ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ပွဲအဆုံးသတ်ရေး လမ်းပြမြေပုံရေးဆွဲရန် ကန်နှင့် အီရန် သဘောတူ

June 22, 2026

Source: Al JazeeraPhoto - Iran-US talks to continue through the night - CNA

ရက်ပေါင်း ၆၀ အတွင်း စစ်ပွဲအဆုံးသတ်ရေး နောက်ဆုံးသဘောတူညီချက်ရရှိရန် လမ်းပြမြေပုံရေးဆွဲရေး အမေရိကန်နှင့် အီရန်တို့ သဘောတူလိုက်ပြီဖြစ်ကြောင်း အီရန်စစ်ပွဲအဆုံးသတ်ရေး ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့က ပူးတွဲထုတ်ပြန်သည်။

အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်နှင့် အီရန်အကြး အဆင့်မြင့်ဆွေးနွေးပွဲ ပထမနေ့တွင် စိတ်အားတက်စဖွယ် တိုးတက်မှုများ ရှိကြောင်း ယင်းနှစ်နိုင်ငံက ထုတ်ပြန်သည်။

စစ်ပွဲအဆုံးသတ်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းမှုကို နိုင်ငံရေးအရ ကြီးကြပ်ကွပ်ကဲရန် အဆင့်မြင့်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်သည်။

သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးမှူးများအနေဖြင့် ယင်းကော်မတီထံ ပုံမှန်အစီရင်ခံတင်ပြရမည်ဖြစ်သည်။

အီရန်၏ အဏုမြူစီမံကိန်းနှင့် အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ လုပ်ငန်းအဖွဲ့များကိုလည်း ယင်းကော်မတီက ကြီးကြပ်ကွပ်ကဲသွားမည် ဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားနှင့် ပတ်သက်၍ သက်ဆိုင်သူများအကြား ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကိုလည်း ထူထောင်လိုက်ပြီ ဖြစ်သည်။

လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် ပဋိပက္ခလျှော့ချရေးဆဲလ်တစ်ခုကိုလည်း ထူထောင်လိုက်သည်။

လက်ဘနွန်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား တိုက်ခိုက်မှုများ အဆုံးသတ်ရေးတွင် “ထူးခြားထင်ရှားသည့် တိုးတက်မှုများ” ရှိခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီက သီးခြားအတည်ပြုပြောကြားခဲ့သည်။

အီရန်၏ ရေနံတင်ပို့မှုအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားမှုများကိုလည်း ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

အမေရိကန်က ထိန်းချုပ်ထားသည့် အီရန်ပိုင် ဘဏ္ဍာအချို့ကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီရန်အတွက် အဓိကပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကိုလည်း စတင်လိုက်ပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

Source: Al Jazeera

ဓာတ်ပုံ – Iran-US talks to continue through the night – CNA