လောင်းလုံး ကမ္ဘာ့ရတနာဘဏ် ရက်အကန့်အသတ်မရှိပိတ်
Dawei Watch
November 25, 2023လောင်းလုံးမြို့ပေါ် ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် ဘဏ်ရှိပစ္စည်းများကိုဖြုတ်ပြီး ထားဝယ်မြို့ဘက်ကို သယ်ယူနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။ “ပစ္စည်းတွေအကုန်သယ်နေကြတယ်။ မနေ့ကတည်းက သယ်နေကြတာ” မျက်မြင်တွေ့သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။ လောင်းလုံးမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့မရဲစခန်းနှင့် ကပ်လျက်ဖွင့်ထားခြင်းဖြစ်သည်။ မေလ ၂၃ ရက်က လောင်းလုံးမြို့မရဲစခန်းအပါအဝင် လဝကရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံတို့ တစ်ပြိုင်နက်စီးနင်းတိုက်ခိုက်ခံရဖူးသည်။ ယင်းအချိန်က ကမ္ဘာ့ရတနာဘဏ်က လုံခြုံရေး ဝန်ထမ်းတစ်ဦးဖမ်းဆီးစစ်ဆေးခံရပြီး တစ်လခန့်အကြာတွင်ပြန်လွတ်မြောက်လာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ယခုလည်း လုံခြုံရေးစိတ်မချရသဖြင့် ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းဘဏ်နှင့်ချိတ်ဆက်ပြီး မကြာခဏ ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့ကို ကြိုပြီးဖုန်းဆက်ပြီးခေါ်တယ်။ ငွေလွှဲဝင်ထားတဲ့ ပိုက်ဆံကြိုလာထုတ်ထားဖို့။ ဘဏ်ပိတ်တော့မယ်။ ဒီမှာက နယ်မြေမအေးချမ်းလို့ […]


