ထားဝယ်တွင် ကြက်ဥတစ်လုံး ကျပ် ၁၂၀၀ ဖြစ်လာပြီး ဝယ်ရခက်၊ ကုန်စိမ်းများ စျေးနှစ်ဆထက်
Dawei Watch
September 1, 2025တိုက်ပွဲကြောင့် လမ်းပိတ်ပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေသောကြောင့် ထားဝယ်မြို့တွင် ကုန်စိမ်းများ စျေးနှစ်ဆ တက်နေပြီး ကြက်ဥတစ်လုံးလျှင်မူကျပ် ၁၂၀၀ စျေးရှိကာ ဝယ်ယူရ ခက်ခဲနေကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေးရှိ စားသုံးကုန်စည် စျေးကွက်နှင့် မြို့ခံများထံမှ သိရသည်။ ဩဂုတ်လ ၃၁ ရက်ကစပြီး အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်ဥ အပါဝင် ကုန်စိမ်းများ ပြတ်လပ်ပြီး စျေးတက်သွားခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဩဂုတ်လ ၂၃ရက်မှ ၂၅ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဩဂုတ်လ ၂၆ရက် ညနေပိုင်းကစပြီး လမ်းပိတ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေသောကြောင့် ထားဝယ် စျေးကွက်ရှိ စားသုံးကုန်စည်စျေးကွက်တွင် တိုင်းပြင်ပမှ တင်သွင်းသည့် စားသုံးကုန်များ […]


