ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နှစ်သစ်ကူးချိန် တနင်္သာရီ ညောင်ပင်ကွင်းရွာတွင် လက်နက်ကြီးကျ၍ နေအိမ် ၇ လုံးပျက်စီး

Dawei Watch

January 1, 2024

တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းရွာ ၊ အရှေ့ဘက်ကမ်းတွင် နှစ်သစ်ကူးချိန် (ဒီဇင်ဘာ ၃၁ ည ၁၂ နာရီဝန်းကျင်)၌ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း ရွာသားများထံကသိရသည်။ “ ၁၂ နာရီအတိမှာ လက်နက်ငယ်အသံတွေကြားပြီးတဲ့နောက် ၊ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ် ” ညောင်ပင်ကွင်း ရွာသားတစ်ဦး ကပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းကို သွားရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ကျေးရွာတွင်းသို့ ပြန်လည်ပစ်ခတ်ခဲ့ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၇ လုံးခန့် ပျက်စီးသွားပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ဒေသခံများကပြောသည်။ ဇန်နဝါရီလ မနက်ပိုင်းတွင်မူ ညောင်ပင်ကွင်းရွာအတွင်း […]

သရက်နှစ်ခွကျေးရွာတံတားက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

Dawei Watch

January 1, 2024

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း နှစ်သစ်ကူးည သန်းခေါင်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းအပြင် သရက်ချောင်းဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ထားဝယ်-မြိတ် သွားကားလမ်းပေါ်ရှိ ပိန်းတောရွာ၊ မဲနယ်အိုးရွာ၊ ပန်းပြင်ရွာ လမ်းတစ်လျောက်တွင် အခြားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံရွာသားအချို့က ပြောသည်။ ပိန်းတောရွာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ကျည်ဆန်ထိမှန်မှုများရှိခဲ့သည်ဟု ပိန်းတောကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အိမ်တွေမှာ ကျည်ထိတာတွေရှိတယ်၊ ရွာသားတွေထိခိုက်မှုတော့မကြားရဘူး၊ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့တော့ကြားတယ်၊ အသေးစိတ်တော့မသိဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။ ယနေ့မနက်တွင် ပန်းပြင်ရွာ၌ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သရက်နှစ်ခွရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်-မြိတ်ကားလမ်းတစ်လျောက်တွင် ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုသည် ၂ နာရီခန့်ရှိပြီး […]

ထားဝယ်မြို့တွင် တစ်ရက်တည်း လူနှစ်ဆယ်နီးပါး ခွေးရူးကိုက်ခံရ

Dawei Watch

January 1, 2024

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်နှင့် တလိုင်းထိန်ရပ်ကွက်တို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က လူ ၁၈ဦးထက်မနည်း ခွေးရူးကိုက်ခံရကြောင်း ရပ်ကွက်နေထိုင်သူများထံက သိရသည်။ “ခွေးက တစ်ကောင်တည်းပဲ။ မြောင်းပုလဲသိမ်တော်ကြီးဘုရားရှေ့ကနေစပြီး တောက်လျှောက် ကိုက်သွားတယ်။ ပြီးတော့ တလိုင်းမဘက်ရောက်ပြီးထပ်လိုက်ကိုက်နေတယ်။ ကမ်းနားလမ်းဘက် ဆင်းသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အကိုက်ခံရသူများတွင် အမျိုးသားပိုများပြီး ဇနီးသည် အကိုက်ခံရသည်ကို ထွက်ကူသည် ခင်ပွန်းသည် အကိုက်ခံရသည်လည်း ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ရှိ ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးကလည်း ၎င်း၏ဆေးခန်းတွင် ဒီဇင်ဘာလ ၂၉ ရက် တစ်ရက်တည်း ခွေးရူး ကာကွယ်ဆေးလာထိုးသူ ရှစ်ဦးရှိကြောင်း ပြောသည်။ “ခွေးတွေက မိတ်လိုက်တဲ့ရာသီကနေ မတ်လလောက်အထိ ခွေးရူးပြန်တဲ့ ရောဂါပိုးရှိတယ်လေ။ ကိုက်ခံရပြီး ဆေးလာထိုးတဲ့ သူကတော့ ပြဿနာမရှိဘူး။ တချို့က […]

နှစ်သစ်ကူးည လောင်းလုံးသပိတ်

Dawei Watch

January 1, 2024

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်၍ နှစ်သစ်ကိုကြိုဆိုသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုကို ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညတွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ တပ်ရင်း ၂ ခုကို နှစ်သစ်ကူးစစ်ဆင်ရေးအဖြစ် ပြိုင်တူတိုက်ခိုက်

Dawei Watch

January 1, 2024

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုများက ရေးမြို့အခြေစိုက် အမှတ် ၅၉၁ နှင့် အမှတ် ၅၈၃ ခြေမြန်တပ်ရင်း နှစ်ခုကို ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းတွင် နှစ်သစ်ကူးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ပါသည်။ “ဒရုန်းနဲ့အရင်ဝင်ပစ်တယ်။ တပ်ရင်းနှစ်ခုစလုံးကိုပေါ့ သိပ်တော့မဝေးဘူး။ ရှေ့ကင်းကနေရော နောက်ကျောကနေရာ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ အာပီဂျီနဲ့လည်းလှမ်းထုတယ်။ ၆၀ မမနဲ့လည်း ပစ်ခဲ့တယ်” ဟု စစ်ဆင်ရေးမှာပါဝင်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး ကပြောသည်။ စစ်ဆင်ရေးမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၆ နာရီ မိနစ် ၃၀ အထိ ၁ နာရီကျော်ကြာခဲ့ပြီး တိုက်ခိုက်မှုအပြီး ရေးမြို့အဝင်မှ ကျောင်းရွာအထိ […]

မောင်းမကန်လမ်းတွင် သုံးဘီးအချင်းချင်းတိုက်မိပြီး လေးဦးဒဏ်ရာရ

Dawei Watch

December 31, 2023

လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်း တောရှည်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က သုံးဘီးယာဥ်နှစ်စီးတိုက်မိပြီး လေးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန်ကမ်းခြေဘက်မှ အုန်းသီးများ တင်ဆောင်လာသော သုံးဘီးယာဉ် ဘရိတ်ပေါက်၍ ထားဝယ်မြို့ဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ဆောင်လာသော သုံးဘီးကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ဆောင်လာသော သုံးဘီးယာဥ်မောင်း အပါအဝင် လေးဦး ဒဏ်ရာရခဲ့ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောဆိုသည်။ “တောင်အဆင်းဆိုတော့ ဘရိတ်ပေါက်ပြီး ဝင်တိုက်မိကြတာ။ အုန်းသီးတင်ထားတဲ့ သုံးဘီးမောင်းသမား လင်မယားကတော့ ဘာမှမဖြစ်ဘူး ။ နောက်တစ်စီးမှာပဲ လေးယောက်လောက် ဒဏ်ရာရတယ်။ သုံးဘီးမောင်းသမားနဲ့ ဘေးမှာ ထိုင်လိုက်လာတဲ့ ကောင်လေးတစ်ယောက်မှာတော့ လက်နဲ့ခြေထောက်မှာ နာတာများတယ်” ဟု ၎င်းက ပြောသည်။ ဒဏ်ရာရသူများကို […]

လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများ

Dawei Watch

December 31, 2023

လေးသွန်းခံကျေးရွာမှ နေအိမ်မီးရှို့ခံရသူများကို ယနေ့နံနက်ပိုင်းက မြင်တွေ့ရစဉ်။ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် နေအိမ်မီးရှို့ခံရမှုများ ဆက်တိုက်ရှိနေခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းက လောင်းလုံးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ကျော်အကွာတွင်ရှိသော လေးသွန်းခံရွာမှ နေအိမ် ၁၁ လုံးခန့် မီးရှို့ခံခဲ့ရသည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 30, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော် မိုင်းအန္တရာယ်ရှိ မြန်မာနိုင်ငံရဲ့ မြို့နယ်ထက်ဝက်ကျော်ဟာ မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နေပြီး ပြီးခဲ့တဲ့ ၂၂ နှစ်တာကာလအတွင်းမှာ မိုင်း​ကြောင့် လူတစ်ထောင်ကျာ် သေဆုံးခဲ့ရသလို ငါးထောင်နီးပါးလည်း ဒဏ်ရာရခဲ့ပါတယ်။ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြတာပါ။ အာဏာသိမ်းပြီးနောက်မှာ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေပါတယ်။ ၂၀၂၀ နဲ့ နှိုင်းစာရင် […]