တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
December 23, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကုလမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာ စစ်ကောင်စီကိုယ်စားပြုခွင့် ဆက်လက်ဆုံးရှုံးသွားပါတယ်။ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံကိုယ်စားပြုမယ့်သူတွေ ရွေးချယ်ရေးအဆိုကို ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် စိစစ်ရွေးချယ်ရေးကော်မတီက ထပ်မံဆိုင်းငံ့လိုက်တယ်လို့ ဒီဇင်ဘာလ ၁၈ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေတာပါ။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုစားပြုသူအတွက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးနဲ့ စစ်ကောင်စီတို့က အပြိုင်တင်သွင်းထားတာပါ။ ကိုယ်စားလှယ်ရွေးချယ်ရေးအဆိုကို ၂၀၂၂ မှာ ဆိုင်းငံ့ခဲ့သလို အခုလည်း […]


