ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တော်ဝင်ဆေးရုံကို လော့ဒေါင်းချ၊ ဆက်စပ်သူတို့အား အိမ်တွင်နေရန် သတ်မှတ်

diz_admin

November 30, 2020

မြိတ်မြို့၊ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် တော်ဝင်ဆေးရုံအား နိုဝင်ဘာလ ၂၄ ရက်နေ့က လော့ဒေါင်းချခဲ့ပြီး တစ်ပတ်အတွင်းတွင် ဆေးရုံနှင့် ဆက်စပ်ခဲ့သူတို့အား နေအိမ်တွင်သာနေထိုင်ရန် သတ်မှတ်ထားရှိ‌ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇင်ကိုအောင်ထံမှ သိရသည်။ တော်ဝင်ဆေးရုံရှိ ဆေးအရောင်း ကောင်တာမှ အမျိုးသမီးဝန်ထမ်း နှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံအား လော့ဒေါင်းချခဲ့ခြင်းဖြစ် သည်။ အဆိုပါဆေးရုံသို့ တက်ရောက်ခဲ့ သူများအပြင် ရပ်ကွက်အတွင်းရှိ ဆေးရုံဝန်ထမ်းများ နေထိုင်သည့် နေအိမ်အချို့ မှ မိသားစုများအား နေအိမ်တွင်သာ နေထိုင်ရန် ဆောင်ရွက်ထားကြောင်း ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းမှ သိရသည်။ လော့ဒေါင်းချထားသည့် ဆေးရုံဝင်းတွင် ဆရာဝန်များအပါအဝင် ဆေးရုံ တက်လူနာများ၊ လူနာစောင့်များ စသဖြင့် ဦးရေ ၁၀ဝ ဝန်းကျင်ခန့်ရှိနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ […]

လောင်းလုံးဘုရားလှည့်ပွဲ မကျင်းပဖြစ်

diz_admin

November 30, 2020

လောင်းလုံးမြို့တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် ဘုရားကိုးဆူ ဒေသစာရီ လှည့်လှည်ပူဇော်ပွဲကို မကျင်းပဖြစ်တော့ကြောင်း ဘုရားပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။ ဘုရားကိုးဆူလှည့်လည်ပွဲ ကျင်းပရန်အတွက် မြို့နယ်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။ ထိုကဲ့သို့ ခွင့်မပြုရခြင်းမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လူဦးရေ ၃၀ ဦးထက်ပို၍ မစုဝေးရဆိုသည့် အမိန့်ကြောင့်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ပြောသည်။ လောင်းလုံးဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းနိုင်ကမူ အစဉ်အလာမပျက်စေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်း ကြီးဌာန ညွန်ကြားချက်များကိုလိုက်နာပြီး ရပ်ကွက်အလိုက် ဘုရားပူဇော်ခွင့်ရလိုကြောင်းပြောသည်။ ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့တွင်လည်း အကျဉ်ရုံးပြီး ဘုရားလှည့်ပွဲများကို ကျင်းပသည်များလည်း ရှိသည်။ လောင်းလုံးမြို့နယ် ဘုရားကိုးဆူ လှည့်လည်ပွဲသည် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့တွင် […]

ညမထွက်ရအမိန့် ဖောက်ဖျက်သူ နှစ်လအတွင်း ၁၀ဝ နီးပါးကို အရေးယူ

diz_admin

November 30, 2020

မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်ဖောက်ဖျက်မှုဖြင့် အရေးယူထားသူ နှစ်လအတွင်း ၁၀ဝ နီးပါးရှိသည်ဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကူးစက်မှုများသည့် မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်း မြို့နယ်တို့ကို ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို စက်တင်ဘာ ၂၅ ရက်နေ့က စတင်ထုတ် ပြန်ထားသည်။ အမိန့်ထုတ်ပြန်ထားသည့် နှစ်လအတောအတွင်း အမိန့်ဖောက်ဖျက်သူ မော်လမြိုင်မြို့နယ်မှ ၉၃ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၂ ဦးတို့ကို အရေးယူထားပြီး ဖြစ်သည်ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။ “အများစုကတော့ အမျိုးသားတွေ ဖြစ်တယ်။ အမျိုးသမီးလည်းပါတယ်။ ကလေးသူငယ်တချို့လည်း ပါဝင်တယ်” ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။ အမိန့်ဖောက်ဖျက်သူများအား ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ […]

ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာလိုသူများကို အခမဲ့ ပို့ဆောင်ပေးမည်

diz_admin

November 30, 2020

ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာလိုသူများကို နိုဝင်ဘာ ၂၈ ရက်နေ့မှစပြီး အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် ရန်ကုန်တွင် ပိတ်မိနေပြီး မွန်ပြည်နယ်သို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေသူများကို ပြည်နယ်တာဝန်ရှိသူတို့နှင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ညှိနှိုင်းမှုဖြင့် Family Travel နှင့် ရွှေနဒီ Express ခရီးသည်ပို့ဆောင်ရေးတို့က စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်သည်။ မှတ်ပုံတင်အမှတ် (၁၀/–) ကိုင်ဆောင်ထားသော ခရီးသည်များကို ဦးစားပေးအနေဖြင့် အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု Family Travel ခရီးသွားလုပ်ငန်းထံမှ သိရသည်။ “ကွာရန်တင်းစခန်းတွေမှာ လူဆန့် သလောက်ကို ကျွန်တော်တို့ကနေပြီးတော့ အခမဲ့ စီစဉ်ပို့ဆောင်ပေးမှာဖြစ်ပါတယ်” ဟု Family Travel မှ ကိုဇော်က ပြောသည်။ လိုက်ပါလိုသူများသည် အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များဖြင့် နိုဝင်ဘာ […]

အခြေခံပညာဒုညွန်ချုပ် အလိုမရှိကြောင်း ပုလောပညာရေးမှူးရုံးတွင် စာကပ်

diz_admin

November 30, 2020

အခြေခံပညာဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်အား အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်နှစ်ရွက်ကို မြိတ်ခရိုင်၊ ပုလောမြို့နယ်ပညာ ရေးမှူးရုံး ဆိုင်းဘုတ်တွင် ကပ်ထားသည့်ဖြစ်စဉ်တစ်ခု နိုဝင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့သည်။ အာဏာရူး ဒုတိယညွန်ကြားရေးမှူး ဦးရဲလင်းမြင့်အလိုမရှိ၊ အထက်ဖား အောက်ဖိ ရဲလင်းမြင့်အလိုမရှိ၊ ဘာမှန်းမသိဘဲ ရာထူးတိုးပြန်ပြီ၊ အောက်ကဝန် ထမ်းတွေဖိနှိပ်တဲ့သူအလိုမရှိ၊ အခြေခံပညာကို ဖျက်ဆီးနေတဲ့ ရဲလင်းမြင့်ကို မိမိတို့ အောက်ခြေဝန်ထမ်းများက အလိုမရှိ၊ ရဲလင်းမြင့်ကြောင့် နစ်နာသူ များအရေး ဖြေရှင်းပေး၊ စနစ်သစ်ရာထူး တိုးမူဘောင်အရ နစ်နာသူများအရေး ဖြေရှင်းပေး စသည့်စာသားများရေးကာ ကပ်ထားခြင်းဖြစ်သည်။ ယင်းစာများကို မည်သူက မည်သည့် အချိန်တွင် လာကပ်ထားသည်ကို မသိဘဲ အွန်လိုင်းပေါ်ရောက်လာမှ သိရကြောင်း ပုလောမြို့နယ်ပညာရေးမှူး ဒေါ်လှလှအေးက ပြောသည်။ ယင်းစာမှာ ရုံးချိန်မဟုတ်သည့် အချိန်တွင် ကပ်ထားခြင်းဖြစ်ပြီး […]

မြိတ်တွင် ကွာရန်တင်းဝင်သူငါးဦး နေအိမ်ရောက်မှ ကိုဗစ်ပိုးတွေ့

diz_admin

November 30, 2020

ကိုဗစ်ရောဂါရှိသူနှင့် ထိတွေ့ ဆက်စပ်သူတို့အား စောင့်ကြပ်ကြည့် ရှုသော မြိတ်တက္ကသိုလ်ဝင်းရှိ ပုလဲမာန် အဆောင်တွင် ကွာရန်တင်းဝင်သူ ငါးဦးမှာ နေအိမ်သို့ပြန်ရောက်ပြီးမှ ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်း ယင်းအဆောင်ထံမှ သိရသည်။ ပုလဲမာန်အဆောင်မှ ကွာရန်တင်း ၁၄ ရက်ပြည့်ပြီး ကိုဗစ် ဓာတ်ခွဲခန်း အဖြေမထွက်မီ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းအချိန်တွင် နေအိမ်သို့ပြန်ခွင့် ပြုခဲ့ကြောင်း ယင်းအဆောင် တာဝန်ခံ ဦးတင်ဇော်က ပြောပြသည်။ ကွာရန်တင်းစင်တာမလုံလောက်သဖြင့် ပထမအကြိမ်အဖြစ် RDT test kit ဖြင့် ရောဂါရှိ/ မရှိအား စစ်ဆေးပေးပြီး ရောဂါမတွေ့ရှိမှ နေအိမ်သို့ ပြန်လွှတ် လိုက်ခြင်းဖြစ်ကြောင်း ပုလဲမာန်အဆောင် ကွာရန်တင်းစင်တာ တာဝန်ခံ ဦးတင်ဇော်က ပြောပြသည်။ “ဆက်စပ်ထိတွေ့သူတွေ များလာတော့ လွှတ်လိုက်တာ” ဟု ၎င်းက […]

ပုလောတွင် လက်လုပ်ပလပ်ခုံမှ အပူလွန်ကဲပြီး မီးလောင်

diz_admin

November 28, 2020

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက်လုံး ကြီးကျေးရွာအုပ်စု အရှေ့ကုန်းရွာရှိ နေအိမ် နှစ်ထပ်တိုက်တစ်ဆောင်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ် မီးသတ် ဦးစီးဌာနထံမှ သိရသည်။ အဆိုပါနေအိမ်ပေါ်တွင် ယာယီပြု လုပ်ထားသည့် လက်လုပ်ပလပ်ခုံတွင် ဖုန်းအားသွင်းရာ အပူလွန်ကဲပြီးအနီးရှိ ပစ္စည်းတို့မှတစ်ဆင့် ကူးစက်ကာ ညနေ ၄ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်ထိုက်က ပြောသည်။ မီးလောင်သည့် နေအိမ်အား ပုလောမြို့နယ်၊ ပလောက်မြို့မီးသတ်ဌာနမှ မီးတပ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာခံတို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ တစ်နာရီခွဲခန့် အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်မှုကြောင့် ကျပ် ၁၆ သိန်းကျော်ဖိုး ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူများ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။ အဆိုပါ မီးလောင်မှုတွင် […]

ဆလုံကျွန်း လူထုအခြေပြုခရီးသွားလုပ်ငန်း နှစ်ကုန်တွင် ဖွင့်မည်

diz_admin

November 28, 2020

ဆလုံတိုင်းရင်းသားများနေထိုင်ကြသည့် ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းရွာရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) အား လာမည့်ဒီဇင်ဘာလအကုန်ခန့်တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဦးညိုအေးထံမှ သိရသည်။ ဒုံးညောင်မှိုင်းကျေးရွာတွင် အကောင်အထည်ဖေါ်နေသည့် လူထုအခြေပြုခရီး သွားလုပ်ငန်းအတွက် လူနေအဆောင်များအပါအဝင် အဆောက်အဦအချို့တို့ အား တည်ဆောက်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါလုပ်ငန်းအား တိုင်းအစိုးရက ကျပ်သိန်း ၁၀ဝ ကျော်နှင့် ဟိုတယ်/ ခရီးလုပ်ငန်းရှင်များဘက်မှ ထည့်ဝင်ငွေ ကျပ်သိန်း ၁၃၀ ခန့်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည်မှာ တစ်နှစ်ခွဲခန့် ရှိနေပြီဖြစ်သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ဒုံးညောင်မှိုင်းကျွန်းနှင့် အနီးအနားရှိ စမတ်ကျွန်း(ပါပန့်ကျွန်း)၊ နှစ်ဖက်လှကျွန်း၊ နတ်သမီးရေတွင်းကျွန်းနှင့် ဒုံးရေတံခွန်တို့အား လည်ပတ်နိုင်ကြောင်း ခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းကို ဆောင်ရွက်ထားသည်။ […]