တာခ့်တွင် တရားမဝင် ဝင်လာသော မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရ၊ ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်နေ
Dawei Watch
September 4, 2025ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၃ ရက် ညပိုင်းက တာခ့်မြို့ရှိ အမြန်လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ဂိတ်ချစစ်ဆေးနေစဉ် မသင်္ကာစရာ အလုံပိတ်ကားနှစ်စီးကို တွေ့ရသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ပထမကားကို စစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၀ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ဒုတိယကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၃၁ ဦးကိုလည်း […]


