ကိုဗစ်နှင့် မြိတ်မြင်ကွင်းစုံ
diz_admin
September 22, 2020မြိတ်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည် ပြုလူနာ ငါးဦး ရှိသွားပြီ။ အသွားအလာကန့်သတ်ထားသော ကိုဗစ်ပိုးတွေ့ရှိသူ နှစ်ဦးနေထိုင်သည့် ကန်ခေါင်းရပ်ရှိ မေတ္တာလမ်းနှင့် ၎င်းတို့ ၏မိသားစုဝင်များ နေထိုင်သည့် ပါရမီ ရပ်ကွက်ရှိ မာန်ပြေလမ်းတို့အား စက်တင်ဘာလ ၁၆ ရက်နေ့မှစပြီး ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခဲ့ သည်။ မြို့တွင်းလမ်းမများပေါ်တွင် ယာဉ်နှင့် လူအသွားအလာ နည်းပါးလာပြီး သွားလာနေသူအများစုမှာ နှာခေါင်းစည်းများ တပ်ဆင်လာကြသည်။ ဒုတိယလှိုင်းအတွက် ကိုဗစ်ကန့်သတ်ချက်များ အစားအသောက်နှင့် ဆက်စပ် အရောင်းဆိုင်များမှာ မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်ကြီတချို့မှာ ပိတ်ထားခြင်း၊ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များတွင် ရောင်းချသူတို့မှာ နှာခေါင်းစည်းများ တပ်ဆင်ထားပြီး ဝယ်ယူသူများအနေဖြင့် နှာခေါင်းစည်းတပ်ကာ ဆိုင်အပြင်ဘက်မှ ဝယ်ယူရခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။ ဖွင့်လှစ်ရောင်းချနေသည့် ကုန်စုံ ဆိုင်တို့တွင် […]


