ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၇၅ ဦး ဖမ်းဆီးခံရ

Dawei Watch

September 8, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၈ ရက် နေ့လယ် ၁၂ နာရီခန့်က ကန်ချနဘူရီမြို့ ကဲ့စီယမ်ဒေသ လမ်းမကြီးဘေးရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ရှိနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ နောက်ထပ် ကားသုံးစီးကလည်း မြန်မာနိုင်ငံသားများကို တင်ဆောင်ရန် လမ်းဘေးတွင် ရပ်ထားသည်ကို တွေ့ရှိခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်း ဆိုသည်။ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် ကားသုံးစီးမှာ မောင်းပြေးသဖြင့် နောက်ကလိုက်လံဖမ်းဆီးခဲ့သော်လည်း မိုးသည်းထန်လာသဖြင့် ကားသုံးစီးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။ အနီးရှိ တောထဲကို စစ်ဆေးရာ မိုးရေထဲ ပုန်းနေကြသော မြန်မာနိုင်ငံသား အမျိုးသား ၅၂ ဦး၊ အမျိုးသမီး […]

ထိုင်းတွင် မြန်မာဇနီးမောင်နှံနှစ်ဦး တန်ဖိုး ဘတ်ရှစ်သောင်းခန့် အလစ်သုတ်ခံရ

Dawei Watch

September 8, 2025

ထိုင်းနိုင်ငံ၊ ခွန်ကယ်ခရိုင်တွင် မြန်မာဇနီးမောင်နှံနှစ်ဦးသည် အလုပ်မှ အိမ်အပြန်လမ်းတွင် ပစ္စည်းနှင့် ငွေသားများ တန်ဖိုး ဘတ် ရှစ်သောင်းခန့် အလစ်သုတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၆ ရက် ည ၈ နာရီခန့်က ခွန်ကယ်မြို့ လမ်းတွင် အလစ်သုတ်ခံရသဖြင့် အသက် ၅၀ အရွယ် ဒေါ်ခင်စိန်သည် ဘန်းပေ့ရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်ကြားကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် ခင်ပွန်းသည်နှင့်အတူ ခွန်ကယ်မြို့ရှိ ဈေးထဲတွင် အင်္ကျီဆိုင်ဖွင့်ထားကြပြီး ၎င်းတို့နှစ်ဦးသည် ညဘက် ဆိုင်ကယ်ဖြင့် ဈေးမှတစ်ဆင့် အိမ်သို့ ပြန်လာခဲ့ကြောင်း ဆိုသည်။ ယင်းအချိန် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်စီးလာ၍ အနီးသို့ရောက်လာခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဆိုင်ကယ်ကို ခြေဖြင့် ကန်ခဲ့သဖြင့် လဲကျသွားခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။ […]

လာမယ့်သောကြာ ONE ပွဲမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲစဉ်တည်ပေး

Dawei Watch

September 8, 2025

ONE Championship က လာမယ့်သောကြာနေ့မှာ ကျင်းပဖို့ရှိတဲ့ ONE Friday Fights 124 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲအဖြစ် တည်ပေးလိုက်ပါပြီ။ မြန်မာဖိုက်တာ အဲမွီကို ထိုင်းဖိုက်တာ မမ်မို့နဲ့ ပွဲတည်ပေးထားတာပါ။ ဒီပွဲဟာ အဲမွီအတွက် အရမ်းကို အရေးကြီးပါတယ်။ အဲမွီဟာ အခုနောက်ပိုင်း ရလဒ်တွေ သိပ်မကောင်းလှပါဘူး။ နောက်ဆုံးထိုးခဲ့တဲ့ ၄ ပွဲမှာ မူဂါဆီတို ကို ကံကောင်းလို့ အနိုင်ရခဲ့တဲ့တစ်ပွဲကလွဲရင် ကျန်တဲ့ ၃ ပွဲကို အဲမွီ ရှုံးနိမ့်ထားပါတယ်။ အဲမွီ ဟာ Game Plan ပိုင်း အားနည်းလွန်းတာကြောင့် ဒီပွဲဟာ သူ့အတွက် အခက်တွေ့လာစရာ ရှိနေပါတယ်။ မာဂုဏ်ကို အားကိုးပြီး အတင်းဝင်ထိုးတဲ့ပုံစံကို အဲမွီ ဆက်သုံးရင် ရလဒ်ကောင်းဖို့က […]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြန်လာ

Dawei Watch

September 8, 2025

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ကိုယ်ပိုင်လေယာဉ်သည် ယနေ့ ညနေ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် စင်ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်အတွက်ဟုဆိုကာ စက်တင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် ကိုယ်ပိုင်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သက်ဆင်လိုက်ပါလာသော လေယာဉ်သည် စင်ကာပူလေဆိပ်သို့ ဆင်းသက်ခြင်းမရှိဘဲ လမ်းကြောင်းပြောင်း၍ ဒူဘိုင်းလေဆိပ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ကျန်းမာရေးစစ်ဆေးမှုခံယူမည်ကို အကြောင်းပြ၍ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားခဲ့သည်ဟု ပြည်သူများအကြား ပြောဆိုဝေဖန်မှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင်မူ သက်ဆင်၏ လေယာဉ်သည် ဒူဘိုင်းမှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့သည်ကို တွေ့ရသည်။ […]

ရေဖြူ၊ တောင်ရင်းအင်းရွာတွင် စစ်အာဏာရှင်တပ်က နေအိမ်နှစ်ဆယ်ခန့်မီးရှို့ပြီး ရွာသား နှစ်ဦးကိုဖမ်းဆီး

Dawei Watch

September 8, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က တောင်ရင်းအင်းရွာတွင် နေအိမ် ၂၀ ခန့်ကို မီးရှို့သွားကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၂၄ ရက်မှစ၍ စက်တင်ဘာလ ၂ ရက်အတွင်း ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်က ရွာလယ်ပိုင်းရှိ နေအိမ်နှစ်ဆယ်ကို မီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ” အကုန်လုံး နှစ်ဆယ်လောက်အရှို့ခံရတယ်။ ကျွန်တော့်အိမ်အပါအဝင် ဆယ်လုံးက လုံးဝပြာကျသွားတယ်။ ဘုန်းကြီးကျောင်းမှာ သွားထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း အင်ဂျင်ဝိုင်တွေ ဖောက်ပြီး သဲတွေထည့်ခဲ့တယ်။ ပစ္စည်းသယ်တာတော့ မရှိဘူး။ အကုန်ဖျက်ဆီးခဲ့တာပဲရှိတယ် “ ဟု အိမ်မီးရှို့ခံရသူတစ်ဦး ကပြောသည်။ စစ်အာဏာရှင်တပ်သားများသည် စက်တင်ဘာလ ၂ ရက်နေ့နောက်ပိုင်းတွင် ကျေးရွာအတွင်း နေထိုင်ခြင်း မရှိတော့သော်လည်း မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသဖြင့် […]

ရွေးကောက်ပွဲ လုပ်ခွင့်ပေးမည်မဟုတ်ဟု MNSP(AD) ထုတ်ပြန်

Dawei Watch

September 8, 2025

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/RMA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ဒေသနှင့် လှုပ်ရှားဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင်က ၎င်းတို့ရင်ဆိုင်နေရသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေရန် အတုအယောင် ရွေးကောက်ပွဲကို ကျင်းပခြင်းသာဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ NMSP-AD/RMA အနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင် တိုက်ဖျက်သွားမည်ဟု ပြောဆိုထားသည်။ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ရန် ပြုလုပ်သည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမည်ဟုလည်း ဆိုသည်။ စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခ ပိုမိုပြင်းထန်လာစေမည်ဖြစ်သည်ဟုလည်း NMSP-AD/RMA က ပြောဆိုထားသည်။ မွန်ပြည်သူလူထုအနေဖြင့်လည်း […]

ဂျပန်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

Dawei Watch

September 8, 2025

အသက် ၆၈ နှစ်အရွယ် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘာသည် ရာထူးမှ နုတ်ထွက်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေညာလိုက်သည်။ ကမ္ဘာ့စတုတ္ထအကြီးဆုံးဖြစ်သည့် ဂျပန်စီးပွားရေး မတည်မငြိမ် ဖြစ်နေချိန်တွင် ဝန်ကြီးချုပ် နုတ်ထွက်မှုကြောင့် အစိုးရမူဝါဒမှာ ကာလရှည် မရေရာသည့်အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ ဂျပန်အပေါ် ကုန်သွယ်စည်းကြပ်ခွန်များကို လျှော့ချပေးရန် အမေရိကန်အစိုးရနှင့် နောက်ဆုံးအသေးစိတ်အချက်များကို သဘောတူညီချက်ရယူနိုင်ခဲ့ပြီးနောက် ၎င်းနုတ်ထွက်တော့မည် ဖြစ်ကြောင်း အီရှိဘာက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပါတီခေါင်းဆောင်သစ်ကို အလျှင်အမြန်ရွေးချယ်ရန် အီရှိဘာက ၎င်း၏ လစ်ဘရက်ဒီမိုကရယ်တစ်ပါတီကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။ ၎င်းအား ဆက်ခံမည့် ပါတီခေါင်းဆောင်သစ်ပေါ်ထွက်မလာခင် အချိန်အထိ မိမိ၏ တာဝန်များကို ထမ်းဆောင်သွားမည် ဖြစ်ကြောင်း အီရှိဘာက ပြောသည်။ “ခေါင်းဆောင်မှုကို […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်က နေအိမ်သုံးဆယ်ကျော်ကို ထပ်မံမီးရှို့

Dawei Watch

September 8, 2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ နေအိမ်သုံးဆယ်ကျော်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မိုးရွှေကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကို စစ်ကြောင်းထိုးပြီးထွက်လာသည့် အင်အားတစ်ရာကျော်ပါ စစ်အာဏာရှင်တပ်စစ်ကြောင်းက စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ခရီးသည်တင်ယာဥ်များကို အသုံးပြုပြီးလာကြသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ရန်တောင်ကျေးရွာအနီးတွင် တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း ရန်တောင်ရွာခံတစ်ဦးက ဆိုသည်။ “လူမရှိတဲ့အိမ်တွေကို ရှို့သွားတာ။ အချို့အိမ်တွေကတော့ လူရှိလည်း သူတို့ခေါ်ထုတ်တာကို ကြောက်ပြီး ထွက်မတွေ့တော့ ရှို့သွားတယ်။ နေကလည်းပူနေတော့ မီးလောင်တာပိုဆိုးသွားတယ်” ဟု ၎င်းက ပြောသည်။ အကြမ်းဖျင်းရေတွက်မှုအရ ရန်တောင်ကျေးရွာတွင် မီးရှို့ခံရသည့်နေအိမ် ၂၉ ဆောင်ထက်မနည်းရှိပြီး သင်းကျွန်းရွာတွင် ၈ ဆောင်ရှိကြောင်း ဒေသခံများထံမှ […]