုပဒိုအယ်နားက ပြောသည်။ ကော်သူးလေတပ်မတော်ဘက်ကလည်း KNU တပ်မဟာ ၄ တပ်ဖွဲ့ဝင်မိသားစုများ၊ ထောက်ပို့ပေးနေသူများနှင့် ပတ်သက်ဆက်နွယ်သူများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ ကော်သူးလေတပ်မတော်က ထိုကဲ့သို့ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် တပ်မဟာ ၄ ၏ အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူအချို့နှင့် ၎င်းတို့၏မိသားစုဝင်များမှာ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း ပဒိုအယ်နားက ပြောသည်။ ကော်သူးလေတပ်မတော် ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကမူ KNU တပ်မဟာ ၄ နှင့် ဆက်စပ်ပတ်သက်သူများကို ခြိမ်းခြောက်ခြင်းမရှိကြောင်း တုန့်ပြန်ပြောဆိုသည်။ “ကော်သူးလေ ကနေပြီးတော့ KNU ကိုခြိမ်းခြောက်တာတော့ အဲ့ဒါတော့ လုံးဝမရှိပါဘူး” ဟု ကိုချမ်းက ပြောသည်။ ကော်သူးလေတပ်မတော်နှင့် ဆက်စပ်သူများကို KNU တပ်မဟာ ၄ […]

ချောင်းနှစ်ခွ ရဲစခန်းနှင့် တံတားဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပြန်ပစ်ခတ်

Dawei Watch

November 10, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်ပူးပေါင်းတပ်ဖွဲ့ တို့က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် လေကြောင်းဖြင့်ပါ ပြန်လည်တိုက်ခိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် တံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံတို့က ပြောသည်။ “တိုက်ပွဲက မနက် ၄နာရီလောက်ကတည်းက ဖြစ်နေတာ။ ဖြစ်ပြီးတော့ မနက် ၉နာရီလောက်မှာ လေယာဉ်နဲ့ လာပစ် တယ်။ လက်နက်ကြီးကျည်တွေက ရွာထဲမှာကျတာလည်းရှိတယ်။ အခုထိ (ညနေ ၃ […]

တနင်္သာရီအခြေစိုက် ခြေမြန်တပ်ရင်းကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးချတိုက်ခိုက်

Dawei Watch

November 10, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဇဝဲရွာအခြေစိုက် (၅၅၆) ခြေမြန်တပ်ရင်းကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁ဝရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအတွင်းသို့ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “တပ်ရင်းမှူးအိမ်ကို ရွေးပြီးချတာလို့ သိရတယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။ ယင်းတိုက်ခိုက်မှုကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုန်းတပ်ဖြစ်သော (Dragon Squad) နှင့် တနင်္သာရီ ပကဖ ပူးပေါင်းအဖွဲ့များဖြစ်သည့် တနင်္သာရီကာကွယ်ရေး ပြောက်ကျားအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့တို့က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ဗုံးချတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီတပ်ဘက်က ပဝကျေးရွာအုပ်စုဘက်သို့ […]

ဘန်ကောက်တွင် တရားဝင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရသဖြင့် အခက်အခဲဖြစ်

Dawei Watch

November 10, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နိုင်ငံအစိုးရသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးသည် လုပ်အားခမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အလုပ်သမားများက ပြောသည်။ အလုပ်ပုံမှန် မဆင်းရသည့်အပြင် လုပ်အားခလည်း မရရှိသဖြင့် စားဝတ်နေရေးအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ လယောင်မြို့ရှိ TPWJ Service ကုမ္ပဏီတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ချုပ်ဆို၍ ထက်မာန်အေဂျင်စီက စက်တင်ဘာလ ၁၈ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ သို့သော်လည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်သို့ ပို့ဆောင်ခြင်းခံရပြီး ၂၂ ရက်မျှကြာသည်အထိ အလုပ်မဆင်းခဲ့ရကြောင်း အလုပ်သမားများကပြောသည်။ ယင်းနေရာတွင် မိမိစရိတ်ဖြင့် နေထိုင်ခဲ့ကြပြီးနောက် အောက်တိုဘာလ […]

လောင်းလုံး ကရင်ကြီးနှင့် ကမ်းပနီရွာက နေအိမ်အချို့မီးရှို့ခံနေရ

Dawei Watch

November 10, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးနှင့် ကမ်းပနီရွာက နေအိမ်အချို့ကို ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က ကရင်ကြီးရွာဘက် နယ်မြေရှင်းရန်လာသည့် စစ်ကြောင်းနှင့် PDF အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပြီးနောက် ကရင်ကြီးရွာတွင် ညအိပ်တပ်စွဲသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းတွင် ကရင်ကြီးရွာနှင့် ကမ်းပနီရွာရှိ နေအိမ်အချို့ကို မီးရှို့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “(အိမ်) အရေတွက်တော့ မသိရသေးဘူး။ မီးခိုးလုံးတွေ တက်လာနေတာတွေ့နေရတယ်။ လက်နက်ကြီးတွေလည်း ပစ်သံကြားနေတယ်” ဟု ကရင်ကြီးရွာသားတစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၉ ရက် တိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးသူများရှိကြောင်း ကနဦးကြားသိရပြီး ယနေ့ နံနက် […]