ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မြန် လာခေါ်ကြပါ

diz_admin

September 15, 2020

ဦးမောင်ဖြူတစ်ယောက် မနက် စောစောကတည်းက သူ့ကိုလာခေါ် မည့်သူများကို မျှော်နေရသည်က မောနေပြီ။ မနက်ကတည်းက မျှော်နေသော်လည်း ညနေစောင်းသည်အထိ သူ့ကို ခေါ်မည့်သူတစ်ဦးတစ်ယောက်မှ ပေါ် မလာခဲ့ပေ။ သူ့နေအိမ်တွင် ထိုင်စောင့် နေရသည်ဆိုသော်လည်း စိတ်အေး လက်အေးနေရသည်တော့ မဟုတ်။ စက်တင်ဘာလ ၁၁ ရက်ညက ထားဝယ်မြို့နေ အမျိုးသားတစ်ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိသည်ဆိုသည့် သတင်းကြောင့် ထိတ်ထိတ်ပြာပြာဖြင့် ထိုင်စောင့်နေရခြင်းဖြစ်သည်။ ဦးမောင်ဖြူဆိုသည်မှာ အမည်လွှဲ ရေးသားထားခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါအပေါ် လက်ရှိ လူထု၏ တုံ့ပြန်မှု အခြေအနေများအရ ယင်းသို့ ပြောင်းလဲထားခြင်းဖြစ်ပါသည်။ အစိုးရဌာနများသို့ အပြင်လူဝင်ခွင့် ကန့်သတ် ဦးမောင်ဖြူ ထိတ်လန့်ရသည့် အကြောင်းကလည်း ကိုဗစ်-၁၉ နှင့် ပတ်သက်သည်။ သူ သုံးရက်ကြာ ထမင်းချိုင့်သွားပို့နေခဲ့သည့် သူမှာ ယမန်နေ့က ကူးစက်ခံရပြီဖြစ်ကြောင်း […]

ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား

diz_admin

September 15, 2020

ကိုဗစ်ကပ်ဘေးကြောင့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းအားလုံးကို စက်တင်ဘာလ ၁၄ ရက်နေ့မှစကာ ယာယီရပ်နားလိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ပြောကြားသည်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့် တက်နေသည့်အတွက် ယာယီရပ်နား လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တကယ်လို့ ပြန်ဖွင့်ရင်လည်း ကြိုတင်အကြောင်းကြားမယ်” ဟု ဦးထင်ပေါ်က ပြောသည်။ ယင်းကဲ့သို့ ဌာနဝန်ဆောင်မှု လုပ်ငန်းများ ပိတ်ထားချိန်တွင် ယာဉ်လိုင်စင်ရက်လွန်ဒဏ်ကြေး၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးကိစ္စတို့နှင့်ပတ်သက်၍ နစ်နာမှုမရှိစေရန် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကိုဗစ်ကပ်ဘေးစဖြစ်ချိန်က ကညန ရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှ ဇွန်လဆန်းအထိ ယာယီရပ်နားခဲ့ဖူးသည်။ ထိုကဲ့သို့ ရပ်နားချိန်တွင် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင် ရက်လွန်ဒဏ်ကြေးမကောက်ခံဘဲ ဖြေလျှော့ပေးခဲ့သည်။ တိုင်းကညနဌာန၏ စာရင်းအရ တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် စုစုပေါင်း […]

UDP ပါတီ ၁၃ နှစ်ပြည့်မြောက်အခမ်းအနား မြစ်အတွင်းကျင်းပ

diz_admin

September 15, 2020

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီတည်ထောင်မှု ၁၃ နှစ် ပြည့် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့နံက်က မြိတ်မြစ်အတွင်းကျင်းပ ခဲ့သည်။ အခမ်းအနားတွင် ပါတီဝင်ဦးရေ တစ်ရာခန့်က စက်တပ်လှေငယ် အစီးလေးဆယ်ကို ခုတ်မောင်းကာ စည်းရုံး ရေးလုပ်ခြင်း၊ တစ်ဖက်ကမ်းရှိ ဘုရားများအား သွားရောက် ပူဇော်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။ UDP ပါတီကို ၂၀ဝ၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှာ ကချင်အမျိုးသား ဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင် ဖြစ်သည်။ မြန်မြန် လာခေါ်ကြပါ ပါတီအနေနှင့် လာမည့်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီတာဝန်ခံလည်းဖြစ်၊ တနင်္သာရီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းလည်းဖြစ်သည့် ဦးခင်မောင်လတ်က ပြောသည်။ ပါတီအနေနှင့် […]

ကြံချောင်းတွင် ဗိုလ်ချုပ်ပုံပေါ်သည်ဟုဆိုကာ လူအများနေ့စဉ်လာရောက် ကြည့်ရှု

diz_admin

September 15, 2020

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဒူးရင်းပင်ရှောင် ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာတွင် စက်တင်ဘာလ ၇ ရက်နေ့မှစပြီး ကြံချောင်းတွင် ဗိုလ်ချုပ်ပုံသဏ္ဌာန်ပေါ် နေသဖြင့် လူအများ နေ့စဉ်လာရောက် ကြည့်ရှုနေကြကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးစောဟန်ကျော်နှင့် ကာယကံရှင် ဦးကျော်ဟိန်းတို့ထံမှ သိရသည်။ အသိမိတ်ဆွေတစ်ဦးမှ ပေးထားသည့် ကြံချောင်းအား စားမည့်အချိန်တွင် အရုပ်ပေါ်နေသည်ကို သတိထားမိသဖြင့် သေချာကြည့်ရှုခဲ့ရာ ဗိုလ်ချုပ်ပုံဖြစ်နေကြောင်း ကာယကံရှင် ဦးကျော်ဟိန်းက ပြောပြသည်။ “လူတွေတော့ လာကြည့်နေကြတာပဲ” ဟု ၎င်းက ပြောသည်။ မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို အမည်းရောင်ရှိသော ကြံချောင်း၏ အဆစ်တစ်နေရာပေါ်တွင် ဦးထုပ်ဆောင်းထားသည့် ဗိုလ်ချုပ်၏မျက်နာ ပုံသဏ္ဌာန်မှာ ပေါ်လွင်နေကြောင်းကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ကြသည့် ပုလောမြို့နေသူအချို့က ပြောပြသည်။ “ဦးထုပ်နဲ့ မျက်နှာပုံက တကယ်တူတယ်” ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ပုလောမြို့နေ ကိုဝင်းက […]

မဲဆွယ်ကာလကို ရက်ကပ်မှထုတ်ပြန်သဖြင့် ပါတီများ အခက်တွေ့ဟုဆို

diz_admin

September 15, 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆွယ်စည်းရုံးရေးကာလကို ရက်ကပ်ပြီးထုတ်ပြန်သောကြောင့် မဲဆွယ်စည်းရုံးရန်အတွက် အခက်တွေ့ စေသည်ဟု နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။ နိုင်ငံရေးပါတီများသည် ကော်မရှင်က မဲဆွယ်စည်းရုံးရေးကာလ သတ်မှတ် ထုတ်ပြန်ပြီးမှသာ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ချမှတ်ရ မည့်အနေအထားဖြစ်သည့်အတွက် ယခုလို ရက်ကပ်ပြီးမှ ထုတ်ပြန်ခြင်းမှာ ပြင်ဆင်ရန် အချိန်အခက်အခဲရှိသည်ဟု မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လရီတမက ပြောသည်။ “အမှန်မှာဆို လွန်ခဲ့တဲ့တစ်လလောက် က ထုတ်ပြန်သင့်တယ်။ အဲဒါမှ မဲဆွယ် စည်းရုံးရေးအတွက် ပြင်ဆင်ချိန်ရမယ်” ဟု နိုင်လရီတမက ပြောသည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို စက်တင်ဘာ ၈ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ သတ်မှတ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ထိုသို့ကြေညာမှုသည် မဲဆွယ်စည်းရုံးရေ စတင်နိုင်သည့် စက်တင်ဘာ […]

မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး

diz_admin

September 15, 2020

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲများကို မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းက ဦးဆောင်ပြီး စက်တင်ဘာ လ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်ထံမှ သိရသည်။ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည့် ဆောင်ပုဒ်များ၊ ရွေးကောက်ပွဲဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများ၊ ရွေးကောက်ပွဲဥပဒေအကြောင်းနှင့် ခိုင်လုံမဲနှင့်ပတ်သက်သည့်အကြောင်းအရာများပါဝင်ကြောင်း ၎င်းက ပြောကြားသည်။ မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည် ထို့ပြင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအရေအတွက်၊ ပါတီတို့၏ ခေါင်းဆောင်၊ ပါတီအသီးသီးတို့၏ ကိုယ်စားပြု အမှတ်တံဆိပ်နှင့် နောက်ခံအချက်အလက် စသည်တို့အား ကွဲကွဲပြားပြားဖြစ်စေရန် ရှင်းလင်းပြောပြပေးခဲ့ကြောင်း လူထုဆက်ဆံရေး တာဝန်ခံ ဦးလှမော်က ပြောပြသည်။ ရွေးကောက်ပွဲဆိုင်ရာ […]

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနိုင်ပြီ ဟုဆို

diz_admin

September 14, 2020

ကိုဗစ်ရောဂါ ရှိ ၊ မရှိကို တိုင်းအတွင်းမှာပင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။ ထားဝယ်နှင့် မြိတ် ဆေးရုံများတွင် ကိုဗစ်စစ်ဆေးသည့်စက်များကို စက်တင်ဘာလ ၃ ရက်နေ့က စတင်လည်ပတ်နေပြီး ကော့သောင်းဆေးရုံရှိ ကိုဗစ် စစ်ဆေးစက်မှာ ပြီးခဲ့သည့်နှစ်ရက်ခန့် ကပင် စတင်လည်ပတ်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနက တိုင်းအတွင်းရှိ ခရိုင်ဆေးရုံတစ်ရုံလျှင် ကိုဗစ် စစ်ဆေးသည့် စက်တစ်လုံးစီကို ချပေးထားကြောင်း သိရသည်။ မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည် ယင်းစက်တစ်လုံးလျှင် တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ရှစ်ခုမှ ၁၀ ခု အထိ စစ်ဆေးနိုင်ပြီး လက်ရှိတွင် နမူနာ ခြောက်ခုနှုန်း စစ်ဆေးမည်ဖြစ်သည်။ ထိုသို့ စစ်ဆေးပါက တိုင်းအတွင်းတွင် […]

မြိတ်ဆေးရုံကြီးတွင် ကိုဗစ်ပိုး စစ်ဆေးနိုင်တော့မည်

diz_admin

September 14, 2020

မြိတ်ခရိုင် အထွေထွေဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးကို စတင် စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။ ယင်းသို့ စစ်ဆေးနိုင်သည့် အမေရိကန်နိုင်ငံထုတ် စက်တစ်လုံးမှာ စက်တင်ဘာလ ၇ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။ စက်သည် တစ်ကြိမ်လျှင် လူနှစ်ဦး စစ်ဆေးနိုင်ပြီး စစ်ဆေးချိန် တစ်နာရီကြာမြင့်ပြီး တစ်နေ့လျှင် အနည်းဆုံး လူဆယ်ဦးခန့် စစ်ဆေးနိုင်မည်ဟု မြိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူက ပြောသည်။ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အများစု ကိုဗစ်စည်းကမ်းချက် မလိုက်နာ စက်တင်ဘာ ၈ ရက်နေ့တွင် ဆေးရုံဝန်ထမ်း ဆယ်ဦး၏ တို့ဖတ် (Swap) နမူနာများအား စမ်းသပ်စစ်ဆေးခဲ့ရာ ပိုးမရှိဟု အဖြေထွက်ခဲ့ပြီး ယင်းဆယ်ဦး၏ နမူနာများအား ထပ်မံအတည်ပြုရန် မော်လမြိုင် ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့သည်။ ပိုးမရှိဟု အဖြေထွက်သည့် နမူနာများနည်းတူ ပိုးရှိသည်ဟု […]