တိုင်းအတွင်း ဝန်ထမ်းများအတွက် ကျပ်သန်းတစ်ထောင်ကျော် ထုတ်ချေးမည်
diz_admin
September 18, 2020ကိုဗစ်ကပ်ဘေး သက်ရောက်မှုအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများကို အခြေခံလစာနှုန်း၏ နှစ်လစာထုတ်ချေးမည်ဟု ပြည်ထောင်စု ဝန်ကြီးဌာနက သြဂုတ်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ချေးမည်ဆိုပါက တနင်္သာရီတိုင်းအစိုးရ၏ ဘဏ္ဍာငွေခွဲတမ်း တွင် ပါဝင်သည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် ငွေကျပ်သန်းပေါင်း ၁၃၀ဝ ခန့် လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရသုံးမှန်းခြေ ငွေစာရင်းဦးစီး ဌာနထံမှ သိရသည်။ တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည် တိုင်းအစိုးရဖွဲ့၏ ဘဏ္ဍာငွေခွဲတမ်းတွင် ပါဝင်သည့် ဌာနအဖွဲ့အစည်း ၂၆ ခုရှိပြီး ဝန်ထမ်းဦးရေ သုံးထောင်နှင့် လေးထောင်ကြားရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။ ၎င်းတို့မှာ တရားလွှတ်တော်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လမ်းဦးစီးဌာန စသည့်ဌာနများ ဖြစ်သည်။ တိုင်းအစိုးရအောက်ရှိ […]


