ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ပြိုင်မည်၊ သို့သော် ကိုဗစ်ကြောင့် တင်ဒါဖွင့်နိုင်မည်မဟုတ်သေး

diz_admin

September 19, 2020

ကော့သောင်းမြို့နယ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ကုမ္ပဏီ ခြောက်ခုက လာပြိုင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ်လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် တင်ဒါ ပိတ်ခဲ့သည်။ တင်ဒါလျှောက်လွှာပိတ်သည့် အချိန်အထိ တိုင်းတွင်းနှင့် တိုင်းပြင်ပမှ ကုမ္ပဏီခြောက်ခုလျှောက်ထားကြပြီး ယခင်ကလျှောက်ခဲ့ဖူးသည့် ကုမ္ပဏီ အချို့လည်း ပါဝင်ကြောင်း ဦးအောင်သူရ က ဆိုသည်။ ကော့သောင်းလျှပ်စစ်တင်ဒါ လျှောက်သူမရှိသေး လက်ရှိတွင် တင်ဒါလျှောက်လွှာပိတ်ပြီးဖြစ်သော်လည်း ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေသည့်အတွက် တင်ဒါဖွင့်ပွဲကို မည်သည့်အချိန်တွင် လုပ်ဖြစ်မည်ကို မခန့်မှန်းနိုင်သေးကြောင်း ၎င်းက ဆိုသည်။ “ကိုဗစ်နည်းနည်းငြိမ်တဲ့ အချိန်ကျမှပဲ တင်ဒါဖွင့်မှာ” ဟု ၎င်းက ပြောသည်။ တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile […]

ကော့သောင်း ကိုဗစ်ပိုးတွေ့လူနာသုံးဦး ဆေးရုံဆင်းခွင့်ပြု

diz_admin

September 19, 2020

ကော့သောင်းခရိုင်၊ ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူ နေကြသည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦးအား စက်တင်ဘာလ ၁၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း ယင်းဆေးရုံကြီး၏ ‌ဆေးရုံအုပ် ဒေါက်တာ လင်းထိုက်ထံမှ သိရသည်။ ၎င်းတို့မှာ နေရပ်ပြန်သင်္ဘောသား သုံးဦးဖြစ်ပြီး ဟိုတယ်တွင် ကွာရန်တင်း ဝင်နေကြသူများလည်း ဖြစ်သည်။ သြဂုတ်လ ၃၀ ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကော့သောင်းခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ ကြခြင်းဖြစ်သည်။ ဆလုံများတောင်းဆိုပါက စံပြကျေးရွာအသစ်တည်ပေးမည်ဟုဆို ၎င်းတို့တွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း ဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောပြသည်။ ဆေးရုံမှ ဆင်းခွင့်ရပြီးနောက် နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ခုနစ်ရက်နေထိုင်ရမည်ဖြစ်ရာ ရပ်ဝေး နေသူများဖြစ်ကြသဖြင့် မြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ကွာရန်တင်းအနေဖြင့် ထားရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။ […]

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းရန် ပြန်သတ်မှတ်

diz_admin

September 18, 2020

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေချိန်တွင် ကူးစက်မှုထိန်းချုပ်နိုင်ရန် ယင်းကဲ့သို့ ကန့်သတ်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ဆလုံများတောင်းဆိုပါက စံပြကျေးရွာအသစ်တည်ပေးမည်ဟုဆို

diz_admin

September 18, 2020

ရေပျော်ဆလုံ(မော်ကဲလ်) လူမျိုးများကိုယ်တိုင် ကုန်းတွင်နေထိုင်လိုကြောင်း တင်ပြတောင်းဆိုလာပါက စံပြကျေးရွာတည်ရန် မြေအသုံးပြုခွင့်ရရေး အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။ စက်တင်ဘာလ ၁၀ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်းမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် မန်းဆွေမြင့် (ခေါ်) ဦးဆွေမြင့်၏ မေးခွန်းကို အထက်ပါအတိုင်း ဝန်ကြီးက ဖြေကြား ခဲ့ခြင်းဖြစ်သည်။ တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော ကိုယ်စားလှယ်ဖြစ်သူ မန်းဆွေမြင့်ကမူ ဆလုံတိုင်းရင်းသားများအတွက် ကျေးရွာတည်ပေးမည့်နေရာကို ကုန်းလမ်းအဆက်အသွယ်ရှိသော ဘုတ်ပြင်းမြို့နယ်ရှိ လေညာမြစ်ဝနှင့် လေညာမြစ် ဝှမ်းအောက်ပိုင်းနေရာတို့တွင် အဆင်ပြေကြောင်း ပြောသည်။ ဆလုံများမှာ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ထုံတမ်းဓလေ့ အဘက်ဘက်က နိမ့်ကျနေသည့်အပြင် ရေသယံ ဇာတရှားပါးလာသဖြင့် ၎င်းတို့၏ ဘဝများဖွံ့ဖြိုးတိုးတက်ရေး အဘက်ဘက်က ဟန်ချက်ညီစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း […]

တစ်လနီးပါးရပ်နားထားသည့် မြိတ်မြို့အဝင် ကိုဗစ်စစ်ဆေးဂိတ် ပြန်ဖွင့်

diz_admin

September 18, 2020

မြိတ်မြို့အဝင် ကျွဲကူး-ကျောက်ဖျာ တံတား‌ပေါ်ရှိ ကျောက်ဖျာရွာဖက်တွင် ဖွင့်လှစ်ခဲ့သည့် ကိုဗစ်စစ်ဆေးရေးဂိတ်အား တစ်လနီးပါးအကြာ စက်တင်ဘာ လ ၁ ရက်နေ့မှစပြီး စတင်ဖွင့်လှစ်လိုက် ပြီဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျွဲကူး-ကျောက်ဖျာတံတားရှိ ကျန်းမာရေးစစ်ဆေးဂိတ်အား မြိတ်ခရိုင် ကိုဗစ်နိုင်တီး ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီ၊ မြိတ်ဒေသ ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီ၊ ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်းပြီး ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း ယင်း စစ်ဆေးဂိတ်တာဝန်ခံ ကိုတူးတူးက ပြောပြသည်။ တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော လက်ရှိ ပြန်လည်ဖွင့်လှစ်ခဲ့သည့် စစ်ဆေးဂိတ်တွင် ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် […]

တနင်္သာရီမြို့နယ်တွင် လူထုလိုအပ်ချက်မြင့်မားဟု ဒေါက်တာညိုညိုသင်းပြော

diz_admin

September 18, 2020

တနင်္သာရီမြို့နယ်၏ လူထုလိုအပ်ချက်မှာ မြင့်မားသည်ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။ အဆိုပါမြို့နယ်အတွင်း လူထုစစ်တမ်း တစ်စောင်ကို ပြီးခဲ့သည့်အပတ်က ကောက်ယူခဲ့ပြီးနောက် ယင်းစစ်တမ်း ကိုအခြေခံကာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ စစ်တမ်းအရ လူထု၏ လိုအပ်ချက်များမှာ လျှပ်စစ်မီးက ပထမဖြစ်ပြီး သောက်သုံးရေက ဒုတိယဖြစ်သည်။ ထို့ အပြင် ဆေးရုံဆေးခန်းနှင့် ပညာသင်ကြားရေးအတွက် ကျောင်းဆောင်များ စသည့် အခြေခံလိုအပ်ချက်များ ဖြစ်သည်။ အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း နှစ်ဆယ့်တစ်အုပ်စုနှင့် ကျေးရွာပေါင်း နှစ်ရာနီးပါးရှိကာ အများစု သည် မိရိုးဖလာ ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြသည်။ “ကျေးရွာပေါင်း နှစ်ရာပတ်ဝန်းကျင်မှာ ဆေးရုံလို့ ပြောလို့ရတာ သုံးရွာ ပဲရှိတာကို တွေ့ရတယ်” ဟု […]

မြိတ်တွင် နှာခေါင်းစည်းအခုရေ တစ်သိန်း အခမဲ့ဖြန့်ဝေ

diz_admin

September 18, 2020

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Face Mask)အခုရေ တစ်သိန်းအား စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးဦးထံမှ သိရသည်။ အဆိုပါ နှာခေါင်းစည်းများအား ပင်လယ်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ငွေဇင်ယော်၊ ခိုင်ဇင်ယော်၊ ခိုင်လင်းစိုးနှင့် သီတာအေး စသည့် ငါးဖမ်းစက်လှေအုပ်စုတို့မှ လှူဒါန်း ပေးထားခြင်းဖြစ်သည်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေးခဲ့သော်လည်း တပ်ဆင်မှု နည်းပါးနေဆဲဖြစ်ကြောင်း ကရုဏာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးစိုးဦးက ပြောပြသည်။ ကရုဏာအသင်းအနေဖြင့် စက်တင်ဘာလအစမှ စပြီး ယာဉ်နှင့် လူသွားလာများသည့် လမ်းဆုံလမ်းခွများ၊ ဈေးတို့တွင် နှာခေါင်းစည်းစုစုပေါင်း အခုရေရှစ်သောင်းနီးပါးအား ပေးဝေခဲ့ပြီးဖြစ်သည်။ အလှူရှင်များမှ လှူဒါန်းထားသည့် နှာခေါင်းစည်းအခုရေ တစ်သိန်းအနက် ကျန်ရှိနေသည်များကို […]

အကျဉ်းထောင်များအတွင်း ဖုန်းလိုင်းဖြတ်ကိရိယာ တပ်ဆင်ထားဟုဆို

diz_admin

September 18, 2020

တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် ဖုန်းလိုင်းဖြတ်တောက်သည့် ကိရိယာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းခိုင်က ပြောကြားသည်။ တိုင်းနှင့်ပြည်နယ်များရှိ (က)အဆင့်နှင့် (ခ)အဆင့်ရှိ အကျဉ်းထောင်အချို့တွင် လက်ကိုင်ဖုန်း အသုံးပြုမှုရပ်တန့်စေရန် လိုင်းဖြတ်စက်များကို ယခု ဘဏ္ဍာနှစ်တွင် စတင်တပ်ဆင်ထားကြောင်း အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောကြားခဲ့သည်ဟု The Voice သတင်း ဌာနတွင်ဖော်ပြထားသည်။ ကိုဗစ်ကြောင့် ကညနလုပ်ငန်းအားလုံး ဒုတိယအကြိမ်ထပ်နား သို့သော် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းရှိ အကျဉ်းထောင်များတွင် အဆိုပါကိရိယာများကို ပြီးခဲ့သည့် နှစ်ကတည်းက တပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်တစ်ခုလျှင် အနည်းဆုံး ခြောက်လုံးမှ ကိုးလုံးအထိ တပ်ဆင်ထားကြောင်း၊ ကိရိယာတစ်ခုလျှင် ငွေကျပ် နှစ်သိန်းခွဲခန့် တန်ဖိုးရှိကြောင်း ၎င်းက ပြောသည်။ “ဖုန်းခိုးပြောမှာကြောက်တာပေါ့။ ပြောနေလို့တော့ မဟုတ်ဘူး။ ပြောခဲ့ သည်ရှိသော်ဆိုပြီးတော့ […]