ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွာထက်ဝက်ခန့် မီးရှို့ခံရသည့် ညောပြင်ရွာ အကူအညီလိုအပ်

Dawei Watch

January 11, 2024

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာထက်ဝက်နီးပါး မီးလောင်ပျက်စီးသွားသည့် ညောပြင်ရွာရှိ လူဦးရေတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူတို့က ပြောသည်။ ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်ပျက်စီးကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူတို့က ဆိုသည်။ လွန်ခဲ့သည့် ဆယ်လခန့် ၂၀၂၃ ခုနှစ် မတ်လကလည်း အိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ ညောပြင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးလက်ရှိတွင် ရွာထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ညောပြင်ကျေးရွာအနီးရှိ အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က နေအိမ် ၄ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတို့ကဆိုသည်။ မတ်လ ကလည်း အောက်ကျောက်ဝပ်ရွာတွင် နေအိမ် ၇၀ ကျော်မီးရှို့ခံရဖူးသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ညောပြင်၊ အောက်ကျောက်ဝပ်ရွာအောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း […]

ကရင်ပြည်နယ် တောင်ကလေး နှစ်သစ်ကူးအထိမ်းအမှတ် “ဖားစည်ကျွဲချို “ သင်္ကေတရုပ်လုပ်

Dawei Watch

January 11, 2024

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးတွင် ကျင်းပပြုလုပ်နေသည့် ၃၂ ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် ယခုနှစ် ရိုးရာဝါးလက်မှုသင်္ကေတရုပ်အဖြစ် “ဖားစည်နှင့်ကျွဲချို” ရုပ်ကြီးပြုလုပ်ထားကြောင်း ဖန်တီးပြုလုပ်ထားသူများထံက သိရသည်။ ဖားစည်နှင့် ကျွဲချိုရုပ်ကြီးကို ကရင်လူငယ်ပန်းချီဆရာ စောထွန်းလင်းက ဒီဇိုင်းနှင့်အချိုးအစား ရေးဆွဲ၍ ဝါးလက်မှုပညာရှင်ဦးစောထွန်းခလုံနှင့် တောင်ကလေးဒေသခံများ စုပေါင်းကာ ၆ ရက်အတွင်းပြုလုပ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဇန်နဝါရီလ ၉ ရက်နေ့က တောင်ကလေး နှစ်သစ်ကူးကွင်းတွင် ဖားစည်နှင့်ကျွဲချို ရုပ်ကြီးကို နှစ်သစ်ကူးပွဲတော်အကြိုအဖြစ် ဖွင့်ပွဲပြုလုပ်ခဲ့သည်။ ဖားစည် ၏ အမြင့်သည် ၁၅ ပေ ရှိပြီး ကျွဲချို ၏ အမြင့် သည် ၁၉ ပေရှိကာ ဝါးနှင့် ဗီနိုင်းပိတ်စများဖြင့် ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဖန်တီးပြုလုပ်သူတို့ထံမှ သိရသည်။ “လက်မှုအရုပ်ရှိတော့ နှစ်သစ်ကူးပွဲပိုစည်တယ်။ အရုပ်မရှိရင် […]

ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

January 11, 2024

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်လေးစီးဖြင့် ၎င်း၏ နေအိမ်သို့ လာရောက်ပြီး ပစ်ခတ်ခဲ့သဖြင့် နေအိမ်တွင်သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ကြားရတာတော့ ဆိုင်ကယ်နဲ့ လူတွေရောက်လာပြီး လာခေါ်တော့ သူ့မယားကိုယ်တိုင်ပဲ အိမ်တံခါး ဖွင့်ပေးခဲ့တယ်လို့ ပြောတယ်။ နင့်ကိုဘာမှမလုပ်ဘူး။ နင့်ယောကျ်ားကိုပဲ လုပ်မှာဆိုပြောပြီး သေနတ်နဲ့ ပစ်ချသွားတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းတို့ရွာတွင် နတ်ပွဲ၊ လောင်းကစားပွဲများဖြင့် လုပ်လေ့ရှိသဖြင့် အိမ်ကို ဆိုင်ကယ်ဖြင့် ရောက်လာသူများကို ရွာခံဟု ထင်မှတ်ပြီး တံခါးထဖွင့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ဦးဇော်ဝမ်း၏ […]

ကော့သောင်းသို့ သယ်ဆောင်သည့် မူယစ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းမိ

Dawei Watch

January 11, 2024

ကော့သောင်းမြို့သို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးများကို ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့က သယ်ဆောင်လာခြင်းဖြစ်သည်ဟုဆိုသည်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာအနီး ပဲခူးဖက်မှလာသည့် အိမ်စီးကားကို ရပ်တန့်စစ်ဆေးစဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် ဦးသူရဝင်းနှင့် ဇနီးဒေါ်အေးသန္တာအောင် အပြင် နောက်ထပ်အမျိုးသမီးတစ်ဦး ဖြစ်သည့် ဒေါ်ဖူးဖူးဝေတို့ လိုက်ပါလာကြောင်း ဆိုသည်။ ကားကို စစ်ဆေးရာ စိတ်ကြွမူးယစ်ဆေးပြား ရှစ်သိန်းကျော် ကာလတန်ဖိုး ကျပ်သိန်း တစ် ၁ဒသမ ၇ ဘီလီယံကျော် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးသူရဝင်းတို့ ဇနီးမောင်နှံ နေထိုင်သည့် ထားဝယ်မြို့ […]

သရက်ချောင်း၊ ရငဲရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အိမ်တစ်လုံးမီးလောင်ပျက်စီး

Dawei Watch

January 11, 2024

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင် ပျက်စီးသွားကြောင်း‌ ယင်းကျေးရွာက စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ပြောသည်။ ရငဲရွာ အနီးဝန်းကျင်ရှိ ကမြိုင်ရွာ အရိုးအိုးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ခြောက်လုံးခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းအနက် လက်နက်ကြီးကျည် တစ်လုံးမှာ ရငဲရွာအစွန်ဘက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အိမ်မှာတော့ လူမနေတာကြာပြီ။ ဥယျာဉ်ခြံထဲကိုလည်း နှစ်လုံးကျတယ်လို့ပြောတယ်။ (စစ်ကောင်စီတပ်က) သူတို့ကတော့ လျှေက်ပစ်နေတာဆိုတော့ ရွာထဲပြန်ဝင်နေတဲ့လူတွေလည်း ကြောက်နေကြတာပေါ့” ဟု ရငဲရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ ရငဲရွာမြွေတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မစွဲတော့သည်မှာ […]

ညောင်ပင်ကွင်းရွာအုပ်စုတွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မိုင်းနင်မိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

January 10, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ အနောက်ဘက်ကမ်းရွာတွင် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာခြေထောက်တစ်ဖက် ဆုံးရှုံးပြီး ၎င်းနှင့်အတူ လိုက်ပါ လာသည့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။ စိုက်ခင်းမှ ပြန်လာစဉ် စစ်ကောင်စီ အမှတ် (၅၆၁) ခြေမြန်တပ်ရင်း အရှေ့ဘက်ရှိ ရော်ဘာခြံတစ်ခုအတွင်း မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။ မိုင်းနင်းမိပြီး အသက် ၆၇နှစ်အရွယ် ဒေါ်သွယ်မှာ ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ပြီး အတူလိုက်ပါလာသည့် အသက် ၃၆နှစ်အရွယ် မမီးကမ်းဆိုသူမှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “မနက်က သွားတုန်းကလည်း ရော်ဘာခြံကိုဖြတ်ပြီးသွားတာပဲ။ အသွားတုန်းက မနင်းမိဘူး။ အပြန်မှ နင်းမိတာ။ နင်းမိတဲ့အချိန် ညနေ ၆နာရီထိုးနေပြီ။ နင်းမိတဲ့မိန်းမကြီးက ဆေးရုံတင်သွားရတယ်။ အဲဒီမိန်းမကြီးနဲ့ ပေ […]

လက်နက်ကိုင်တစ်စုက ဖမ်းသွားသည့် ပုလော၊ ကျောက်တောင်ရွာသား သေဆုံးလျက်ပြန်တွေ့

Dawei Watch

January 10, 2024

နှစ်သစ်ကူးနေ့(ဒီဇင်ဘာ ၃၁)တွင် လက်နက်ကိုင်လူတစ်စုက ဖမ်းသွားသည့် ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုမှ ကျောက်တောင်ရွာသားကို သေဆုံးလျက်ပြန်တွေ့ကြောင်း ဒေသခံများက ပြောသည်။ “သူက မွန်လူမျိုး၊ မိဘတွေဘာတွေလည်းမရှိဘူး၊ ဖြစ်စဉ်က တစ်ပတ်ကျော်သွားပြီပေါ့နော်၊ ဓားနဲ့ထိုးသတ်ထားတာပါ၊ အသတ်ခံရပြီး နောက်တစ်နေ့ ညနေလောက်မှ အလောင်းကို ငှက်ပစ်တဲ့ ကရင်ကလေးတွေက တွေ့တာ”ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။ အလောင်းကို ညောင်ရှင်ကုန်းကျေးရွာနှင့် ကံပေါင်ကြီးရွာကြားက လမ်းဘေး မြောင်းထဲတွင် လာပစ်ထားသည်ကို ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ သေဆုံးသူနှင့်အတူ နှစ်သစ်ကူးနေ့က ဖမ်းဆီးခံရသူ နောက်အမျိုးသားတစ်ဦးမှာ အသက် ၅၀ ကျော်အရွယ် ဦးစိုးသိန်းဆိုသူဖြစ်ပြီး KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း-၁၂ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက […]

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းကို ထောက်ပို့ ၁၂ ဖွဲ့က ဘဏ္ဍာငွေထောက်ပံ့မှုရပ်ဆိုင်း

Dawei Watch

January 10, 2024

ပုလော PDF တာဝန်ခံ ဒုတပ်ရင်းမှူးက လက်အောက်ငယ်သားနှစ်ဦးအပေါ် ကျူးလွန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းကို ဘဏ္ဍာငွေထောက်ပံ့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြည်ပရောက်ထောက်ပို့အဖွဲ့ ၁၂ ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်က မွမ်းမံသင်တန်း မတက်သည့် ရဲဘော်ရောင်နီကို ဒုတပ်ရင်းမှူး ကျော်ထင်အောင်က လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်မပေးဘဲ သေနတ်ဒင်နှင့်ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လက်အောက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလားဟု မေးခွန်းထုတ်ခဲ့သည့် ဒုဘဏ္ဍာရေးမှူးလည်းဖြစ် ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သေးသည်။ လက်အောက်ငယ်သားနှစ်ဦးအပေါ် ယင်းသို့ပြုမူခဲ့သည့် ဒုတပ်ရင်းမှူးကို သက်ဆိုင်ရာ တာဝန်ရှိသူများက အပြစ်ပေးအရေးယူမှုမရှိသဖြင့် ထောက်ပို့ ၁၂ ဖွဲ့က ထောက်ပံ့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာ […]