ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ

Dawei Watch

September 6, 2025

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ကဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုရွာတွင် ယနေ့ (စက်တင်ဘာ ၆၊ တော်လသလင်းလပြည့်နေ့) မွန်ရိုးရာ သင်္ဘောဆွမ်းတော်ကြီးတင်ပွဲ ပြုလုပ်ခဲ့ကြသည်။ သင်္ဘောပုံသဏ္ဍာန် ဆွမ်းတော်တင်ခုံပြုလုပ်ပြီး ဘုရားဆွမ်းတော် တင်လှူကြခြင်းဖြစ်သည်။ ယင်းဓလေ့ကို မွန်လူမျိုး နေထိုင်သည့် ဒေသများတွင် တော်သလင်းလပြည့်ရောက်တိုင်း ပြုလုပ်လေ့ရှိသည်။ ရေး-ထားဝယ်ကားလမ်းပိတ်ဆို့နေမှုကြောင့် ကုန်သွယ်ရေးပြတ်တောက်နေသဖြင့် ယခုနှစ် ဆွမ်းတော်ကြီးတင်ပွဲတွင် အခြားဒေသမှလာသည့် သစ်သီးများဖြင့် ဆွမ်းတော်ကြီးတင်လှူသူနည်းပြီး ဒေသထွက်အသီးအနှံများဖြင့် ဆွမ်းတော်တင်လှူသူများကြောင်း ဒေသခံများကပြောသည်။ ထားဝယ်ဒေသတွင် ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလပြည့်နှင့် သီတင်းကျွတ်လပြည့်များတွင် ကျင်းပကြပြီး ဒေသအလိုက် ကျင်းပသည့် ပုံစံများလည်း ကွဲပြားကြသည်။

ရက်ရှည်တိုက်ပွဲပြင်းထန်နေသည့် ပလမြို့ဧရိယာထဲက ဇာဒီရွာကို စစ်အာဏာရှင်တပ် ဗုံးကြဲ

Dawei Watch

September 6, 2025

ပလမြို့၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေချိန် စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် တိုက်ပွဲပြင်းထန်နေသည့် ဇာဒီရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လေကြောင်းကြဲတာ ဇာဒီရွာထဲပဲကျတယ်။ ရွာသားတွေက ရွာထဲမှာမရှိတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောသည်။ ပလမြို့နှင့် အနီးဝန်းကျင်ရှိ ရွာများတွင် ဇူလိုင်လ ၂၄ရက်မှစတင်ကာ စက်တင်ဘာလ ၅ရက်အထိ နေ့စဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အာဏာရှင်တပ်က တစ်ရက်လျှင် လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်နေကြောင်း တော်လှန်ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအတွင်း […]

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ကုန်စိမ်းများ ထားဝယ်သို့ လှေဖြင့်ကဲ့နေရ

Dawei Watch

September 5, 2025

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ရန်ကုန်-မော်လမြိုင်- ထားဝယ်သွား အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး လမ်းပိုင်းပေါ်ရှိ ကုန်ကားများပေါ်မှာ ကုန်စိမ်းများကို လှေဖြင့် ထားဝယ်မြို့သို့ ကဲ့(ဖြည်းဖြည်းချင်းသယ်ယူ)နေရကြောင်း သိရသည်။ မွန်ပြည်နယ်ရေးမြို့မှတစ်ဆင့် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်သို့ သယ်ကြရပြီး ယင်းမှတစ်ဆင့် ထားဝယ်မြို့ သို့ အဆင့်ဆင့်သယ်ယူရကြောင်း ကုန်စိမ်းသည်အချို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ ရက်နေ့က ထိုလမ်းကြောင်းအတိုင်း ကျပ်သိန်းငါးရာကျော်ခန့်တန်ဖိုးရှိ ကုန်စိမ်းများ ထားဝယ်မြို့ ကမ်းနားဈေးသို့ ရောက်ရှိလာကြောင်းဆိုသည်။ “ကုန်ကားနှစ်စီးစာ လှေနဲ့ရောက်လာတယ်။ တစ်စီးကို (ကျပ်) သိန်း ၂၅၀ လောက်တော့ရှိမယ်” ဟု ကမ်းနားလမ်းရှိ ဈေးသည်တစ်ဦးကပြောသည်။ ကြက်ဥမှလွဲပြီး ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး အစရှိသည့် ကုန်စိမ်းများရောက်လာခြင်းဖြစ်ပြီး အလုအယက်ဝယ်ယူကြသဖြင့် ခဏအတွင်း ကုန်သွားကြောင်းလည်း ၎င်းကဆိုသည်။ နောက်ထပ်လည်း […]

ထားဝယ်အရှေ့တော ဝကုန်းရွာတွင် တိုက်ပွဲရက်ဆက်ဖြစ်ပွား

Dawei Watch

September 5, 2025

စစ်အာဏာရှင်တပ်က ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာကို စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် ယနေ့အချိန်အထိ နှစ်ဖက်တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ ပကာရီကျေးရွာဘက်မှ ကျောက်မဲတောင်၊ မေတ္တာမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် စစ်အာဏာရှင်တပ်ယာဉ်တန်းကို လမ်းတစ်လျှောက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်။ ယင်းယာဉ်တန်းသည် ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက စတင်ထွက်ခွာလာပြီး သင်္ကန်းတုန်းကျေးရွာအနီးတွင် တိုက်ခိုက်ခံရသဖြင့် ကားအချို့ပျက်စီးကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။ ယင်းသို့တိုက်ခိုက်ခံရသဖြင့် ရှေ့မဆက်နိုင်ဘဲ သင်္ကန်းတုန်းရွာတွင် ငါးရက်ခန့်သောင်တင်ပြီးနောက် ဝကုန်းရွာသို့ ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အဲဒီယာဉ်တန်းက သင်္ကန်းတုန်းမှာ ငါးရက်လောက်ကြာပြီးတာနဲ့ ဝကုန်းကိုနည်းနည်းအလွန် ၂၃ မိုင်လောက်မှာ ၂၅ မိုင်ကိုတောင်မရောက်သေးဘူး။ အဲဒီကိုရောက်နေတာဆို အခုဆို ၁၀ […]

ထိုင်းဝန်ကြီးချုပ်အသစ် အနုထင် ချန်ဝီရကူ ဖြစ်လာ

Dawei Watch

September 5, 2025

ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အသစ်အဖြစ် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူကို လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်ပြီဖြစ်သည်။ လွှတ်တော်ထဲတွင် မဲပေးနေဆဲဖြစ်သော်လည်း အမတ်နေရာ ၄၉၀ ကျော်ရှိသည့်အနက် ထောက်ခံမဲ ၂၅၀ ကျော်သွားပြီ ဖြစ်သဖြင့် အနုထင် ချန်ဝီရကူက ဝန်ကြီးချုပ်အသစ် ဖြစ်လာပြီဖြစ်သည်။ လွှတ်တော်ထဲတွင် ဝန်ကြီးချုပ်အသစ်နေရာအတွက် Pheu Thai ပါတီက Chaikasem Nitisiri နှင့် Bhumjaithai ပါတီက ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီဘက်က တောင်းဆိုချက် ၅ ချက်ဖြင့် Bhumjaithai ပါတီခေါင်းဆောင် အနုထင် ချန်ဝီရကူ ကို ဝန်ကြီးချုပ်အဖြစ် မဲပေးထောက်ခံခဲ့သဖြင့် ထောက်ခံမဲ ၂၅၀ ကျော် ရရှိလာပြီး အနုထင် ချန်ဝီရကူက […]

သရက်ချောင်းမြို့ သစ်ယားတောင်ကျောင်းတွင် ကျောင်းငယ်တစ်ဆောင်မီးလောင်ပြီး ကိုရင်ကြီးတစ်ပါး ပျံလွန်

Dawei Watch

September 5, 2025

သရက်ချောင်းမြို့ ၊ မြို့မရပ်ကွက်ရှိ သစ်ယားတောင်ဘုန်းကြီးကျောင်းတွင် ယနေ့ စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက ကျောင်းဆောင်ငယ်တစ်ဆောင် မီးလောင်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည် ။ နံနက် ၅ နာရီနှင့် ၆ နာရီအကြားတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျဥ်ခင်း ထရံကာ ကျောင်းဆောင် မီးလောင်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။ အဆိုပါကျောင်းဆောင်တွင် တစ်ပါတည်း သီတင်းသုံးနေသည့် အသက် ၈၀ ကျော်အရွယ် ကိုရင်ကြီးတစ်ပါး မီးထဲပါကာ ပျံလွန်တော်မူကြောင်း ရပ်ကွက်နေသူများက ဆိုသည်။ “ကိုရင်ကြီးက စိတ်ကျန်းမာရေးချို့တဲ့နေတာပါ။ တစ်ယောက်တည်း နေတာ။ သူ့ကျောင်းဆောင် တစ်ဆောင်တည်းပဲ မီးလောင်တာပါ။ ကျန်တဲ့အဆောင်တွေတော့ မီးမကူးဘူး” ဟု မြို့မရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ကျောင်းဆောင် မီးလောင်သည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေ။ […]

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရဟု သားဖြစ်သူဆို

Dawei Watch

September 5, 2025

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေကြောင်း ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သတိပေးပြောဆိုလိုက်ကာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြားဝင်ကူညီဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။ မြန်မာစစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ်ဆေးဝါးကုသခွင့်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။ မိခင်ဖြစ်သူအပေါ် မြန်မာစစ်တပ် ဆက်ဆံနေပုံမှာ “ရက်စက်၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း” ၎င်းက ရှုတ်ချပြောဆိုခဲ့သည်။ အသက် ၈၀ အရွယ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးကျန်းမာရေးပြဿနာမှာ ပိုမိုဆိုးရွားလာနေကြောင်း ကင်အဲရစ် (ခ) ကိုထိန်လင်းက လန်ဒန်အခြေစိုက် The Independent သတင်းဌာနကို ပြောကြားခဲ့သည်။ “ကျွန်တော့်အမေရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ ကြားသိရတာဟာ အင်မတန် စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။ “သူမမှာ နဂိုကတည်းက နှလုံးကျန်းမာရေးပြဿနာအခံ ရှိနေတယ်။ အဲဒါက လက်ရှိ သူမ ထိန်းသိမ်းခံထားရတဲ့ […]

ကုန်ပစ္စည်း ပိတ်ဆို့မှုကြောင့် တနင်္သာရီက ကျေးရွာအချို့ အမျိုးသမီးလစဉ်သုံး ရှားပါးပြီးစျေးတက်

Dawei Watch

September 5, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပြီးနောက်ပိုင်း အမျိုးသမီး လစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးတက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ယခုနှစ် မတ်လကစပြီး တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများကို စစ်အာဏာရှင်တပ်က ကုန်စည်တင်သွင်းခွင့် ပိတ်ထားပြီးနောက် အမျိုးသမီးလစဉ်သုံး ပစ္စည်းရှားပါးလာကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများသယ်ယူရာတွင် နည်းလမ်းမျိုးစုံသုံးကာ အဆင့်ဆင့် သယ်ဆောင်နေရသဖြင့် စျေးတက်လာကြောင်း သဘော့လိပ်ရွာရှိ ကုန်စုံရောင်းသူတစ်ဦးက ပြောဆိုသည်။ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေကြရသည့် ထုံမခါရွာ၊ ညောင်ပင်ကွင်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာသုံးရွာ စုစုပေါင်း ကျေးရွာငါးရွာက စစ်ဘေးရှောင်အမျိုးသမီးများသည် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို သဘော့လိပ်နှင့် တကူရွာတို့တွင် သွားရောက်ဝယ်ယူသုံးစွဲရကြောင်း အဆိုပါစစ်ဘေးရှောင်များထံမှ သိရသည်။ ကုန်ပစ္စည်းတင်သွင်းခွင့် မကန့်သတ်မီက သဘော့လိပ်ရွာတွင် Pinky အမျိုးအစား […]