ထားဝယ်တွင် အိမ်ငှားနေသူများ ဧည့်စာရင်းစရိတ် အကုန်အကျများလာ
Dawei Watch
January 9, 2024ထားဝယ်မြို့ပေါ် တွင် အိမ်ငှားနေထိုင်သူများ ဧည့်စာရင်းစရိတ် ပိုမိုကုန်ကျလာကြောင်း အိမ်ငှား နေထိုင်သူများ ထံမှသိရသည်။ ယခင်က ဧည့်စာရင်းစရိတ် ကျပ် ၂၀၀၀ဖြင့် တစ်လ တစ်ကြိမ်သာ တိုင်ရပြီး ပြီးခဲ့သော ဒီဇင်ဘာလ တတိယပတ်ကစပြီး ၁၅၀၀ ကျပ်ဖြင့် တစ်ပတ်တစ်ကြိမ် တိုင်နေရကြောင်း မြို့ပေါ် အိမ်ခန်းငှားနေသူအချို့က ပြောသည်။ ထို့ကြောင့် ယခင်ကထက် ဧည့်စာရင်းစရိတ် တစ်လလျှင် ကျပ် လေးထောင်ခန် ပိုမိုကုန်ကျလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ် အိမ်ခန်းငှားနေသူတစ်ဦးကပြောသည်။ “အခုဆို တစ်လလောက်ရှိတော့မယ်။ အပတ်တိုင်းတိုင်နေရတာ” ဟု ၎င်းကပြောသည်။ ဧည့်စာရင်းစရိတ် တိုးလာသည့်အပြင် ယခင်က တင်းကျပ်လာကြောင်းလည်း အိမ်ခန်းငှားရမ်း နေထိုင်သူတို့က ဆိုသည်။ တစ်ပတ်တစ်ကြိမ် တိုင်လာရပြီးနောက်ပိုင်း အိမ်ငှားနေထိုင်သူများ၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း တောင်းခံလာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ […]


