ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မုံးကိုးကို သိမ်းယူလိုက်ပြီး စခန်း ၁၅၀ကျော်ကိုလည်းသိမ်းယူထားကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

November 8, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့ကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ယနေ့ နိုဝင်ဘာလ ၈ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာလ ၅ရက်နံနက်မှ စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး သုံးရက်အကြာ နိုဝင်ဘာလ ၇ရက် နေ့လယ်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့သည် မုံးကိုးမြို့၏အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ဒေသခံ ပြည်သူ့စစ်များလည်း ထွက်ပြေးသွားပြီဖြစ်သဖြင့် မုံးကိုးခရိုင်တစ်ခုလုံးကို ပြန်လည်ရရှိပြီဖြစ်ကြောင်းလည်း MNDAA က ဆိုသည်။ သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့ဝင်များ အသက်ပေးဆပ်ခဲ့ရကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ပါရှိသည်။ ၁၀၂၇ စစ်ဆင်ရေး ၁၂ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၇ရက်တွင် ကိုးကန့်၊ မုံးကိုး၊ ကွတ်ခိုင်တို့တွင် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ကြောင်း MNDAA က […]

တနင်္သာရီတွင် ဖခင်ဖြစ်သူက အိမ်ပေါ်မှပစ်ချသဖြင့် ၂နှစ်အရွယ် ကလေးသေဆုံး

Dawei Watch

November 8, 2023

တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် ဖခင်ဖြစ်သူက ၂ နှစ်အရွယ်သမီးအား နေအိမ်ပေါ်မှ ပစ်ချသဖြင့် ကလေးဖြစ်သူ လည်ပင်းရိုးကျိုးကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဆေးကြောင်တာလား၊ အရက်ကြောင်တာလားတော့ မသိဘူး။ အိမ်ပေါ်ကနေ ပစ်ချလိုက်လို့ ကလေး သေသွားတာလောက်ပဲ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၇ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ယင်းနေ့တစ်ရက်တည်းတွင် တနင်္သာရီမြို့နယ်၌ လူသတ်မှုနှစ်ခုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်စရစ်ကျေးရွာတွင် လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဓားခုတ်မှုဖြစ်ပွားသဖြင့် လူငယ်တစ်ဦးတွင် လည်ပင်း၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့်ခုတ်သတ်ခဲ့သည်ကို […]

မြိတ်-ရန်ကုန် နေ့ချင်းရောက် အမြန်ရေယာဉ်ဖြင့် ပြေးဆွဲရန်စီစဉ်

Dawei Watch

November 8, 2023

မြိတ်မှ ရန်ကုန်သို့ အမြန်ရေယာဉ်တို့ဖြင့် နေ့ချင်းရောက် ပြေးဆွဲရန် တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များ အသင်းက စီစဉ်နေကြောင်း မြိတ်-ကျွန်းစု အမြန်ရေယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ လတ်တလောကြုံတွေ့နေရသည့် လေယာဉ်စီးသူများပြားလာခြင်းနှင့် လက်မှတ်ဈေး အဆမတန် မြင့်တက်လာသောကြောင့် ရေကြောင်းခရီးဖြင့် ပြေးဆွဲရန်စီစဉ်နေခြင်း ဖြစ်ကြောင်း အမြန်ရေယာဉ်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ “လောလောဆယ် စီစဉ်နေကြတုန်းပဲသေး။ အခုပွင့်လင်းရာသီမှာ ခရီးစဉ်စမယ်ထင်တယ်။ အချိန်တိတိကျကျတော့ မကြားရသေးဘူးဗျ” ဟု အမြန်ရေယာဉ်လုပ်ငန်းတို့နှင့် နီးစပ်သူက ပြောသည်။ မြိတ်-ရန်ကုန် ကားလမ်းခရီးတွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်လာမှုကြောင့် ယခုနှစ်အတွင်းမှစပြီး လေယာဉ် စီးနင်းမှု များပြားလာပြီး လက်မှတ်တစ်စောင်လျှင် နှစ်သိန်းရှစ်သောင်းကျပ်အထိ ပေးဝယ်ယူနေရကြောင်း ခရီးသွားသူအချို့မှ သိရသည်။ “ဒါတောင် တစ်ပတ်လောက် လက်မှတ်ကြိုပြီးဝယ်ထားရတယ်” ဟု မြိတ်-ရန်ကုန် ခရီးသွားသူတစ်ဦးက ပြောသည်။ အဆိုပါ […]

ထားဝယ်တွင် အာလူး၊ ကြက်သွန်ဈေးမြင့်တက်

Dawei Watch

November 8, 2023

ထားဝယ်ဈေးကွက်တွင် အာလူး၊ ကြက်သွန်ဈေးများမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၅၀ဝကျပ်၊ ကြက်သွန်ဖြူများဖြစ်သည့် ထူးလေး တစ်ပိဿာ ၉၅၀ဝကျပ်၊ ထူးငါးတစ်ပိဿာ ၁၀၀၀ဝကျပ်၊ ကြူကုတ် တစ်ပိဿာ ၈၁၀ဝကျပ်သာ ဈေးရှိသည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြက်သွန်နီတစ်ပိဿာ ၄၀၀ဝကျပ်၊ ကြက်သွန်ဖြူ ထူးလေးတစ်ပိဿာ ၁၄၀၀၀ ကျပ်၊ ထူးငါးတစ်ပိဿာ ၁၄၅၀ဝကျပ်၊ ကြူကုတ် တရုတ်ကြက်သွန် တစ်ပိဿာ ၁၄၅၀ဝကျပ်အထိ မြင့်တက်လာသည်။ “မနေ့က လက်လီဈေးမှာ ကြက်သွန်နီတစ်ပိဿာ ၄၄၀၀ ကျပ်နဲ့ဝယ်လာရတယ်” ဟု ‌ထားဝယ်မြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။ အာလူး တစ်ပိဿာလျှင် အောက်တိုဘာလ ၂၇ရက်က ၃၀၀၀ ကျပ်သာ ဈေးရှိပြီး ယနေ့တွင် ၄၀၀၀ ကျပ်ဖြစ်လာကြောင် […]

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်ပျံလွန်တော်မူ

Dawei Watch

November 7, 2023

ထားဝယ်မြို့ မရမ်းပင်ပဝါရဏာ (သုဓမ္မာဂိုဏ်း) ၏ တတိယမြောက်ဂိုဏ်းချုပ်ဆရာတော်သည် နိုဝင်ဘာလ ၅ ရက် ည ၉ နာရီကျော်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံမှသိရသည်။ ဆရာတော်၏ ဘွဲ့အမည်မှာ ဘဒ္ဒန္တ ကေသရဖြစ်ပြီး ပျံလွန်တော်မူချိန် သက်တော် ၈၂ နှစ် သိက္ခာတော် ၆၂ ဝါ ရှိပြီဖြစ်ကြောင်း တပည့်ဒါယကာများထံမှ သိရသည်။ ဆရာတော်သည် ထားဝယ်မြို့ သပြေချောင်းရွာ ငါးကျဲအင်းကျောင်းတွင် ပဓာန နာယက ဆရာတော်အဖြစ် ပျံလွန်တော်မမူခင်အထိ သီတင်းသုံးနေထိုင်ခဲ့ခြင်းလည်းဖြစ်သည်။ “လူကြီးရောဂါပဲ။ ပဝရဏာ ပြုတဲ့နေ့မှာ ဆရာတော်က အအေးမိပြီး‌ နေမကောင်းဖြစ်သွားတယ်။ လူကြီးဆိုတော့ ရောဂါတွေလည်းအစုံ ဖြစ်သွားတာပေါ့နော်” ဟု သပြေချောင်းရွာက တပည့်ဒါယကာတစ်ဦးက ပြောသည်။ ဆရာတော်သည် သက်ရှိထင်ရှားရှိစဉ်က မရမ်းပင်ပဝါရဏာ (သုဓမ္မာ) ဂိုဏ်း၏ […]

ခမ်းပါတ်မြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ

Dawei Watch

November 7, 2023

စစ်ကိုင်းတိုင်း တမူးခရိုင် ကလေး-တမူး အာရှလမ်းမပေါ်ရှိ ခမ်းပါတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးအဖွဲ့များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ KIA နှင့် တော်လှန်ရေးအဖွဲ့များဖြစ်သည့် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် (၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့က ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ခမ်းပာတ်မြို့ကို နိုဝင်ဘာလ ၃ ရက်မှ စတင်၍ စတင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း […]

အချိန်နီးမှ ဆုံးဖြတ်ချက်ပြင်ပြီး မြိတ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ပြန်ကျင်းပမည်

Dawei Watch

November 7, 2023

သုံးနှစ်ဆက်တိုက် ရပ်နားထားသည့် မြိတ်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအား ယခုနှစ်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း မြိတ်မြို့နယ် ဗုဒ္ဓဘာသာအသင်းကြီးထံမှ သိရသည်။ မြိတ်တွင် ကိုဗစ်ကပ်ဘေးဖြစ်‌ပေါ်ပြီးနောက် ၂၀၂၀ ခုနှစ်မှစပြီး ၂၀၂၂ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် နှစ်ကျိပ် ရှစ်ဆူဘုရား ပူဇော်ပွဲ ရပ်နားထားခဲ့သည်။ ယခုနှစ်တွင်လည်း ကနဦးတွင် ပွဲမကျင်းတော့ဟုဆုံးဖြတ်ထားခဲ့ပြီးမှ ပြန်လည်ပြင်ဆင်ဆုံးဖြတ်ကာ ပွဲကိုပြန်ကျင်းပရန် စီစဉ်နေခြင်းဖြစ်ကြောင်း ဗုဒ္ဓဘာသာအသင်းကြီး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ထားဝယ်ကရော ကျင်းပတယ်။ ကော့သောင်းကလည်း ကျင်းပတာဆိုတော့ မြိတ်မှာလည်း ကျင်းပသင့်တယ်‌ဆိုပြီး မဖြစ်မနေ ကျင်းပရတာပါ” ဟု ၎င်းက ယနေ့ နိုဝင်ဘာလ ၇ရက်တွင် ပြောဆိုသည်။ ကနဦးတွင် အသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူ ဦးလှမောင်၏ နာရေးကိစ္စနှင့် အခြားအကြောင်းအရာများရှိသဖြင့် ပွဲမကျင်း ပတော့ဟု ဆုံးဖြတ်ထားကြောင်း အသင်းဝင်တစ်ဦးက အောက်တိုဘာလ […]

သထုံတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးသုံးဦးသေဆုံး

Dawei Watch

November 7, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကလေးသုံးဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ နိုဝင်ဘာလ ၅ ရက် ညနေ ၃ နာရီခန့်က ကင်မွန်းချုံကျေးရွာအရှေ့ဘက်ရှိ လယ်ကွင်းတွင် နွားစာမြက် ရိတ်သွားသည့် အသက် ၁၃ နှစ်အရွယ် ကလေးသုံးဦးသည် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အဆိုပါ ကလေးသုံးဦး၏ ရုပ်အလောင်းတို့ကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက ကင်မွန်းချုံကျေးရွာရှိ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းနင်းမိပေါက်ကွဲမှုကြောင့် လူထိခိုက်သေဆုံးမှုများ ရှိလာသဖြင့် လက်ရှိတွင် ဒေသခံပြည်သူများ ရွာပြင်ထွက် သွားလာရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီဘက်မှာ အဲဒီလိုမျိုး မိုင်းနင်းမိတာတို့ ပေါက်ကွဲတာတို့ မရှိဖူးတော့ ထိတ်လန့်နေကြတာပေါ့။ အခုဆိုရင် […]