ထိုင်းစက်ရုံက မြန်မာလုပ်သားများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ထုတ်
Dawei Watch
January 13, 2024ထိုင်းနိုင်ငံ၊ ဖစ်ချ်ဘူရီခရိုင်ရှိ Cal-Comp အီလက်ထရောနစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၄၀၀ ကျော်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လျော်ကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ အထုတ်ခံရသော အလုပ်သမား ၄၀၀ ကျော်တွင် မြန်မာအလုပ်သမား ၃၀၀ ကျော်အထိ ပါဝင်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ စက်ရုံတွင် အမှာအော်ဒါလျော့ပါးလာသည်ဟုဆိုပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လျော်ကြေးပေး၍ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံဘက်ကပြောကြားခဲ့ကြောင်း အထုတ်ခံရသော အလုပ်သမားတစ်ဦးက ပြောသည်။ “မထုတ်ခင် သူတို့က ထုတ်မယ်လို့မပြောဘူး။ ညဆိုင်း နေ့ဆိုင်းဆင်းသမားတွေကို နေ့သက်သက်တွေ ဆင်းခိုင်းပြီးတော့ အကုန်လုံးထိုင်ခိုင်းလိုက်တာ။ ရုံပြောင်းပေးမယ်ဆိုပြီး ဘေးရုံတွေပြောင်းပေးမယ်လို့ပဲ သိထားကြတာ အကုန်လုံးက။ အဲနေ့ကျမှ ထမင်းစားတွေလွှတ်ပြီးတော့ ပြန်လာရော လူစုပြီးတော့ ပြောလိုက်တာ ထုတ်မယ်ဆိုတဲ့အကြောင်း” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။ […]


