မြိတ်တွင် ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရ၊ ကုန်စိမ်းပြတ်သဖြင့် အသုပ်ဆိုင် မုန့်ဆိုင်အချို့ရပ်နား
Dawei Watch
September 4, 2025မြိတ်မြို့တွင် ငရုတ်သီး ၁၀တောင့်လျှင် ကျပ်တစ်ထောင်၊ ကြက်ဥတစ်လုံးလျှင် ၁၂၀၀ ကျပ်အထိ ဈေးမြောက်နေပြီး ကုန်စိမ်းအချို့ ပြတ်လပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည် ထောင်စုလမ်းပိုင်းဖြစ်သည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွား နေသဖြင့် ဩဂုတ်လ ၂၆ ရက်ကစပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဘက်မှ တင်သွင်းသည့် ကုန်စိမ်းများ ပြတ်လပ်လာပြီး တဖြည်းဖြည်းဈေးတက်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ စက်တင်ဘာလ ၃ ရက်တွင် မြိတ်မြို့ရှိ ဈေးဆိုင်များတွင် ငရုတ်သီး ၁၀ တောင့်လျှင် ကျပ် တစ်ထောင်ဖြင့် ရောင်းချနေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ငရုတ်သီးလည်း ဈေးတက်၊ ဂေါ်ဖီထုပ်လည်းဈေးတက်။ တချို့ အသုပ်ဆိုင်ငယ်လေးတွေဆို ပိတ်ထားကြရတဲ့အထိပဲ” […]


