ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပွဲထွက်ကစားခွင့်ရချင်လို့ တူရကီကလပ် ထရက်ဇွန်စပေါဆီကို အိုနာနာ အငှားနဲ့ ပြောင်းပြီ

Dawei Watch

September 8, 2025

မန်ယူဂိုးသမား အိုနာနာ ဟာ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီကို တစ်နှစ်သက်တမ်း အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပါပြီ။ အသင်းနှစ်သင်းအကြားမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိုနာနာ ဟာ ပွဲထွက်ကစားခွင့်ရလိုတဲ့အတွက် အပြောင်းအရွှေ့ကို လက်ခံသဘောတူပေးလိုက်ရပြီဖြစ်ပါတယ်။ မန်ယူနည်းပြ အေမိုရင်ဘက်က အိုနာနာကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုဖို့ မရှိတော့တဲ့အကြောင်း အတိအလင်း အသိပေးလိုက်အပြီးမှာ အိုနာနာဘက်က အငှားပြောင်းရွှေ့ဖို့ လက်ခံသွားခဲ့တာဖြစ်ပါတယ်။ အိုနာနာ ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ကင်မရွန်းလက်ရွေးစင်အသင်းကို ကိုယ်စားပြုပြီး ကစားခွင့်ရလိုတာကြောင့် ပုံမှန်ပွဲထွက်ခွင့်ပေးအပ်မယ့် ထရက်ဇွန်စပေါဆီကို အငှားပြောင်းဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ အိုနာနာဘက်က စာချုပ်တွေ လက်မှတ်ရေးထိုးပြီးစီးသွားခဲ့ပြီဖြစ်လို့ သိပ်မကြာခင်မှာပဲ အသင်းဆီကို အိုနာနာ လာရောက်ပူးပေါင်းတော့မှာဖြစ်ကြောင်း ထရက်ဇွန်စပေါအသင်းဘက်ကလည်း သတင်းထုတ်ပြန်ထားပြီဖြစ်ပါတယ်။ အိုနာနာအတွက် ထရက်ဇွန်စပေါနဲ့ မန်ယူအသင်းတို့အကြားမှာချုပ်ဆိုထားတဲ့စာချုပ်အရ အပြီးသတ်ဝယ်ယူခွင့် ဒါမှမဟုတ် […]

ဂျိုတာအတွက် ၂၁ မိနစ်မှာ ဂိုးသွင်းပေးခွင့်ရချင်တယ်လို့ ပြောပြီးဖြစ်အောင်လုပ်ပြခဲ့တဲ့ စီရော်နယ်ဒိုကို နည်းပြမာတီနက်ဇ် ချီးကျူး

Dawei Watch

September 8, 2025

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တို မာတီနက်ဇ်က စီရော်နယ်ဒိုဟာ ပွဲကစားခင် ဂျိုတာအတွက် အမှတ်တရဖြစ်အောင် ၂၁ မိနစ်မှာ ဂိုးရအောင် သွင်းပေးချင်တယ်လို့ သူ့ကို ပြောသွားခဲ့ပြီး တကယ်လည်းပဲ ဖြစ်အောင်လုပ်ပြသွားတယ်လို့ ချီးကျူးစကားပြောသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီက အာမေးနီးယားကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲကစားချိန် ၂၁ မိနစ်အရောက်မှာ သွင်းပေးသွားခဲ့တာဖြစ်ပြီး ဒီဂိုးဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကျောနံပါတ် ၂၁ ကို ဝတ်ဆင်ကစားပေးခဲ့သူ ဂျိုတာအတွက် ရည်ညွှန်းတဲ့ဂိုးလို့ စီရော်နယ်ဒိုက ပြောသွားခဲ့ပါတယ်။ ဂျိုတာနဲ့ သူ့ရဲ့ ညီဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၃ ရက်နေ့က စပိန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီး စီရော်နယ်ဒိုကတော့ “ဂျိုတာဟာ အသင်းနဲ့အတူ မခွဲအမြဲ ထာဝရတည်ရှိသွားမယ့်ကစားသမားသာဖြစ်ကြောင်း”ပွဲအပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ […]

ကလိန်အောင်-မလွှဲတောင်လမ်းပိုင်း ပစ်ခတ်မှု ယာဉ်မောင်းနှင့် ယာဉ်အကူနှစ်ဦးသေဆုံး၊ ကားတစ်စီးမီးလောင်

Dawei Watch

September 7, 2025

ရေဖြူမြို့နယ်၊ ရေး – ထားဝယ်ကားလမ်း ၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းရှိ မရမ်းချောင်းရွာအထွက်တွင် စက်တင်ဘာလ ၆ ရက်က လမ်းပြန်ဖွင့်ပြီး နာရီပိုင်းအကြာတွင် ပစ်ခတ်မှုများဖြစ်ကြောင်း လမ်းတွင်ပိတ်မိနေသည့် ကားသမားများထံမှ သိရသည် ။ ယင်းပစ်ခတ်မှုများအတွင်း ခြောက်ဘီးတပ် ကုန်တင်ယာဥ် ယာဉ်မောင်းတစ်ဦး နှင့် ယာဉ်အကူတစ်ဦးတို့ ကျည်ထိမှန်သေဆုံးပြီး ကားလည်း မီးလောင်ပျက်စီးကြောင်း မျက်မြင်ကြုံခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။ ” ၂ နာရီ ဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေကြားရတော့ ကားတန်းစီထားတဲ့အဖွဲ့က ပြန်လှည့်တယ်။ ကားအငယ်တွေပဲ ပြန်လှည့်မီတယ်။ ကားအကြီးတွေက ကျန်ခဲ့တယ်။ အဲဒီမှာ နှစ်ယောက်ထိသွားတယ်။ အဲဒါ ပစ်နေခတ်နေကြတော့ ဘယ်သူမှလည်း ဝင်ဆွဲမရဲတော့၊ အသံစဲမှ ၂ နာရီ ၄၅ မိနစ်လောက် သွားကြည့်တာ […]

ဂိုးသမား အိုနာနာ အငှါးအပြောင်းအရွှေ့အတွက် မန်ယူနဲ့ တူရကီကလပ် သဘောတူညီမှုရပြီ

Dawei Watch

September 6, 2025

မန်ယူအသင်းဟာ အသင်းဂိုးသမား အိုနာနာ ကို ထရက်ဇွန်စပေါဆီ အငှားပြောင်းရွှေ့ကစားဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ခိုင်းလိုက်ပြီလို့ ESPN က ဖော်ပြထားပါတယ်။ တူရကီကလပ် ထရက်ဇွန်စပေါနဲ့ မန်ယူအသင်းတို့ရဲ့အကြားမှာ အိုနာနာရဲ့အငှားအပြောင်းအရွှေ့အတွက် အပြီးသတ် သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ကာယကံရှင်ကစားသမားဖြစ်သူရဲ့ဆုံးဖြတ်ချက်သာ လိုအပ်ပါတော့တယ်။ မန်ယူဟာ အိုနာနာကို ထရက်ဇွန်စပေါဆီ တစ်ရာသီစာ အငှားချဖို့ သဘောတူညီထားပြီး ဒီအငှားစာချုပ်မှာ အိုနာနာရဲ့ စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခဲ့ရင် ထရက်ဇွန်စပေါအနေနဲ့ အပြတ်ဝယ်ယူနိုင်တယ်လို့လည်း မန်ယူက အခွင့်အရေးတစ်ရပ် ပေးအပ်ထားပါတယ်။ မန်ယူနည်းပြ အေမိုရင် ဟာ ဂိုးသမား အိုနာနာကို အသင်းမပြောင်းဘဲ မန်ယူဆီမှာပဲ ကစားသမားဘဝ ဆက်လက်ဖြတ်သန်းမယ်ဆိုရင် တတိယဦးစားပေးအဖြစ်ပဲ ပွဲထွက်ရတော့မယ်လို့ အသိပေးထားပြီဖြစ်ပါတယ်။

ရက်ရှည်စစ်ရှောင်နေရသည့် ထားဝယ်အရှေ့တောဒေသခံထောင်ချီ စားနပ်ရိက္ခာနှင့် ကျန်းမာရေး အခက်ကြုံနေ

Dawei Watch

September 6, 2025

ရက်ရှည်စစ်ရှောင်နေရသည့် ထားဝယ်အရှေ့တောဒေသနေ ဒေသခံထောင်ချီမှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး ပြဿနာအခက်အခဲ ကြုံတွေ့နေကြကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းရွာ၊ ဘဝပင်ရွာ၊ ၂၃ မိုင်(ရွာ) နှင့် ၂၅ မိုင်(တောင်ထိပ်နေရာ) ဝန်းကျင်ရှိ ဒေသခံတစ်ထောင်နီးပါးမှာ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ဆိုသည်။ စစ်ရှောင်များက တောတောင်များအတွင်း အစုလိုက်အဖွဲ့လိုက် ပြန့်ကျဲနေထိုင်နေကြသည့်အတွက် အနီးအနားရှိ လက်လှမ်းမီသူများကိုသာ ကူညီပေးနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီ(တနင်္သာရီ) တာဝန်ရှိသူတစ်ဦးဖြစ်သူ Moon က ဆိုသည်။ “ရက်နှစ်ဆယ်ကျော်ကြာလာပြီဆိုတော့ နေမကောင်းတာတွေလည်းများလာပြီ” ဟု ၎င်းကပြောသည်။ ဂိမှာန်အနေဖြင့် စစ်ရှောင်ပြည်သူနှစ်ရာခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာအကူအညီပေးနေပြီး အခြားစစ်ရှောင်ကူညီပေးရေးအဖွဲ့များလည်း လက်လှမ်းမီရာ ကူညီပေးနေကြကြောင်း […]

ထားဝယ်တွင် ကြက်သွန်ဈေးနှစ်ဆတက်ပြီး၊ ပစ္စည်းပြတ်နေ

Dawei Watch

September 6, 2025

ထားဝယ်ဈေးကွက်၏ လက်လီ /လက်ကားဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှစ်ဆ မြင့်တက်ပြီး ကုန်ပွဲရုံအချို့တွင် ပစ္စည်းပြတ်နေပြီဖြစ်ကြောင်း ထားဝယ်မြို့၏ စားသုံးကုန်စည် ဈေးကွက်မှသိရသည်။ ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ကစပြီး ကုန်စီးဆင်းမှု ပြတ်တောက်ကာ ထားဝယ်ဈေးကွက်အတွင်း စားသုံးကုန်စ္စည်းအချို့ ပြတ်လတ်သွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကျော်သာရှိရာမှ ယနေ့တစ်ပိဿာ ၄၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိဿာ ၉၀၀၀ ကျပ်မှ ယနေ့ ၁၈၀၀၀ ကျပ် ဖြစ်သွားကြောင်း၊ တစ်ပတ်အတွင်း ဈေးနှစ်ဆမြင့်တက်ပြီး ပွဲရုံအချို့၌ပစ္စည်းပြတ် နေပြီဖြစ်ကြောင်း ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီး၌ စားသုံးကုန် လက်လီရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။ ” ကြက်သွန်နီ တစ်ပိဿာ အခုလက်ကားဈေး ၄၀၀၀၊လက်လီ ဈေးမှာ […]

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းပြန်ဖွင့်၊ ကနဦး သုံးရက်ပြန်ဖွင့်ပေးမည်ဟုဆို

Dawei Watch

September 6, 2025

တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် ကားအစီးရာချီ ရည်ရှည်ပိတ်မိနေသည့် ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းကို သုံးရက်ပြန်ဖွင့်မည်ဟု ယနေ့ (စက်တင်ဘာလ ၆ ရက်) နေ့လယ် ၁၂ နာရီတွင် တော်လှန်ရေးတပ်များက ကြေညာခဲ့သည် ။ လမ်းဖွင့်ပေးပြီးနောက် မလွှဲတောင်ဘက်မှ အဆင်းကားများ မလွှတ်ပေးသေးဘဲ ကလိန်အောင်ဘက်တွင် ပိတ်မိနေသည့် ကားများကို စလွှတ်ပေးခဲ့သဖြင့် ကလိန်အောင်ဘက်ခြမ်းတွင် ပိတ်မိနေသည့် ကားအချို့ လွတ်သွားကြောင်း ကိုယ်တိုင်လွတ်လာခဲ့သည့် ယာဥ်မောင်း တစ်ဦးကပြောသည်။ ယင်းသို့ လွှတ်ပေးစဥ် စစ်အာဏာရှင်တပ်သားများက အရပ်သားကားများအား အကာအကွယ်ယူ၍ ရာဖူးရွာဖက်အထိ အရှေ့သို့ တက်လာသဖြင့် လမ်းပိုင်းအား ဖြတ်သန်းခွင့် ယာယီ ပြန်ပိတ်လိုက်ကြောင်း မွန်၊ကရင်၊ထားဝယ် မဟာမိတ်အင်အားစု တွင်ပါဝင်သည့် ဒေါနစစ်ကြောင်း ဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို ကပြောသည်။ ယင်းနောက် […]

မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

Dawei Watch

September 6, 2025

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ကဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင် ယနေ့ (စက်တင်ဘာ ၆၊ တော်လသလင်းလပြည့်နေ့) မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ ပြုလုပ်ခဲ့ကြသည်။ သင်္ဘောပုံသဏ္ဍာန် ဆွမ်းတော်တင်ခုံပြုလုပ်ပြီး ဘုရားဆွမ်းတော် တင်လှူကြခြင်းဖြစ်သည်။ ယင်းဓလေ့ကို မွန်လူမျိုး နေထိုင်သည့် ဒေသများတွင် တော်သလင်းလပြည့်ရောက်တိုင်း ပြုလုပ်လေ့ရှိသည်။ ရေး-ထားဝယ်ကားလမ်းပိတ်ဆို့နေမှုကြောင့် ကုန်သွယ်ရေးပြတ်တောက်နေသဖြင့် ယခုနှစ် ဆွမ်းတော်ကြီးတင်ပွဲတွင် အခြားဒေသမှလာသည့် သစ်သီးများဖြင့် ဆွမ်းတော်ကြီးတင်လှူသူနည်းပြီး ဒေသထွက်အသီးအနှံများဖြင့် ဆွမ်းတော်တင်လှူသူများကြောင်း ဒေသခံများကပြောသည်။ ထားဝယ်ဒေသတွင် ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလပြည့်နှင့် သီတင်းကျွတ်လပြည့်များတွင် ကျင်းပကြပြီး ဒေသအလိုက် ကျင်းပသည့် ပုံစံများလည်း ကွဲပြားကြသည်။