လူမှုကွန်ရက်တွင် နိုင်ငံရေးအကြောင်း ရေးသားမျှဝေပါက အရေးယူမည်ဟု ရဲတပ်ဖွဲ့ခြိမ်းခြောက်
Dawei Watch
January 20, 2024ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံရေးနှင့်ဆိုင်သည့် အကြောင်းအရာများ ရေးသားမျှဝေလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ကော့သောင်းမြို့ခံများကို ဖိအားပေးခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ ကော့သောင်းမြို့ရှိ စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောသည့်ပုံစံဖြင့် ရဲတပ်ဖွဲ့က သွားရောက်ပြီး ယင်းသို့ထည့်သွင်းဟောပြောသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ “ကိုယ်တိုင်တော့မတက်ဘူးဗျ။ ဒါပေမဲ့ပြန်ကြားရတာပေါ့နော်။ အဲဒီအင်တာနက်ပေါ်ကို မီဒီယာတွေကနေပြီး သတင်းတင်နဲ့ဟာတွေ သတင်းအမှားတွေပေါ့နော်။ အဲဒါတွေကို မသိဘဲနဲ့ဖြစ်ဖြစ် ကိုယ်ကပြန်တင်မိရင် အရေးယူခံရနိုင်တယ်ဆိုတဲ့ ပုံစံမျိုးပြောသွားတယ်တဲ့” ဟု မြို့ခံတစ်ဦးကဆိုသည်။ သတင်းအတု၊ သတင်းအမှားများ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို တားဆီးအရေးယူနိုင်ရန်အတွက် ရဲတပ်ဖွဲ့တွင် အဖွဲ့ဖွဲ့ပြီးစောင့်ကြည့်သွားမည်ဟု ပြောဆိုခဲ့သည်။ ထိုကဲ့သို့ လိုက်လံဖိအားပေးခြင်းကို ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးအောင်မျိုးသန့်က ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့ခံတို့ကဆိုသည်။ ယင်းမှာ ပြည်သူတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခြင်းဖြစ်ကြောင်း အခြားမြို့ခံတစ်ဦးကဆိုသည်။ “ဒီအတိုင်းဆိုရင် လမ်းသွားရင် ဖုန်းတောင်ယူမသွားရဲမှာ မဟုတ်တော့ဘူး။ ဘယ်ရှုထောင့်ကကြည့်ကြည့် […]


