ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်

Dawei Watch

September 9, 2025

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။ ယင်းမှာ ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် ၂ ခုစာ လွှမ်းမိုးလာခဲ့သည့် ရှင်နာဝပ်မိသားစုအတွက် နောက်ထပ်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း Bangkok Post က ဖော်ပြသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သက်ဆင်၏ ကျန်းမာရေးအခြေအနေ အရေးပေါ် မဟုတ်ဘဲ ဆေးရုံသို့ ပို့ဆောင်ထားခြင်းမှာ ဥပဒေနှင်မညီကြောင်း တရားရုံး၏ အမိန့်အရ သိရသည်။ သက်ဆင် ကိုယ်တိုင်သည်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ အရေးပေါ် အခြေအနေမဟုတ်မှန်း သိရှိနေပြီး ထို့ကြောင့် ဆေးရုံတွင် နေထိုင်မှုကို ထောင်ဒဏ်အဖြစ် မမှတ်ယူနိုင်ကြောင်း တရားရုံး၏ အမိန့်က ဆိုသည်။ ယခု တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သဖြင့် ရဲတပ်ဖွဲ့က သက်ဆင်အား […]

တနင်္သာရီတိုင်းတွင် ဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ စဖွဲ့

Dawei Watch

September 9, 2025

တနင်္သာရီတိုင်းတွင် ဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို တိုင်းအတွင်း၊ တိုင်းပြင်ပရှိ ဒူးရင်း လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းကြောင်း ယင်းအစုအဖွဲ့တွင် ပါဝင်သည့် ဒူးရင်းလုပ်ငန်းရှင်များ ထံမှ သိရသည်။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဦးဆောင်ပြီး ယင်းအစုအဖွဲ့ကို စက်တင်ဘာလ ၆ ရက်တွင် စုစည်းပေးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ စက်တင်ဘာလ ၃ ရက်တွင် တနင်္သာရီတိုင်း အတွင်းရှိ ဒူးရင်းလုပ်ငန်းရှင်များအား စတင် ကမ်းလှမ်းခဲ့ပြီး စက်တင်ဘာလ ၅ ရက်တွင် ခရိုင်အဆင့် အစုအဖွဲ့များ စဖွဲ့ကာ စက်တင်ဘာလ ၆ ရက်တွင် တိုင်းအဆင့် စုဖွဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ယင်းသို့စုဖွဲ့နိုင်ရန် ဆွေးနွေးပွဲသို့ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးက ဒူးရင်းတောင်သူများအပြင် […]

ထိုင်း-မြန်မာနယ်စပ်လမ်း သိန်ခွန်းရွာတွင် တစ်ရက်လုံးနီးပါးတိုက်ပွဲဖြစ်

Dawei Watch

September 9, 2025

ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး မော‌တောင်နယ်စပ်လမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တစ်ရက်လုံးနီးပါးတိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၇ရက် နံနက် ၅ နာရီဝန်းကျင်မှ ညနေ ၅နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တိုက်ပွဲက တစ်နေ့လုံး ဖြစ်လိုက်နားလိုက် ဖြစ်နေတယ်။ လေးကြိမ်လောက် ထိတွေ့မှုဖြစ်တယ်။ ထိခိုက်မှု‌တော့ နှစ်ဖက်စလုံးရှိတယ်။ ဟိုဘက်(စစ်အာဏာရှင်တပ်) က ထိုးစစ်ဆင်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်က အထိနာ၍ လေယာဉ်နှစ်စင်းတစ်ကြိမ်၊ တစ်စင်းတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လာဝဲခဲ့သလို လက်နက်ကြီးဖြင့် တစ်ရက်လုံးနီးပါးပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားသလို ဒဏ်ရာအနည်းငယ် ရသူများလည်းရှိကာ စစ်အာဏာရှင်တပ်ဘက်က ဗိုလ်တစ်ဦးနှင့် […]

ဘီးလင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

September 8, 2025

bဘမွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဘိုးလှကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် စက်တင်ဘာလ ၆ ရက် ည ၉ နာရီခန့်က အထပ်သားစက်ရုံတစ်ရုံတွင် ရှိနေစဉ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ်နှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့် အထပ်သားစက်ရုံတွင် သေဆုံးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်သမားတွေ ခြောက်ယောက်လောက်ပါတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးဆန်းနိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို မသိရှိရသေးပေ။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းနိုင်သည် ဘီးလင်းမြို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ကြောင်း မြို့ခံများထံမှ […]

ပုလော ထမင်းမစားရွာရှိ စစ်အာဏာရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းယူ

Dawei Watch

September 8, 2025

ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့ စက်တင်ဘာလ ၈ရက်တွင် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်-ထားဝယ် ခရိုင်က ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ထမင်းမစားရွာရှိ အင်အား ၄၀ ခန့်ရှိသည့် စခန်းကို ယနေ့ နံနက် ၇နာရီတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်အာဏာရှင် တပ်သားအလောင်း သုံးလောင်းနှင့် သေနတ်တစ်လက်ရရှိပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ကရင်အမျိုးသားကာကွယ်ရေးမတော်-KNDO တပ်ရင်း (၇) တပ်ခွဲ (၅) တပ်ခွဲမှူး စောဗဟုက ပြောသည်။ “ကျန်တာကတော့ ဒဏ်ရာရတာ တော်တော်များများပဲ။ ပြီးတော့ သူတို့စခန်း ဆုတ်ခွာပြီးတော့ ထွက်ပြေးသွားတယ်။ အားလုံး အပြီးသိမ်းလိုက်ပြီ။ အားလုံးထိန်းချုပ်လိုက်ပြီ” ဟု ၎င်းက […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၇၅ ဦး ဖမ်းဆီးခံရ

Dawei Watch

September 8, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြသည်။ ယနေ့ စက်တင်ဘာလ ၈ ရက် နေ့လယ် ၁၂ နာရီခန့်က ကန်ချနဘူရီမြို့ ကဲ့စီယမ်ဒေသ လမ်းမကြီးဘေးရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ရှိနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ နောက်ထပ် ကားသုံးစီးကလည်း မြန်မာနိုင်ငံသားများကို တင်ဆောင်ရန် လမ်းဘေးတွင် ရပ်ထားသည်ကို တွေ့ရှိခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်း ဆိုသည်။ အာဏာပိုင်များ ရောက်ရှိလာချိန်တွင် ကားသုံးစီးမှာ မောင်းပြေးသဖြင့် နောက်ကလိုက်လံဖမ်းဆီးခဲ့သော်လည်း မိုးသည်းထန်လာသဖြင့် ကားသုံးစီးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။ အနီးရှိ တောထဲကို စစ်ဆေးရာ မိုးရေထဲ ပုန်းနေကြသော မြန်မာနိုင်ငံသား အမျိုးသား ၅၂ ဦး၊ အမျိုးသမီး […]

ထိုင်းတွင် မြန်မာဇနီးမောင်နှံနှစ်ဦး တန်ဖိုး ဘတ်ရှစ်သောင်းခန့် အလစ်သုတ်ခံရ

Dawei Watch

September 8, 2025

ထိုင်းနိုင်ငံ၊ ခွန်ကယ်ခရိုင်တွင် မြန်မာဇနီးမောင်နှံနှစ်ဦးသည် အလုပ်မှ အိမ်အပြန်လမ်းတွင် ပစ္စည်းနှင့် ငွေသားများ တန်ဖိုး ဘတ် ရှစ်သောင်းခန့် အလစ်သုတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စက်တင်ဘာလ ၆ ရက် ည ၈ နာရီခန့်က ခွန်ကယ်မြို့ လမ်းတွင် အလစ်သုတ်ခံရသဖြင့် အသက် ၅၀ အရွယ် ဒေါ်ခင်စိန်သည် ဘန်းပေ့ရဲစခန်းတွင် လာရောက်အမှုဖွင့် တိုင်ကြားကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးသည် ခင်ပွန်းသည်နှင့်အတူ ခွန်ကယ်မြို့ရှိ ဈေးထဲတွင် အင်္ကျီဆိုင်ဖွင့်ထားကြပြီး ၎င်းတို့နှစ်ဦးသည် ညဘက် ဆိုင်ကယ်ဖြင့် ဈေးမှတစ်ဆင့် အိမ်သို့ ပြန်လာခဲ့ကြောင်း ဆိုသည်။ ယင်းအချိန် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်စီးလာ၍ အနီးသို့ရောက်လာခဲ့ပြီး ၎င်းတို့နှစ်ဦး၏ ဆိုင်ကယ်ကို ခြေဖြင့် ကန်ခဲ့သဖြင့် လဲကျသွားခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။ […]

လာမယ့်သောကြာ ONE ပွဲမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲစဉ်တည်ပေး

Dawei Watch

September 8, 2025

ONE Championship က လာမယ့်သောကြာနေ့မှာ ကျင်းပဖို့ရှိတဲ့ ONE Friday Fights 124 ပြိုင်ပွဲကြီးမှာ မြန်မာဖိုက်တာ အဲမွီကို ဒုခေါင်ပွဲအဖြစ် တည်ပေးလိုက်ပါပြီ။ မြန်မာဖိုက်တာ အဲမွီကို ထိုင်းဖိုက်တာ မမ်မို့နဲ့ ပွဲတည်ပေးထားတာပါ။ ဒီပွဲဟာ အဲမွီအတွက် အရမ်းကို အရေးကြီးပါတယ်။ အဲမွီဟာ အခုနောက်ပိုင်း ရလဒ်တွေ သိပ်မကောင်းလှပါဘူး။ နောက်ဆုံးထိုးခဲ့တဲ့ ၄ ပွဲမှာ မူဂါဆီတို ကို ကံကောင်းလို့ အနိုင်ရခဲ့တဲ့တစ်ပွဲကလွဲရင် ကျန်တဲ့ ၃ ပွဲကို အဲမွီ ရှုံးနိမ့်ထားပါတယ်။ အဲမွီ ဟာ Game Plan ပိုင်း အားနည်းလွန်းတာကြောင့် ဒီပွဲဟာ သူ့အတွက် အခက်တွေ့လာစရာ ရှိနေပါတယ်။ မာဂုဏ်ကို အားကိုးပြီး အတင်းဝင်ထိုးတဲ့ပုံစံကို အဲမွီ ဆက်သုံးရင် ရလဒ်ကောင်းဖို့က […]