ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်-တနင်္သာရီလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ

Dawei Watch

November 27, 2023

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဥ်တန်းမိုင်းဆွဲခံရကြောင်း မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်တပ်ရင်း(၂)နှင့် ဒေသခံများ ထံမှသိရသည်။ နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က တနင်္သာရီဘက်မှ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း(၁)မှ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးဒဏ်ရာရရှိသွားကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်တွင် ရုပ်သံဖိုင်တစ်ခုလည်းပါရှိပြီး ယင်းရုပ်သံဖိုင်တွင် သေနတ်ပစ်ခတ်သံများသာ ကြားနေရသည်။ “လေးဦးဒဏ်ရာရပြီး လူနာတင်ယာဥ်နှစ်စီးနဲ့ လာတင်သွားတယ်လို့ သိရတယ်။ သူတို့စီးလာတဲ့ကားက ကျောက်တင်တဲ့ အရပ်သားကားပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကပြောသည်။ မိုင်းဆွဲသည့်တည်နေရာကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း ဒေသခံများအား စုံစမ်းမှုအရ ပြည်ထောင်စုလမ်းရှိ ညောင်ပင်ကုန်းရွာအနီးတွင် ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁)သည် မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ ၁၊ တနင်္သာရီပကဖ ဘက်မလိုက်ပြောက်ကြားအဖွဲ့၊ […]

မြိတ်တွင် ကိုးတန်းကျောင်းသူတစ်ဦး ပုဆိန်ဖြင့်အခုတ်ခံရ၍ သေဆုံး

Dawei Watch

November 27, 2023

မြိတ်မြို့နယ် တောင်ရှည်ကျေးရွာတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ရှစ်နာရီအချိန်က ပုဆိန်ဖြင့်အခုတ်ခံရ၍ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်‌ဦး သေဆုံးခဲ့ရကြောင်း ယင်းရွာသားများထံမှ သိရသည်။ တောင်ရှည်ရွာရှိ ကျောင်းဆရာမတစ်ဦး၏ နေအိမ်အပေါ်ထပ်တွင် ဖုန်းသုံးနေသည့် ကိုးတန်းကျောင်းသူကို အသက် ၃၀ ကျော်အရွယ် ဆရာမ၏အမျိုးသားဖြစ်သူက ပုဆိန်တစ်လက်ဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောပြသည်။ “ကပ်ပ(ပုဆိန်)နဲ့ ခေါင်းကိုခုတ်ပြီး အိမ်အောက်ကို ဆွဲပစ်ချလိုက်တာ” ဟု တောင်ရှည်ရွာသားတစ်ဦးက ပြောသည်။ အဆိုပါကိုးတန်းကျောင်းသူမှာ ယင်းအိမ်၏ အရှေ့အိမ်တွင်နေထိုင်ခြင်းဖြစ်ပြီး မြေးဖြစ်သူ ပုဆိန်ဖြင့် အခုတ်ခံရသည်ကို တွေ့သဖြင့် ပြေးလာသော အဘိုးကိုလည်း ထပ်မံခုတ်ခဲ့ကြောင်း ‌တောင်ရှည်ရွာသားက ပြောပြသည်။ “မြေးမလေးကို ဝင်ကယ်တဲ့ အဖိုးကလည်း ခုတ်ခံထိလို့ ဆေးရုံပို့ထားရတယ်” ဟု ‌တောင်ရှည်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

မြိတ်တွင် ညဘက်ထွက်သူများကို ဖမ်းဆီးမှုဆက်တိုက်ရှိနေပြီး တစ်ရက်ဆယ်ဦးခန့် အဖမ်းခံရ

Dawei Watch

November 26, 2023

မြိတ်မြို့တွင် ညဘက်အပြင်ထွက်သူများကို ဖမ်းဆီးမှုဆက်တိုက်ရှိနေပြီး တစ်ရက် ဆယ်ဦးခန့် အနည်းဆုံး အဖမ်းခံရကြောင်း ပြန်လွတ်လာသူအချို့ထံမှ သိရသည်။ မြိတ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် ညဘက်ထွက်သူများကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး မှောင်ရိပ်ခိုမှုဖြင့် ထောင်တစ်လ ချမှတ်နေခြင်းဖြစ်သည်။ “ထောင်ထဲမှာ နေ့တိုင်း အဝင်အထွက်ရှိတယ်။ အဝင်အထွက် မရှိတဲ့နေ့တောင် မရှိဘူး” ဟု မြိတ်တောင်နယ်မြေအတွင်းရှိ ရပ်ကွက်တစ်ခုမှ မှောင်ရိပ်ခိုမှုဖြင့် ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။ အောက်တိုဘာလအတွင်းက ညဘက် အရက်ဆိုင်မှအပြန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကားပေါ်တွင် ၎င်းအပါအဝင် ဖမ်းဆီးခံထားရသူ ဆယ်ဦးကျော်ခန့်ရှိကြောင်း ပြောပြသည်။ မှောင်ရိပ်ခိုမှုဖြင့် ဖမ်းဆီးခံရသူများကို ရဲစခန်းတွင် တစ်ညထားပြီး နောက်တစ်ရက်တွင် မြို့နယ်တရားရုံးသို့ ပို့ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ကြောင်း မှောင်ရိပ်ခိုမှုဖြင့် ပြန်လည်လွတ်မြောက်လာသူအချို့က ပြောပြသည်။ […]

စိုးရိမ်မှုများကြားက ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

Dawei Watch

November 26, 2023

ထားဝယ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းမှစတင်ကာ အပူဇော်ခံ လှည့်လည်နေပြီဖြစ်သည်။ ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည့် ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမှာ ပုံမှန်အားဖြင့် ညဘက်တွင်ကျင်းပကြသော်လည်း ယခုနှစ်တွင် နံနက်ပိုင်းသို့ပြောင်းရွှေ့ ကျင်းပနေခြင်းဖြစ်သည်။ ယနေ့ဘုရားလှည့်ပွဲမတိုင်ခင် နံနက် ၆ နာရီဝန်းကျင်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားအနီးတွင် လက်နက်ကြီးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သေးသည်။ မြို့ထဲတွင်မူ စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့်လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည်။ ယင်းအပြင် အရတ်ဝတ်လက်နက်ကိုင် အချို့ကိုလည်း တွေ့ရသည်ဟု မြို့ခံအချို့ကဆိုသည်။ ပေါက်ကွဲသံထွက်ပေါ်လာခြင်းကြောင့် ဘုရားလှည့်လိုက်မည့်သူများမှာ စိုးရိမ်နေခဲ့သော်လည်း ဘုရားလှည့်ပွဲကိုမူ စီစဉ်ထားသည့်အတိုင်း မြို့တွင်းအပူဇော်ခံကြွချီနေပြီဖြစ်သည်။ ယင်းဘုရားပွဲတော်ကို ကိုဗစ်နှင့်အာဏာသိမ်းမှုနောက်ပိုင်း မကျင်းပဖြစ်တော့ဘဲ ပြီးခဲ့သည့်နှစ် (၂၀၂၂ ခုနှစ်)တွင်မူ ဘုရားကြီးဝင်းအတွင်း နေ့ဘက်လှည့်လည်ကျင်းခဲ့သည်။ ယခု ၂၀၂၃ ခုနှစ်တွင်တော့ မြို့တွင်းသို့ နေ့ဘက်လှည့်လည် အပူဇော်ခံနေခြင်းဖြစ်သည်။ ယနေ့ တန်ဆောင်မုန်းလဆန်း […]

ဘုရားလှည့်ပွဲနေ့ ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်​​ပေါက်ကွဲသံများထွက်ပေါ်

Dawei Watch

November 26, 2023

ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကျင်းပနေချိန် မြို့အဝင်စစ်ဆေးရေးဂိတ်ဖက်မှ ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်လာကြောင်း ဒေသခံအချို့ကပြောသည်။ ထားဝယ်- မြိတ် ကားလမ်းမ၊ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ လက်နက်ကြီးဆယ်ချက်လောက်ကြားရတယ်။ လက်နက်ငယ်အသံကအများကြီးပဲ” ဟု ပေါက်တိုင်းရွာသားတစ်ဦးက ပြောသည်။ ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။  ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်ပြီးနောက် ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး  လက်နက်ကိုင်ဆောင် ထားသူများ လိုက်ပါလာသည့်ကားတစ်စီး နှင့်ဆိုင်ကယ်သုံးစီး လမ်းမပေါ်ဖြတ်သန်းသွားသည်ကို မြင်ရကြောင်း ဒေသခံများကဆိုသည်။ ပေါက်တိုင်းတံတားကိုလည်း ယာယီပိတ်ထားလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်ရှိတွင် ထားဝယ်မြို့ထဲ၌ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေကြောင်း မြို့ခံအချို့ကဆိုသည်။ ထားဝယ်ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုကတည်းက ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင်  အကာအကွယ်များတိုးချဲ့ထားခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။  ယင်းအပြင် ကျောက်ရပ်ရွာ ရွာလယ်ဇရပ်ရှိပျူစောထီးနှင့် စစ်ကောင်စီတပ်များလည်း သွားရောက် ပူးပေါင်းကာအင်အားတိုးချဲ့ထားကြောင်းဒေသခံများကပြောသည်။ ပစ်ခတ်သံများထွက်ပေါ်လာခြင်းကြောင့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ စစ်ဆင်ရေး ထပ်မံတိုးမြှင့်မယ်လို့ မြောက်ပိုင်းမဟာမိတ်ပြော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နောက်တစ်ဆင့်တက်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေး ရောက်ရှိတဲ့ ဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး စစ်ကောင်စီတပ်ရဲ့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ကုန်းတွေ၊ နေရာတွေကို […]

ပလမြို့ခံ အမျိုးသားတစ်ဦးကို PDF တပ်က လာရောက်ဖမ်းဆီး

Dawei Watch

November 25, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က အမျိုးသားတစ်ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်က လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာတပ်ဖွဲ့ထံမှသိရသည်။ နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က ပလမြို့တွင်းသို့ PDF တပ်ဖွဲ့ဝင်အချို့ဝင်လာပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ “အဖမ်းခံရတာက အမှတ်(၃)ရပ်ကွက်က ဦးဟင်အေး လို့ပြောတယ်။ စစ်တပ်ကို သတင်းတွေ ဘာတွေပေးတာလုပ်သလား မသိရသေးဘူး” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပလမြို့နေ စစ်ကောင်စီသတင်းပေးဟု သံသယရှိသူတစ်ယောက်အား ခေါ်ယူစစ်ဆေးနေကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက အတည်ပြုသည်။ “လောလောဆယ် ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေဆဲပါ” ဟု ၎င်းက ပြောသည်။ ဦးဟင်အေးအား ဖမ်းဆီးခေါ်ဆောင်ပြီး […]

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံအချို့ကို ဖမ်းခေါ်

Dawei Watch

November 25, 2023

ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်က ပကာရီရွာသားနှင့် ပခပ်ရွာသား အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၅ရက် နံနက် ၅ နာရီခန့်က မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်က ပကာရီကျေးရွာကို ရောက်ရှိနေပြီး တောလမ်းကနေ စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်နေသည်ဟု ဒေသခံအချို့က ပြောသည်။ အဆိုပါ စစ်ကြောင်းသည် တောလမ်းကနေ စစ်ကြောင်းထိုးသွားနေပြီး ဥယျာဉ်ခြံထဲမှာတွေ့သည့် ပကာရီရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ဖမ်းထားတဲ့ လူတွေကို ရိက္ခာသယ်ခိုင်းတာလည်း မတွေ့ရဘူး။ ဒီအတိုင်း ကာဗာယူဖို့ ခေါ်ထားတဲ့ပုံစံပဲ။ လမ်းပြလုပ်ခိုင်း ရအောင်ကလည်း ဒီလမ်းတွေက သူတို့သိနေတဲ့ သွားနေကြလမ်းတွေပဲ။ အခုလာတဲ့စစ်ကြောင်းမှာ အသက်ကြီးကြီး […]