ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် စင်ကာပူ ထွက်ခွာ
Dawei Watch
September 4, 2025ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယနေ့ ညပိုင်းတွင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စင်ကာပူနိုင်ငံတွင် နှစ်ရက်ကြာ ဆေးစစ်မှုခံယူရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း နီးစပ်သူ၏ ပြောကြားချက်ကို ဖော်ပြသည်။ သက်ဆင်သည် ဒွန်မောင်းလေဆိပ်သို့ ညနေ ၆ နာရီတွင် ရောက်ရှိလာခဲ့ပြီးနောက် ယခင်က သက်ဆင်၏ နိုင်ငံကူးလက်မှတ်ကို ပြည်ပထွက်ခွင့် ပိတ်ထားသဖြင့် လဝကအရာရှိများက ယာယီထိန်းသိမ်းခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း သက်ဆင်အား တော်ဝင်ဥပဒေ ပုဒ်မ ၁၁၂ အရ တရားစွဲခံထားရမှုကို ပယ်ဖျက်ပေးပြီးဖြစ်သဖြင့် နိုင်ငံကူးလက်မှတ်အား ပြန်လည်အသက်ဝင်စေခဲ့ပြီး နိုင်ငံမှ ထွက်ခွာခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း လဝကအရာရှိများ၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။ သက်ဆင်သည် ထိုင်းနိုင်ငံမှ ထွက်ပြေးခြင်းမဟုတ်ဘဲ စင်ကာပူနိုင်ငံသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်ကာ စက်တင်ဘာလ ၉ […]


