ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည်

diz_admin

November 20, 2020

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလုံး၊ ငွေရင်းအသုံး စာရိတ်မှ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်(၁၃၉၀ သိန်း) အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနထံမှ သိရသည်။ ယင်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ မြေသားလမ်း၊ ဂါလံငါးထောင်ဆံ့ ‌ရေကန်ငါးကန်နှင့် ဂါလံတစ်သောင်းဆံ့ ရေကန် နှစ်ကန် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါဌာန ဦးစီးမှူး ဒေါ်နိုနိုကိုက ပြောသည်။ လောင်းလုံးစည်ပင် လုပ်ငန်းအတွက် ယမန်နှစ်ထက် ကျပ်သိန်း ၃၀ဝ ကျော် ပိုသုံးခွင့်ရ ယင်းလုပ်ငန်းများကို ဝက်သားကင်၊ ကျောက်နီမော်၊ ကရင်ကြီး၊ သဗျာ၊ အောက်ကျောက်ဝပ်၊ စခန်းကြီးတို့တွင် ဆောင်ရွက်မည်ဖြစ်သည်။ လောင်းလုံးမြို့နယ်ရှိ ကြက်ယက်တွင်းကျေးရွာအား ယခုဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေးအတွက်လည်း တင်ပြထားကြောင်း ၎င်းကပြောသည်။ လောင်းလုံးအင်းဖျားကန်ပန်းခြံ ၇၅ ရာခိုင်နှုန်း ပြီးစီး မြစိမ်းရောင်ကျေးရွာအဖြစ်သတ်မှတ်ခံရပါ ငွေကျပ်သိန်းငါးရာကို ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေအဖြင့်ရရှိမည်ဖြစ်ပြီး […]

ကျေးလက်လမ်းအတွက် ငွေကျပ် သန်း ၅၀ ကျော် သုံးမည်

diz_admin

November 20, 2020

တိုင်းအတွင်းရှိ ကျေးလက်လမ်းများ ဖောက်လုပ်အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သန်း ၅၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။ အဆိုပါ ဘတ်ဂျက်များအနက်မှ ပေငါးဆယ်နှင့်အထက် တံတားများ ဆောက်ရန်အတွက် တံတားဦးစီးဌာနသို့ ငွေကျပ် ခြောက်သန်းကျော်ကို လုပ်ငန်းအပ်နှံခဲ့ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါ ငွေကြေးအနက်မှ ပစ္စည်း တင်ဒါခေါ်ပြီး ဌာနကိုယ်တိုင်ကြီးကြပ်မည့် လုပ်ငန်းများအတွက် ကျပ် ၂၂ သန်းခန့် အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ လုပ်ငန်းတစ်ခုလုံးတင်ဒါခေါ်မည့် လုပ်ငန်းများအတွက်ကိုမူ ကျပ် ၂၂ သန်းကျော် သုံးစွဲမည်ဖြစ်သည်။ အထက်ပါငွေကြေးများကို တိုင်းအတွင်း အဆင့်လိုက်သတ်မှတ်ထားသည့် လမ်းများ အဆင့်မြှင့်တင်ဖောက် လုပ်ရာတွင် သုံးစွဲမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးဇော်မိုးဦးက ဆိုသည်။ ကျေးလက်ဒေသရှိ လမ်းများကို အတန်းအစား […]

ကိုဗစ်ကာလ သင်္ကန်းပရိက္ခရာ ရောင်းအား သုံးပုံနှစ်ပုံခန့်ကျ

diz_admin

November 19, 2020

ပုံမှန်အားဖြင့် ဝါတွင်း၊ ဝါပ ကာလနှင့် ကထိန်ရာသီတွင် သင်္ကန်း ပရိက္ခရာများ ရောင်းရနေပြီဖြစ်သော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ကိုဗစ် ကပ်ဘေးကြောင့် သင်္ကန်းပရိက္ခရာရောင်းအား သုံးပုံနှစ်ပုံခန့် ရောင်းအားကျ ဆင်းသွားသည်ဟု ထားဝယ်ဈေးကွက် အတွင်းမှ သိရသည်။ ကိုဗစ်ကာလတွင် ပွဲလမ်းသဘင် များကျင်းပခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို တားမြစ်ထားသဖြင့် အရောင်း အဝယ်ရပ်သွားသည်ဟု ထားဝယ်စည်ပင်သာယာဈေးကြီးတောင်ဘက်ခြမ်းရှိ ရွှေဟင်္သာသင်္ကန်းပရိက္ခရာအရောင်း ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးဟိန်းက ပြောသည်။ “နာရေးကိစ္စတစ်ခုကလွဲပြီး ကျွန်တော်တို့မှာ ဈေးကွက်မရှိဘူး။ ကျန် ကိစ္စဆို သိပ်မလာဘူး” ဟု ကိုပြည့်ဖြိုးဟိန်း က ဆိုသည်။ မဖြစ်မနေပြုလုပ်ရသည့် အလှူပွဲများကိုလည်း အကျဉ်းချုံးပြီးလုပ်ကြသဖြင့် ရောင်းအား သိသိသာသာကျဆင်းသွားပြီး အရှုံးပေါ်နေသည်ဟု ၎င်းက ပြောသည်။ ဝါဆိုကာလတွင် ရောင်းရန်ဝယ်ထားသည့် သင်္ကန်းများ ရောင်းမထွက်သဖြင့် ကထိန်ရာသီမှသာ […]

၂၀၂၀ ရွေးကောက်ပွဲကပြောသော ကိန်းဂဏန်းများ NLDက ကြံ့ခိုင်ရေးထက် မဲရလဒ် လေးဆကျော်ပို

diz_admin

November 18, 2020

နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲရလဒ်အရ တနင်္သာရီတိုင်းတွင် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။ ထွက်ပေါ်လာသည့် ရလဒ်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် NLDပါတီအတွက် ပြီးခဲ့သည့်ငါးနှစ်ကထက် ပို၍ အောင်မြင်မှုရခဲ့ကြောင်း တွေ့ရှိရသည်။ အောက်ဖော်ပြပါအချက်အလက်နှင့် ရုပ်ပုံများသည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။ မဲပေးသူ ပိုများ၂၀၁၅ ခုနှစ်က တိုင်းအတွင်း မဲပေးခွင့်ရှိသူ ဆယ်သိန်းနီးပါး (၉၈၅၀ဝ၈ ဦး) ရှိသည့်အနက် ဆန္ဒမဲလာပေးသူ ခြောက်သိန်းကျော် (၆၁၈၅၈၈ ဦး) ရှိသည်။ ရာခိုင်နူန်းအားဖြင့် ၆၂ ဒသမ ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်မှု မဲပေးခွင့်ရှိသူ […]

ကျွဲနွားများ တရားမဝင်သယ်ယူမှုဖြင့် မြန်မာနိုင်ငံသားခုနစ်ဦးအား ထိုင်းဘတ် ၅၅၀ဝ စီ ဒဏ်ရိုက်

diz_admin

November 18, 2020

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခရီခန်ခရိုင်၊ ထပ်စကဲမြို့တွင် နိုဝင်ဘာလ ၂ ရက်နေ့က ကျွဲနွား အကောင်ရေ ငါးဆယ်ကျော်ကို တရားမဝင်သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား ခုနစ်ဦးအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀ဝ နှင့် ဆိုင်းငံထောင်ဒဏ်လေးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်ဘက်မှ သယ်ယူလာသည့် ကျွဲနွားတို့ကို ဝယ်ယူသည့် ထိုင်းလုပ်ငန်းရှင်မှ ယူဆောင်သွားသဖြင့် ရမည့်ငွေများစောင့်ဆိုင်းနေချိန်တွင် တာဝန်ရှိသူများ၏ ဖမ်းဆီးခံရပြီး ထပ်စကဲ မြို့တရားရုံးက အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း မြိတ်ပရာကျွပ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် က ပြောပြသည်။ မြန်မာနိုင်ငံသားတို့အား အမိန့်ချမှတ်ပြီးဖြစ်သော်လည်း ဝယ်ယူသည့် ထပ်စကဲမြို့ဒေသခံထိုင်းလုပ်ငန်းရှင်နှင့် ကျွဲနွားတို့အား စုံစမ်းဖမ်ဆီးကာ အရေးယူခြင်းမရှိခဲ့သဖြင့် ထပ်စကဲမြို့ပိုင်အား စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေး ဆောင်ရွက်သွားရန် ပရာကျွပ်ခီရီခန်ခရိုင် ဒုတိယခရိုင်ဝန်က ညွန်ကြားထားပြီးဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က […]

စိတ်ကြွဆေးပြား ၄၀ဝ နီးပါး ဖမ်းမိ၊ ကွင်းဆက်အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲ

diz_admin

November 18, 2020

ကော့သောင်းမြို့နယ်တွင် စိတ်ကြွ ဆေးပြား ၄၀ဝ နီးပါးဖမ်းမိခဲ့ပြီး အမှုနှင့် ဆက်စပ်သည့် အမျိုးသမီးတစ်ဦး ထွက်ပြေးနေဆဲဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မာရမ်းနယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားသည့် အခြားအမှုမှ မသင်္ကာ တရားခံတစ်ဦးဖြစ်သူ အသက် ၃၃ နှစ်အရွယ်အမျိုးသားကို လုံးဖော-အေးချမ်းသာလမ်းရှိ လုံးဖောတောင် ထိပ်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က စောင့်ဆိုင်းနေစဉ် အခြားအမျိုးသားတစ်ဦးမောင်းနှင်ပြီး မသင်္ကာသူလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ မသင်္ကာသူလွယ်ထားသည့် ဘေးလွယ်အိတ်ကိုရှာဖွေရာ WY စိတ်ကြွဆေး ၃၉၀ ပြား တွေ့ရပြီး အဆိုပါ အမျိုးသားကို စစ်မေးရာ ယင်းမူးယစ်ဆေးများကို လုံးဖောရွာနေ အမျိုးသမီးတစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ ယင်းအမျိုးသမီး၏ နေအိမ်ကို သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသမီးမှာ တိမ်းရှောင်နေပြီး […]

ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား

diz_admin

November 17, 2020

ကော့သောင်းခရိုင်၊ ပင်လယ်တွင် ပေါ်လာနေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။ ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်းနှင့် လန်ပိကျွန်းများ အနီးတဝိုက်ရှိ ပင်လယ်ရေပြင်တွင် ကျောက်ငါးမျိုးစိတ်များကို မသေမရှင် အနေအထားဖြင့် ရေပေါ် ပေါလောပေါ်နေသည်ကို စက်တင်ဘာလဆန်းခန့်က ဒေသခံရွာသားများနှင့် ဒေသခံရေလုပ်သားအချို့က စတင်တွေ့ရှိလာကြခြင်းဖြစ်သည်။ အဆိုပါ ကျောက်ငါးမျိုးစိတ်များကို နိုဝင်ဘာလ ၆ ရက်က ရန်ကုန်ငါး လုပ်ငန်းဦးစီးဌာန၊ ငါးရောဂါဌာနစု ဓာတ်ခွဲခန်းသို့ ကျောက်ငါးမျိုးစိတ်နှစ် ကောင်ကို ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီး လက်ရှိအချိန်ထိ အဖြေမသိရသေးဟု အထက်ပါဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ “ရေနမူနာက မပို့ရသေးဘူး။ ရေငုပ်သမားရှာနေတာနဲ့ ဘာနဲ့ ဒီနေ့မှ ရေက ရတယ်။ ပင်လယ်ပြင်ရေအောက်ကြမ်းပြင်က ရေကိုယူပြီး ဓာတ်ခွဲခန်းပို့မှာပေါ့။ ရေထဲမှာ ဘယ်လို […]

အလုပ်လက်မဲ့ဖြစ်မည်ကို ကျပန်းအလုပ်သမ ၁၀ဝ ကျော် စိုးရိမ်

diz_admin

November 17, 2020

အလုပ်လက်မဲ့ဖြစ်ပေါ်လာမည့် အရေးနှင့်ပတ်သက်၍ ကျပန်းအလုပ်သမ ၁၀ဝ ကျော်မှာ စိုးရိမ်နေကြသည်။ မြိတ်မြို့၊ ကျောက်ဖြာကျေးရွာ အုပ်စု၊ အထူးဆိပ်ရှိ သင်္ဘောဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေကြသည့် အလုပ်သမများဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကစတင်ကာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းခွင်အတွင်းသို့ မြိတ်မြို့ရှိ ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့က ရောက်လာပြီး ဝင်ရောက် လုပ်ကိုင်ခဲ့ကြကြောင်း ၎င်းတို့ကပြောပြသည်။ “တစ်သက်လုံး တစ်ခါမှမလာဖူးဘူး။ မနေ့ကမှ ရောက်လာကြတာ။ သူတို့ အမြဲလာလုပ်ရင် မရှိမဲ့ရှိမဲ့ ကျွန်မတို့ အလုပ်ကလေး ပျောက်သွားမလား စိုးရိမ်နေတယ်” ဟု ယင်းဆိပ်ကမ်းတွင် အလုပ်လုပ်နေသည်မှာ ၁၇ နှစ်ရှိပြီဖြစ်သည့် အသက် ၄၀ နှစ်အရွယ် ဒေါ်မာလာက ပြောသည်။ မြိတ်မြို့နှင့် ၁၇ မိုင်ခန့် ဝေးကွာသည့် ယင်းဆိပ်ကမ်းတွင် အနီးအနား ကျေးရွာများမှ အလုပ်သမ ၁၃၀ […]