ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ရိက္ခာပို့ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်

Dawei Watch

September 9, 2025

စစ်အာဏာရှင်တပ်၏ ရိက္ခာပို့ယာဉ်တန်းကို တော်လှန်ရေးတပ်များက တနင်္သာရီမြို့နယ် ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်နှင့် ထုတ်ပြန်ချက်တို့အရ သိရသည်။ စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မြိတ်မြို့ မှ တနင်္သာရီမြို့သို့ သွားသည့် စစ်အာဏာရှင်တပ် ရိက္ခာပို့ယာဥ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။ မြိတ်မြို့ဘက်မှလာသည့် စစ်အာဏာရှင်တပ်၏ ကား ၄ စီးပါ ရိက္ခာပို့ယာဥ်တန်းကို ရမ်းဖိုရွာတံတားကြီးအရောက်တွင် တော်လှန်ရေးတပ်များက မိုင်း၁၂လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါယာဉ်တန်းတွင် စစ်အာဏာာရှင်တပ်သား ၈၀ဦး ဝန်းကျင်နှင့် ရိက္ခာများပါလာကြောင်း မြိတ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လမ်းကင်းချထားသည့် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၎င်းက […]

ပလမြို့တွင် အရပ်သား ၂၀ကျော်ကို စစ်အာဏာရှင်တပ် ဖမ်းဆီး

Dawei Watch

September 9, 2025

ပုလောမြို့နယ်၊ ပလမြို့တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများက ပလမြို့၊ အမှတ် (၄) ရပ်ကွက် (ဒေသအခေါ် ဆားဖိုဆိပ်ရပ်ကွက်) က အမျိုးသမီးများအပါအဝင် ဒေသခံအရပ်သားများကို ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ ရက်ရှည် တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းက ဗုံးကြဲမှုများကြောင့် မြို့ခံအများစုက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြသော်လည်း မြို့ခံအနည်းငယ်ကမူ နေအိမ်များတွင်ပင် ဆက်လက်နေထိုင်ကြကြောင်း ဒေသခံများက ဆိုသည်။ “သူတို့(စစ်အာဏာရှင်တပ်)က အိမ်တွေကို ရိုက်ဖွင့်လိုက်လို့ အိမ်ထဲမှာရှိနေတဲ့သူ အကုန်ဖမ်းတာ။ အမေကို ဖမ်းထားပြီး […]

ဆန္ဒပြမှုများ ပြင်းထန်လာ၍ နီပေါဝန်ကြီးချုပ် နုတ်ထွက်လိုက်ရ

Dawei Watch

September 9, 2025

ဆိုရှယ်မီဒီယာပလက်ဖောင်းများကို နီပေါအစိုးရက ပိတ်ပင်လိုက်ရာမှ အစပြုဖြစ်ပေါ်လာသည့် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ယနေ့(စက်တင်ဘာ ၉) နီပေါဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်လိုက်ရသည်။ စက်တင်ဘာ ၅ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း ၂၆ ခုကို နီပေါအစိုးရက ပိတ်ပစ်လိုက်သည့်အတွက် သန်းနှင့်ချီသော ပြည်သူများ၏ ဆက်သွယ်ရေးနှင့် စီးပွားရေးလည်ပတ်မှုများကို ရပ်ဆိုင်းသွားစေခဲ့သည်။ ယင်းအပေါ်လူထုက လက်မခံနိုင်ဖြစ်ရာမှ ဆန္ဒပြပွဲများ စတင်လာခြင်းဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် မြို့တော်ခတ္တမန္ဒူနှင့် အခြားမြို့ကြီးများတွင် ကျောင်းသားအများစု ပါဝင်သည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာက အစိုးရ၏ အကျင့်ပျက်ခြစားမှုများကို အဆုံးသတ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ အစိုးရက အိမ်အပြင်မထွက်ရအမိန့် ထုတ်ပြန်ခဲ့သော်လည်း ယင်းအမိန့်ကို ဖီဆန်ကာ ယနေ့ အင်္ဂါနေ့တွင် ဆန္ဒပြပွဲများ အရှိန်အဟုန် မြင့်တက်လာပြီးနောက် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက […]

“ကြိုးဝိုင်းထဲမှာ နောက်တစ်ကြိမ်ကစားဖို့အတွက် ပြန်လာပါပြီ” လို့ ဒေဝဆို

Dawei Watch

September 9, 2025

မြန်မာလက်ဝှေ့ချန်ပီယံဟောင်း ဒေဝကတော့ “ကြိုးဝိုင်းထဲမှာ နောက်တစ်ကြိမ်ကစားဖို့ ဒေဝ ပြန်လာပြီလို့ အားလုံးကိုပြောလိုက်ပါ”ဆိုပြီး Post ရေးသားလွှင့်တင်လိုက်ပါပြီ။ ပရိသတ်တွေက သူ့ကို “တကယ်ပဲ ပြန်လာတော့မှာလား”လို့ မေးတဲ့မေးခွန်းတွေကိုလည်း ဒေဝက “မကြာခင်မှာ သိရပါလိမ့်မယ်”လို့ ပြန်ဖြေထားပါပြီ။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ BKFC တို့ ပေါင်းစည်းလိုက်ပြီးတဲ့နောက်မှာ ကြိုးဝိုင်းထဲဆီကို ဒေဝ တစ်ကျော့ပြန်လည်ရောက်ရှိလာမယ့်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒေဝဘက်က အခုလို အသိပေးလိုက်တာကြောင့် ဘယ်ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာ ဒေဝ ပြန်လည်ပွဲထွက်လာလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ BKFC ဘက်ကလည်း ဒေဝကို သူတို့အတွက် စိန်ခေါ်ပွဲတချို့ ထိုးပေးဖို့ လိုလားနေသလို ဒေဝကည်း BKFC ဘက်ကမှာ ရိုးရာလက်ဝှေ့ခါးပတ်ချန်ပီယံဖြစ်ချင်နေပါတယ်။ ဒေဝဟာ မြန်မာ့ရိုးရာလက်ဝှေ့ဘက်မှာ နာမည်ကောင်းတစ်ခု ရရှိခဲ့သလို ကမ္ဘောဒီးယားနိုင်ငံမှာလည်း ခွန်ခမာဖိုက်တာ ပရွမ်ဆမ်းနန်နဲ့ အထူးစိန်ခေါ်ပွဲ ထိုးခဲ့ဖူးပါတယ်။ ထိုင်းဖိုက်တာတွေနဲ့ […]

မြန်မာဖိုက်တာ ကျော်စွာဝင်းကို Fairtex Gym က ၄ နှစ်သက်တမ်းစာချုပ် ချုပ်လိုက်ပြီ

Dawei Watch

September 9, 2025

မြန်မာဖိုက်တာ ကျော်စွာဝင်းအတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ မန္တလေးသားလေး ကျော်စွာဝင်းရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်ခြိုက်တဲ့အတွက် Fairtex Gym ဟာ သူ့ကို စင်တင်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြောရမယ်ဆိုရင် အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့မြန်မာဖိုက်တာလေးကို Fairtex Gym က မွေးစားလိုက်တာပါပဲ။ Fairtex Gym က သူ့ကို ၄ နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်ပြီဆိုတဲ့အကြောင်း ကျော်စွာဝင်းက သူ့ရဲ့ Facebook Account ကနေ တရားဝင်အသိပေးလာခဲ့ပါတယ်။ “ဆင်ခြေဖုံးရပ်ကွက်လေးထဲက ချာတိတ်လေးကို Fairtex ကလပ်က ၄ နှစ်သက်တမ်းစာချုပ်,ချုပ်ဆိုခဲ့ပါတယ်။ ပညာတွေအများကြီးသင်ယူပြီး ဒီထက်မက ကြိုးစားသွားပါဦးမယ်ခင်ဗျာ”ဆိုတာက Fairtex Gym က သူ့ကို စာချုပ်,ချုပ်လိုက်တာနဲ့ပတ်သက်ပြီး ကျော်စွာဝင်းရဲ့ ရင်ဖွင့်စကားသံတွေပါပဲ။ Fairtex Gym မှာ လေ့ကျင့်နေတဲ့ဖိုက်တာအားလုံးက ကျော်စွာဝင်းကို ညီအစ်ကိုရင်း၊ […]

မလေးရှားတွင် စားသောက်ဆိုင်တန်းဝင်ဖမ်းချိန် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

September 9, 2025

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသည်ဆိုပြီး မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်တင်ဘာလ ၈ ရက် ညဘက်တွင် ပူချုန်းမြို့ရှိ စားသောက်ဆိုင်တန်းတစ်ခုကို မလေးရှား လဝကအဖွဲ့က တစ်နာရီကျော်အကြာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ၅၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၄၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၃ ဦးတို့ ပါဝင်ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများသည် အသက် ၂၃ နှစ်မှ ၄၇ နှစ် အရွယ်များ […]

ရေဖြူ ရာဖူးရွာတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေ၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

Dawei Watch

September 9, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးရွာတွင် စက်တင်ဘာလ ၈ ရက်တွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲကာ မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။ ရာဖူးရွာနှင့် တစ်ရွာခြားတွင် ရှိသည့် မရမ်းချောင်းကျေးရွာရှိ စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရာဖူးရွာတွင် လာရောက်ရွှေ့ပြောင်းအလုပ်လုပ်ကြသည့် ပဲခူးတိုင်းက မိသားစုတစ်စုနေထိုင်သော ရွာအလယ်ပိုင်းရှိ နေအိမ်ပေါ်သို့ ကျည်ကျရောက်ပေါက်ကွဲကာ အသက် ၃ နှစ်အရွယ် ကလေးငယ် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ အသက် ၄၀ အရွယ် ရာဖူးရွာသား ကိုဝင်းရွှေလည်း ကျည်စထိမှန်ကာ ခြေထောက်တစ်ဖက် အရိုးကျိုး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုသည်။ ယင်းသို့ […]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်

Dawei Watch

September 9, 2025

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်သည်။ ယင်းမှာ ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် ၂ ခုစာ လွှမ်းမိုးလာခဲ့သည့် ရှင်နာဝပ်မိသားစုအတွက် နောက်ထပ်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း Bangkok Post က ဖော်ပြသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သက်ဆင်၏ ကျန်းမာရေးအခြေအနေ အရေးပေါ် မဟုတ်ဘဲ ဆေးရုံသို့ ပို့ဆောင်ထားခြင်းမှာ ဥပဒေနှင်မညီကြောင်း တရားရုံး၏ အမိန့်အရ သိရသည်။ သက်ဆင် ကိုယ်တိုင်သည်လည်း ၎င်း၏ ကျန်းမာရေးအခြေအနေမှာ အရေးပေါ် အခြေအနေမဟုတ်မှန်း သိရှိနေပြီး ထို့ကြောင့် ဆေးရုံတွင် နေထိုင်မှုကို ထောင်ဒဏ်အဖြစ် မမှတ်ယူနိုင်ကြောင်း တရားရုံး၏ အမိန့်က ဆိုသည်။ ယခု တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်သဖြင့် ရဲတပ်ဖွဲ့က သက်ဆင်အား […]