စစ်အာဏာရှင်တပ်စစ်ကြောင်း မလွှဲတောင်အနီးအထိ တိုးလာ၍ တိုက်ပွဲပြင်းထန်နေ
Dawei Watch
September 10, 2025ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ ဦးတည်ကာ သြဂုတ်လကတည်းက စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ စက်တင်ဘာလ ၁ဝ ရက်တွင် မလွှဲတောင်အနီး ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျွဲတလင်းရွာအထိ ရောက်နေပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ သြဂုတ်လ နောက်ဆုံးအပတ်ကတည်းက တော်လှန်ရေးတပ်များက ပိတ်ဆို့ဟန့်တားထား၍ ယင်းစစ်ကြောင်းသည် မရမ်းချောင်းရွာဝန်းကျင်တွင် သာရှိနေခဲ့သော်လည်း လမ်းပိုင်းပြန်ဖွင့်စဥ် အရှေ့သို့ တိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံတို့ကဆိုသည်။ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း ပြန်ဖွင့်ခဲ့သည့် စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ ယင်းလမ်းပိုင်း၌ နေ့စဥ်ထိတွေ့ပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေး သတင်းအရင်းအမြစ်များထံမှသိရသည်။ ယင်းအခြေအနေကို သိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ပစ်ခတ်မှုများအတွင်း ကားသမားတစ်ဦး၊ […]


