ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စပါးမျိုး ပြောင်းစိုက်ပြီးနောက် နှစ်ဆခန့်အထွက်တိုးဟုဆို

diz_admin

November 27, 2020

ပုံမှန်စိုက်နေကျ မျိုးစပါးများကို မစိုက်တော့ဘဲ မျိုးအသစ်ကို ပြောင်းလဲ စိုက်ပျိုးခဲ့ရာတွင် နှစ်ဆခန့်အထွက် တိုးလာသည်ဟု မြိတ်ဒေသခံ စပါးစိုက် တောင်သူများကပြောသည်။ မြိတ်ဒေသအတွင်း မိရိုးဖလာ မျိုးစပါးများဖြစ်သည့် ဧည့်မထ၊ ပေါ်လာကဲနှင့် ပုံမှန်မျိုးစပါးများစိုက်ပျိုးနေရာမှ ယခုနှစ်မိုးရာသီတွင် ဆင်းသုခ၊ မနော သုခ၊ ဆင်းရွှေလီ၊ ပေါ်ဆန်း၊ တောင်ပျံ စသည့်မျိုးစပါးများ ပြောင်းလဲစိုက်ပျိုး လိုက်သည့်အတွက် အထွက်နှုန်းမှာ နှစ်ဆဝန်းကျင်ဖြစ်လာကြောင်း ၎င်းတို့က ပြောသည်။ ယခင်က တစ်ဧကလျှင် စပါးတင်း ၄၀ မှ ၅၀ ဝန်းကျင်သာ ထွက်ရှိခဲ့ရာမှ ယခုတွင် တင်း ၇၀ မှ ၈၀ ဝန်းကျင် ထွက်ရှိလာကြောင်း မြိတ်မြို့၊ ကျွဲကူး ကျေးရွာမှ အသက် ၅၀ အရွယ် ဒေါ်အေးမူ က ပြောသည်။ […]

တနင်္သာရီတိုင်း မိုးရေချိန် စံချိန်တင်လျော့နည်း- မိုးခေါင် ရေရှားဘေး ဆီသို့

diz_admin

November 27, 2020

မိုးများသည့် တနင်္သာရီတိုင်းသည် ယခုနှစ်တွင် မိုးရေချိန်နှင့် မိုးရွာရက်မှာ စံချိန်တင်လျော့နည်းနေသည်ကို တိုင်းမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန မှတ်တမ်းအရ သိရသည်။ အထက်ပါဌာန၏ စာရင်းအရ တနင်္သာရီတိုင်း၏ ပျန်းမျှမိုးရေချိန်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လက်မ ၁၈၀ မှ ၂၂၄ ဝန်းကျင်အတွင်းရှိပြီး ယင်းကာလများအတွင်း တစ်နှစ်လျှင် မိုးရွာရက်မှာ ၁၅၀ နှင့် ၁၆၀ ရက်အကြားတွင်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်စမှ မိုးရာသီကုန်ဆုံး ပြီးချိန်သည့် နိုဝင်ဘာလ ၁၂ ရက်အထိ ပျန်းမျှမိုးရေချိန်မှာ ၁၄၅ လက်မသာရှိခဲ့ သည်။ မိုးရွာရက်မှာ ၁၃၅ ရက်သာရှိခဲ့ သည်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း မိုးရွာနိုင်ချေရှိသေးသော်လည်း ယခင်နှစ်များတွင် ရှိခဲ့သည့် ပုံမှန်မိုးရေချိန်ကို မမီနိုင်တော့ကြောင့် မိုးလေဝသနှင့် ဇလဗေဒ […]

ရောင်စုံဘလောက်တုံးရောင်းအား ထက်ဝက်ခန့်ကျ

diz_admin

November 26, 2020

ရောင်စုံအုတ်ဘလောက်တုံးများ ထက်ဝက်ခန့်ရောင်းအားကျဆင်းလာကြောင်း ရောင်စုံအုတ်နှင့် ကွန်ကရစ် ပစ္စည်းထုတ်လုပ်လုပ်ရောင်းချသူများထံ က သိရသည်။ ရောင်းအားကျဆင်းလာသည်မှာ လေးလခန့်ရှိပြီဖြစ်ကြောင်း ထားဝယ်၊ ဆန်းချီရပ်မှ ရောင်စုံအုတ်နှင့် ကွန်ကရစ် ကျောက်ပြားလုပ်ငန်းရှင် ကိုစိုးထိုက်က ပြောသည်။ “ကိုဗစ်ကာလမှာတော့ ဒီအတိုင်းပဲ ပုံမှန်လေးပဲ သွားနေတယ်။ အရင်တုန်းကထက်တော့ နည်းနည်းလျော့ကျသွား တာပေါ့နော်” ဟု ကိုစိုးထိုက်က ဆိုသည်။ ရောင်စုံကွန်ကရစ်ဘလောက်တုံးများကို ၂၀၁၈ ခုနှစ်ခန့်တွင် တစ်ရက် ၂၀ဝ ခန့်သာထုတ်လုပ်ခဲ့ရသော်လည်း ၂၀၁၉ ခုနှစ်တွင် တစ်ရက် ၁၀ဝ၀ ခန့် ထုတ်လုပ်ရသည်အထိ ဈေးကွက်ကောင်းခဲ့သည်ဟု ကိုစိုးထိုက်က‌ ပြောသည်။ ကိုဗစ်ကာလဒုတိယလှိုင်းတွင် ရောင်းအား ထက်ဝက်ခန့်ကျဆင်းသွားသဖြင့် တစ်ကျင်းလျှင် ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်ခန့်လျော့ပေးကာ ရောင်းနေရ သည့်အခါများလည်းရှိသည်ဟု ကွန်ကရစ် လုပ်ငန်းလုပ်ကိုင်သူ ဦးဘမြင့်က ပြောသည်။ […]

အဂတိတိုင်စာ ၂၀ ကျော် တိုင်းအစိုးရထံ ပြန်လွှဲ

diz_admin

November 26, 2020

ယခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တိုင်းအစိုးရထံ ပြန်လွှဲသည့် တိုင်ကြားစာ ၂၅ စောင်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ အဂတိကော်မရှင်မှ ပြန်လွှဲသည့် တိုင်ကြားစာများအနက် အစိုးရက ထောက်ပံ့သည့် ကိုဗစ် ထောက်ပံ့ကြေး နှစ်သောင်းကျပ်မရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို တိုင်ကြားမှုမှာ အများဆုံးဖြစ်ပြီး တိုင်ကြားစာ ၁၁ စောင်ရှိကြောင်း ဦးမြင့်မောင်က ပြောသည်။ ကျန်သည့်တိုင်ကြားစာများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန နှစ်စောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဌာနကို ရှစ်စောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို တစ်စောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို တစ်စောင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို တစ်စောင် ဖြစ်သည်။ လက်ရှိအချိန်ထိ အဂတိကော်မရှင် (ACC) မှ တိုင်းအစိုးရထံ ပြန်လွှဲသည့် တိုင်ကြားစာများအနက် […]

ကိုဗစ်ကြောင့် ပန်းရန်လုပ်ငန်းများရပ်နားထားရသည်မှာ လေးလခန့်ရှိ ဟုဆို

diz_admin

November 25, 2020

ပုလောမြို့နယ်အတွင်း ပန်းရန်လုပ်ငန်းများ အလုပ်ရပ်နားထားရသည် မှာ အချိန်လေးလခန့်ရှိနေပြီဖြစ်ကြောင်း ယင်းလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ နေအိမ်ဆောက်လုပ်များသူအနေဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းကာလတွင် ငွေအကုန်မခံလိုသည့်အတွက် အိမ်ဆောက်ရက်အား ရွှေ့ဆိုင်းခဲ့ကြသဖြင့် အလုပ်မလုပ်ရခြင်းဖြစ်ပြီး အချို့မှာ အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်နေရ ကြောင်း ပန်းရန်လုပ်ငန်း လုပ်ကိုင်သူအချို့ က ပြောပြသည်။ “ပန်းရန်မလုပ်ရတဲ့အတွက် စပါးလိုက် ရိတ်နေရတယ်” ဟု ပုလောမြို့နယ်၊ မင်းပြင်ကျေးရွာမှ ပန်းရန်ဆရာဖြစ်သူ ဦးအုန်းလွင်က ပြောသည်။ ထိုသို့ အလုပ်ပြောင်းလဲလုပ်ကိုင် နေသော်လည်း မိမိကျွမ်းကျင်သည့် အလုပ်မဟုတ်သည့်အတွက် အခက်အခဲအများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောပြသည်။ ပုလောမြို့‌နေ ပန်းရန်ဆရာ ဦးညီစိုး ကလည်း ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီ အချိန်တွင် လုပ်ငန်းအပ်နှံသူများပြားပြီး ယခုပွင့်လင်းရာသီတွင် မရှိသလောက် ရှားပါးနေပြီဖြစ်ကြောင်း ပြောသည်။ ယင်းကဲ့သို့ ပန်းရန်အလုပ်များ […]

မော်လမြိုင် အိုးလုပ်ငန်း သုံးပုံ တစ်ပုံခန့် ကျ

diz_admin

November 25, 2020

ကိုဗစ်ကူးစက်ရောဂါကြောင့် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ အိုးထုတ်လုပ်ငန်း သုံးပုံတစ်ပုံခန့် လျော့ကျသွားသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် တစ်နေရာနှင့် တစ်နေရာ သွားလာ၍ မရသည့်အတွက် အိုးများ ဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိသောကြောင့် လုပ်ငန်းအချို့ကို ရပ်နားထားရပြီး လက်ရှိတွင် သုံးပုံတစ်ပုံခန့်သာ လုပ်ကိုင်နေသည်ဟု မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းကြည်က ပြောသည်။ “အရောင်းအဝယ်တွေ၊ ကုန်သည်တွေ မလာတော့ အလုပ်ကို လုပ်တယ်ဆိုရုံပဲ လုပ်နေတယ်။ နားတော့ မနားဘူး လုပ်နေတယ် သုံးပုံတစ်ပုံလောက်ပဲ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။ မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်းနေရာသည် မွန်ပြည်နယ်အတွင်း အကြီးဆုံး အိုးထုတ်လုပ်သည့်နေရာတစ်ခုဖြစ်ပြီး စဥ့်အိုး၊ ငါးပိအိုး၊ ငရုတ်ဆုံ၊ ပန်းအိုး၊ ဆီမီးခွက်၊ ဆွမ်းအိုး စသဖြင့် အိုးအမျိုး အမျိုးတို့ကို ထုတ်လုပ် ရောင်းချနေသည့် […]

သတ္တုမိုင်းတွင်းကြောင့် ချောင်းကော၊ ခြံပျက်သည်ကိစ္စ သုံးလကြာမှစစ်

diz_admin

November 25, 2020

တောင်ပိုင်းကမ္ဘာ သတ္တုမိုင်း၏ ကျောက်တုံး၊ ကျောက်ခဲများနှင့် စွန့်ပစ် မြေစာတို့ကြောင့် ချောင်းကော၊ ခြံပျက် ခဲ့မှုအပေါ် ဒေသခံများကတိုင်ကြားထားသည်ကို သက်ဆိုင်သည့် ဌာနဆိုင်ရာများ စုပေါင်းပြီး နိုဝင်ဘာလ ၁၈ ရက်က သွားရောက်စစ်ဆေးခဲ့သည်။ မိုးတွင်းကာလဖြစ်သည့် သြဂုတ်လအတွင်းက တောင်ပိုင်းကမ္ဘာ ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇော်ဖိုးလလုပ်ကွက်မှ ကျောက်တုံး၊ ကျောက်ခဲနှင့် စွန့်ပစ် မြေစာတို့သည် တောင်ကျရေနှင့်အတူ ဖွတ်လက်တိုချောင်းအတွင်း စီးဝင်ခဲ့ သည်။ ယင်းသို့ စီးဝင်သဖြင့် ချောင်းရေစီကြောင်းပြောင်းသွားပြီး ဒေသခံတို့၏ ဥယျာဉ်ခြံအတွင်း စီးဝင်သဖြင့် ခြံပါပျက်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကိစ္စဖြစ်ပြီးသည်ကို ဒေသခံများက သက်ဆိုင်ဌာနဆိုင်ရာတို့ထံ တိုင်ကြားခဲ့ပြီးနောက် ယခုလ တတိယပတ်တွင် သတ္တုတွင်း ဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံး၊ သစ်တောဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန […]

NLD အောင်ပွဲခံသည့် လူအုပ်စုအတွင်း ဓားဖြင့်ဝင်ခုတ်၊ လူသုံးဦး ဆေးရုံရောက်

diz_admin

November 25, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိသဖြင့် အောင်ပွဲခံ ကခုန်နေကြသည့် လူအုပ်စုအတွင်းသို့ အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ခုတ်ရာ လူသုံးဦးဒဏ်ရာရရှိသဖြင့် ဆေးရုံတင်လိုက်ရကြောင်း ကာယကံရှင်များနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။ မြိတ်မြို့၊ ဇေယျာသီရိ(၁)ရပ်ကွက် တွင် နိုဝင်ဘာလ ၉ ရက်နေ့က NLDအားထောက်ခံကြသည့် လူငယ်တစ်စုမှ ဆောင်းဘောက်များဖြင့် သီချင်းဖွင့်ကာ ကခုန်နေကြစဉ် ည ၉ နာရီခန့်တွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားက အိမ်သုံးဓားဖြင့် ဝင်ခုတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဝင်ခုတ် ခြင်းကြောင့် လူငယ်သုံးဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်ဟု ရပ်ကွက်နေပြည်သူများက ပြော ပြသည်။ “ပထမအိမ်ပေါ်ကနေ အော်ဟစ်ဆဲ ဆိုတယ်။ ပြီးတော့ ဆင်းလာပြီး ဓားနဲ့ ဝင်ခုတ်တယ်” ဟု အခုတ်ခံရသူ ကာယကံရှင် […]