ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တောင်ပိုင်းဒေသတွင် စစ်ရေးအရှိန်မြှင့်မည်ဟု တော်လှန်ရေးအဖွဲ့များဆို

Dawei Watch

January 18, 2024

မွန်ပြည်နယ်တောင်ပိုင်းဒေသတွင် စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သတိထားသွားလာကြရန် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။ ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများကဆိုသည်။ မကြာမီကာလအတွင်း မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်မြို့နယ်များတွင် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုသည်။ စစ်ရေးအရှိန်မြင့်လာမည် ဖြစ်သည့်အတွက် ပြည်သူများအနေနှင့် စစ်ကောင်စီတပ်စခန်းများ အနီးသွားလာနေထိုင်ခြင်းများ မလုပ်ရန်၊ မလိုအပ်ဘဲ ခရီးသွားလာမှုများ မလုပ်ရန်၊ မဖြစ်မနေ သွား လာနေထိုင်ရပါကလည်း စစ်ရေးသတင်းနားထောင်ရန်နှင့် ဗုံးခိုးကျင်းများ တူးဖော်ထားကြရန် တိုက် တွန်းထားသည်။ ရေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ကလည်း ယခုရက်ပိုင်းအတွင်း ဒေသခံပြည်သူများ အသွားအလာသတိပြုကြရန် ဇန်နဝါရီလ ၁၅ ရက်နေ့က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။ […]

သိမ်ဇရပ်တွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

Dawei Watch

January 18, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကျောက်ပုံကြီးကွင်းနှင့် သုံးခွကျေးရွာများသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ဇော်ဇော်အောင်နှင့် အသက် ၁၉ နှစ်အရွယ် မောင်လှမျိုးထွေးတို့ ပေါင်နှင့် ကျောတို့တွင်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ “ဘာတိုက်ပွဲမှ မရှိဘဲ ကျေးရွာထဲ လက်နက်ကြီးပစ်တာ၊ ရွာအရှေ့ဘက်ခြမ်းက ဦးလေးတို့ နေအိမ်အနီး လက်နက်ကြီးကျသွားတာ၊ ကောင်လေးနှစ်ယောက်ထိသွားတယ်။ […]

ကော့သောင်း ခက်ရင်းခွကျွန်းတွင် ပုလဲမွေးမြူရေးဧရိယာတိုးချဲ့ရန် စစ်ကောင်စီ စီစဉ်

Dawei Watch

January 18, 2024

စစ်ကောင်စီသည် ကော့သောင်းမြို့နယ် ခက်ရင်းခွကျွန်းအနီး ရေပြင်တွင် ပုလဲမွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။ ခက်ရင်းခွကျွန်း၏ အရှေ့မြောက်ဘက်ရှိ ရေပြင်ဧရိယာ ၂၅၅ ဧကပေါ်တွင် မုတ်ကောင် မွေးမြူရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန် ပြည့်စုံထက်မြင့် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်စစ်ခြင်း (IEE) လုပ်ငန်းစဉ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း အစီစဉ်များကို ဇန်နဝါရီလ ၁၁ ရက်က ဇာဒက်ကြီးကျွန်းပေါ်ရှိ အမှတ် ၅၈ ရေတပ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ထိုပွဲသို့ စီမံကိန်း‌အကောင်အထည်ဖော်မည့် ပြည့်စုံထက်မြင့် ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးခိုင်ကျော်၊ ကနဦး ပတ်ဝန်ကျင်ဆန်းစစ်ခြင်းလုပ်ငန်းတာဝန်ယူထားသည့် EGuard Environmental Service အဖွဲ့မှ အုပ်ချုပ်မှူအဖွဲ့ဒါရိုက်တာ ဦးအေးသီဟနှင့် စစ်ကောင်စီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပုလဲမွေးမြူထုတ်လုပ်ရေးကုမ္ပဏီ ၁၂ […]

တနင်္သာရီပကဖ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

Dawei Watch

January 18, 2024

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားနေကြောင်း မြို့နယ်ပကဖ၏ ဆေးမှူးတာဝန်ခံက ပြောသည်။ ဇန်နဝါရီလဆန်းမှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် လူဦးရေ တစ်ရာကျော် ရှိသည့်အနက် ခြောက်ဆယ်ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။ အဆိုပါကျေးရွာမှာ တနင်္သာရီမြစ်နှင့် နီးကပ်ပြီး အပူချိန်မြင့်တက်လာချိန်တွင် ရေခမ်းခြောက်လေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။ “ရေနဲ့လည်းဆိုင်တယ်။ အပူချိန်မြင့်လာတော့ ရေခမ်းခြောက်လေ့ရှိတယ်။ မြစ်ရေသုံးတဲ့အခါမှာ ရေကို ကျိုချက်ပြီး မသောက်တဲ့အချိန်ကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ပေါ့” ဟု အဆိုပါ ဆေးမှူးက ပြောသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အဆိုပါကျေးရွာမှာ PDF စိုးမိုးနေရာတွင်တည်ရှိသဖြင့် အခြားမြို့များတွင် ဆေးကုသရန် သွားပါက စစ်ကောင်စီတပ်ဂိတ်များက အစစ်အဆေးတင်းကြပ်လေ့ရှိကြောင်း အထက်ပါဆေးမှူးက ဆိုသည်။ လက်ရှိတွင်ပင် ဆေးကုသနေရသူ ဆယ်ဦးဝန်းကျင်ရှိနေပြီး ဝမ်းပျက်ဝမ်းလျှောနှင့် ပတ်သက်သည့် ဆေးဝါးလိုအပ်ချက် […]

ထိုင်းက စစ်ကောင်စီနှင့် ညှိနှိုင်းပြီး လူသားချင်းစာနာမှုအကူအညီပေးမည်ဟုဆို

Dawei Watch

January 18, 2024

ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်ရောက်ရှိနေသော ထိုင်းဒုဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့တွင် ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သော Parnpree Bahiddha-nukara က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို မြှင့်တင်နိုင်ရန်လည်း ထိုင်းနိုင်ငံသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက်လည်း စေ့စပ်ညှိနှိုင်းကြရန် လိုအပ်ကြောင်း ၎င်းက ဆိုခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း လိုအပ်သလို […]

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ရန် မဘသဘုန်းကြီးတောင်းဆို

Dawei Watch

January 18, 2024

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို စွန့်လွှတ်ပြီး အရပ်ဖက်ဝန်ကြီးချုပ် တာဝန်သာယူရန် စစ်တပ်ထောက်ခံပွဲတွင် မဘက ဘုန်းကြီးတစ်ပါးဖြစ်သည့် ပေါက်ကိုယ်တော် အရိယာဝံသက တောင်းဆိုလိုက်သည်။ စစ်တက္ကသိုလ်ရှိသည့် မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင် ဇန်နဝါရီလ ၁၆ ရက်က ကျင်းပသည့် စစ်တပ်ထောက်ခံပွဲ အခမ်းအနား စင်မြင့်ထက်မှ ပေါက်ကိုယ်တော်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အရပ်ဖက်ဝန်ကြီးချုပ် ရာထူးနှင့် ပိုမိုသင့်တော်ပြီး တပ်ချုပ်နေရာအတွက် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပိုမိုသင့်လျော်ကြောင်း ၎င်းက ဆိုသည်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “အရပ်ဖက် ဝန်ကြီးချုပ်ရာထူးတစ်ခုတည်း ပေးလိုက်ရင် မကောင်းဘူးလား” ဟု ပေါက်ကိုယ်တော်က စင်မြင့်ထက်မှာ ပြောဆိုချိန် စစ်တပ်ထောက်ခံသူများက “ကောင်းပါတယ်” ဟု ဟစ်ကြွေး ထောက်ခံခဲ့ကြသည်။  မဘသနှင့် စစ်တပ်ထောက်ခံသူများမှာ စစ်ခေါင်းဆောင်များအလိုကျ လုပ်ဆောင်ကြသူများဖြစ်သဖြင့် ယခုကဲ့သို့ ပြောဆိုခြင်းမှာ  ကြိုတင်ဇာတ်တိုက်ပြီး ပြောဆိုခြင်းသာဖြစ်ကြောင်း၊ […]

မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

January 18, 2024

မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့(ဇန်နဝါရီ ၁၈) နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်နေကြောင်းသိရသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှသိရသည်။ တိုက်ပွဲကြောင့် ခရီးသွားပြည်သူများ တစ်နာရီကျော်ကြာ ပိတ်မိနေခဲ့ပြီး အရပ်သား တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ တိုင်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခု ၁၀ နာရီ ခွဲအချိန်ခန့်တွင်တော့ ခရီးသွားပြည်သူများ ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း စစ်ကောင်စီတပ်နှင့် PDF တပ် တို့မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

လက်အောက်ငယ်သားအပေါ် ကိုယ်ထိလက်ရောက်ပြုမူသည့် ပုလော PDF ဒုတပ်ရင်းမှူးကို ရာထူးမှယာယီရပ်ဆိုင်း

Dawei Watch

January 17, 2024

လက်အောက်ငယ်သားနှစ်ဦးအပေါ် ကိုယ်ထိလက်ရောက်ပြုမှုခဲ့သည့် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဒုတပ်ရင်းမှူး ကျော်ထင်အောင်ကို ရာထူးမှ ယာယီရပ်ဆိုင်းထားကြောင်း ယင်းတပ်ရင်း၏ တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဒုတပ်ရင်းမှူးကိစ္စကို KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်း ဦးဆောင်ကာ တပ်ဖွဲ့အတွင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဒုတပ်ရင်းမှူးကို တစ်လယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တိုင်ကြားရေးကော်မတီကလည်း စုံစမ်းစစ်ဆေးနေကြောင်း စစ်ဒေသခွဲ အမှတ် (၃) ၊ ဒုစစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာက ဆိုသည်။ “စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း တာဝန်ကနေ ယာယီရပ်ဆိုင်းပါမယ်။ ပြီးရင် စုံ/ခုံနဲ့ စစ်ပါမယ်” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်က […]