ထားဝယ်စာကို ကျောင်းများတွင် သင်ကြားခွင့်ရတော့မည်
diz_admin
November 25, 2020ထားဝယ်တိုင်းရင်းသာစာပေကို လာမည့်ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းများတွင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီထံမှ သိရသည်။ ထားဝယ်စာပေအား အခြေခံကျောင်း တွင်သင်ကြားနိုင်ရန်အတွက် တတ်သိ ပညာရှင်များက ဆယ်စုနှစ်နီးပါးကြာ အောင် ကြိုးစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ပညာရေးဝန်ကြီးဌာနက KG တန်း၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထားဝယ်စာပေသည် ဗမာအက္ခရာကို အခြေခံကာ ထားဝယ်အသံထွက်အတိုင်း ရေးသားထားခြင်းဖြစ်ကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီ နာယက ဦးဘမြင့်က ပြောသည်။ ဥပမာ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နှစ်ဆယ့်လေးဆူဘုရားလှည့်ပွဲ၊ စာရေတံပွဲအား ထားဝယ်စာဖြင့် ဇောန်မူးလ ကထီပွဲ၊ နှေ့ဆယ့်ရှစ်ဆူဖျားဗွဲ၊ စာရေတံမဲဆွဲဗွဲ ဟု ရေးသားထားသည်။ “စကားပြောတာကို အရင်သင်မှာ။ အပြောကို သင်ပြီးမှ အရေးကိုသင်မယ်” ဟု ဦးဘမြင့်က […]


