ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အရေးပေါ်ယာဉ်နှင့် ဆိုင်ကယ် တိုက်၊ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေ

diz_admin

November 23, 2020

မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ကြံတော လမ်းဆုံမီးပွိုင့်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြစ်သည့် အရေးပေါ်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ ချစ်ကြည်ရေးအသင်း ကျန်းမာရေးအထောက်အကူပြုအရေးပေါ်ယာဉ်မှာ ကဘင်းရွာရှိ နည်းပညာတက္ကသိုလ်မှ အနံ့မရသူတစ်ဦး(ကိုဗစ် လက္ခဏာရှိသူ)အား သွားရောက်ခေါ် ဆောင်ရန် မြိတ်မြို့မှအထွက် ဗန္ဓုလလမ်းမှ မောင်းနှင်လာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးကိုက ပြောပြသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသည့် မိသားစုဝင်များအား ကျေနပ်စေရန် တောင်းပန်သွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ အဆိုပါချစ်ကြည်ရေးလူမှုကူညီ ရေးအသင်းအနေနှင့် ကိုဗစ်ပိုးတွေ့လူနာ ၁၀ဝ ဦးကျော်အား သယ်ယူပေးပြီးဖြစ်ကာ ယင်းဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။ ယာဉ်တိုက်မှုအား ဥပဒေအရ […]

မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်များလာ

diz_admin

November 23, 2020

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်လူနာ ပြန်များလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရ သည်။ ပြည်နယ်အတွင်း အထူးသဖြင့် သထုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၁၈၀ ကျော်ရှိနေပြီး လူနာနှင့် ထိတွေ့ထားသူ ၄၀ဝ ကျော်ရှိသည်ဟု သထုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ပြောသည်။ “နိုဝင်ဘာလ ဒုတိယအပတ် လောက်ကနေစပြီးတော့ ရောဂါကူးစက်မှုတွေက ဆက်တိုက်တွေ့ရှိလာတာဖြစ်တယ်။ အနံ့မရသူတွေက များတယ်” ဟု ၎င်းက ပြောသည်။ ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ၊ ရောဂါလက္ခဏာ ပြသူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။ […]

ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးသယ်သည်ဆိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စ စုံစမ်းစစ်ဆေးမည်

diz_admin

November 23, 2020

ရန်ကုန်မြို့တွင် သောင်တင်နေသည့် ထားဝယ်ဒေသခံများကို ကားဖြင့် ခိုးသယ်သည်ဆိုသည့်အပေါ် ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင် ကန့်သတ်ခဲ့သည်။ ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီ တိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။ ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ် သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် မြို့ ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက အခငွေကြေးယူကာ ထားဝယ်ဒေသသို့ ပြန်လိုသူများကို ကားဖြင့်ခိုးသယ်နေသည်ဟု ကြားသိရကြောင်း ကိုဗစ်ထိန်း […]

လောင်းလုံးတွင် ကျောင်းနှင့် ဝန်ထမ်းအိမ်ရာအတွက် သိန်း ၁၅၀ဝ၀ သုံးမည်

diz_admin

November 23, 2020

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးအတွက် ကျပ်သိန်းပေါင်း ၁၅၀ဝ၀ အသုံးပြုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ အောက်ကျောက်ဝပ်၊ (ဂ) ရပ်ကွက်၊ မဲမော်၊ သဗျာ၊ ပိတက်ကြီး၊ ငပိတက်ငယ်၊ ပြင်ကြီး(သဘော့ဆိပ်) တို့တွင် အကျယ်အဝန်း ပေ ၇၀- ၃၀ ရှိ နှစ်ထပ် စာသင်ဆောင်နှင့် ပေ ၆၀ – ၃၀ တစ်ထပ် ဝန်ထမ်းအဆောင်ကိုလည်း ဆောက်လုပ် မည်ဖြစ်ကြောင်း မြို့နယ်ဒုတိယပညာရေးမှူး ဦးဇော်ဇော်စိုး(စီမံ/ဘဏ္ဍာ) က ပြောသည်။ လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည် ယင်းအပြင် ညောပြင်၊ ပန်းတလဲ၊ ကမြောကင်း၊ သကျက်တော၊ ကျောက်နီမော်၊ မြို့ဟောင်း၊ ကမ်းပနီ၊ မောင်းမကန်၊ ကရင်ကြီး စသည့်ကျေးရွာများတွင်လည်း […]

ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

diz_admin

November 23, 2020

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသူများအနက် ၁၇၁ ဦးကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ခေါ်ယူခဲ့ကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ် ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ နေရပ်ပြန်ရန်စာရင်းပေးသွင်းထားသူ ၂၇၀ ဦးအနက် ၁၇၁ ဦးကို မော်တော်ယာဉ် ရှစ်စီးဖြင့် ပြန်လည်ခေါ်ယူခြင်း ဖြစ်သည်။ ပထမအသုတ်တွင် ပါဝင်သူများမှာ ထားဝယ်ခရိုင်မှ ၉၅ ဦးနှင့် သံဃာ ၅ ပါး၊ မြိတ်ခရိုင်မှ ၆၆ ဦးနှင့် ကော့သောင်း ခရိုင်မှ ငါးဦးတို့ ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မှ ပြန်လာမည့် ကားစရိတ်အား လှူဒါန်းသူရှိသည့်အတွက် အခငွေကြေးပေးရန် မလိုကြောင်း ထားဝယ်ဒေသလူထုအခြေပြုအထောက် အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦး က ဆိုသည်။ ပိတ်မိနေသူများ ထားဝယ်ပြန် […]

တိုင်းအစိုးရအဖွဲ့ Speed Boat ဝယ်မည်

diz_admin

November 21, 2020

တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းနိုင်ရန်အတွက် အမြန်ရေယာဉ် (Speed Boat) တစ်စီး ဝယ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအစိုးရအဖွဲ့ဝင်များ စီးနင်းမည့် လူ ၁၈ ဦးဆံ့ အဆိုပါယာဉ် ဝယ်ယူပြီးပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစိစစ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် တိုင်းအစိုးရအနေနှင့် အမေရိကန်နိုင်ငံထုတ် Speed Boat တစ်စီး ဝယ်ရန်အတွက် တင်ဒါခေါ်ထားပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် တင်ဒါ ပိတ်မည်ဖြစ်သည်။ သဘာ၀ဘေးအတွက် ထားဝယ် လေးမြို့နယ် ဖိုင်ဘာလှေတစ်စီးစီ ရမည် “အဓိကကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ သွားလာတဲ့အခါမှာ စီးဖို့အတွက်ပေါ့နော်။ လှေနဲ့ သွားရမယ့်ကိစ္စတွေ၊ စပိဘုတ်နဲ့ သွားရမယ့်ကိစ္စဆိုရင် စီးဖို့အတွက်ဝယ်မှာ” ဟု […]

ကိုဗစ်ထောက်ပံ့ကြေးမရသေးသည့် မသန်စွမ်းများ လူမှုဝန်ထမ်းရုံးထံ ဆက်သွယ်ပါ

diz_admin

November 20, 2020

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ထောက်ပံ့ကြေး လုံးဝမရသေးသည့် မသန်စွမ်းများအနေဖြင့် တိုင်းလူမှုဝန်ထမ်းရုံးထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း ယင်းဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ်သုံးသောင်းမရသေးသည့် မသန်စွမ်းများသည် တိုင်းလူမှုဝန်ထမ်းရုံး ဖုန်းနံပါတ် ဝ၅၉၂၀၂၃၄၉၇ သို့ ဆက်သွယ် စာရင်းပေးပို့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းဦးရေ နှစ်သိန်းကျော်အနက် တစ်သောင်းကျော်ကို ကိုဗစ်ထောက်ပံ့ကြေးမပေးရသေးကြောင်း တိုင်းလူမှု ဝန်ထမ်းစာရင်းအရ သိရသည်။ ယင်းကျန်နေသူများအထဲတွင် တနင်္သာရီတိုင်းက မသန်စွမ်းများလည်း ပါဝင်ကြောင်း တိုင်းလူမှုဝန်ထမ်းရုံးထံမှ သိရသည်။ ကျော်သူစိုး

NLD ဝန်းရံသူတစ်ဦး အောင်ပွဲခံနေစဉ် အရိုက်ခံရ

diz_admin

November 20, 2020

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဝန်းရံ သူတစ်ဦး အောင်ပွဲခံနေစဉ် အရိုက်ခံရသည့် ဖြစ်စဉ်တစ်ခု ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ တွင် ဖြစ်ပွားခဲ့သည်။ အထွေထွေရွေးကောက်ပွဲအပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၉ ရက် ည ၈ နာရီအချိန်ခန့်တွင် စမ်းလှမ်းရွာမှ NLD ပါတီဝန်ရံသူများက အောင်ပွဲခံနေစဉ် ကြံ့ခိုင်ရေးပါတီဝန်းရံသူက တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောသည်။ လောင်းလုံး၊ ကမြောကင်းမဲရုံအမှတ်(၁) ကြိုတင်မဲ NLD အနိုင်ရ အရိုက်ခံရသူမှာ အသက် ၂၀ ဝန်း ကျင်အရွယ်ဖြစ်ပြီး ရိုက်သူမှာ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် လူငယ်ဖြစ်ကြောင်း ဦးမျိုးသိန်းက ပြောသည်။ အရိုက်ခံရသူသည် စမ်းလှမ်းရွာထိပ်မှ လက်ခတ်တောင်ပေါ်သို့ ပစ္စည်းပို့ သွားရန်အလာ လမ်းတွင် […]