တစ်ကွင်းတဆက်တည်း စိုက်ပျိုးခြင်း စုပေါင်းလယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရန်ပြင်ဆင်
diz_admin
December 3, 2020ထားဝယ်ခရိုင်တွင် စုပေါင်း လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရန် စတင်ကြိုးပမ်းနေသည်ဟု နန်းတော်ဦး စိုက်ပျိုးသီးနှံရောင်းဝယ်ရေး ကုမ္ပဏီလီမီတက်ထံက သိရသည်။ စုပေါင်းလယ်ယာစနစ်ဆိုသည်မှာ ရေ၊ မြေ၊ လယ်နှင့် ကိုက်ညီသည့် မျိုးစပါးကို တစ်ကွင်းတစ်ဆက်တည်းမှ တောင်သူများက သဘောတူညီတစ်ခုဖြင့် စိုက်ပျိုးကြသည့် နည်းစနစ်ဖြစ်သည်။ ယင်းသို့ စိုက်ပျိုးရန်အတွက် မြေ အချဉ်ဓာတ်၊ အငန်ဓာတ် တိုင်းတာစစ် ဆေးခြင်းနှင့် မြေပြင်ခြင်းများကိုလည်း ကုမ္ပဏီဘက်မှ ပြုလုပ်ပေးမည်ဖြစ်ပြီး ရေ၊ မြေ၊ လေ၊ ရာသီဥတုနှင့် ကိုက်ညီ သည့် မျိုးစပါးနှင့် သွင်းအားစုများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း နန်းတော်ဦး စိုက်ပျိုးသီးနှံရောင်းဝယ်ရေး ကုမ္ပဏီလီမီတက် ကုမ္ပဏီပိုင်ရှင် ဦးနိုင်လွင်လတ်က ပြောသည်။ “ရိတ်သိမ်းချိန်အထိ အားလုံးကို ကျွန်တော်တို့ တာဝန်နဲ့ ကျွန်တော်သွားမယ်။ လယ်သမားက စိုက်ဖို့ပဲလိုတယ်။ စပါးအောင်မြင်ဖို့ပဲ လိုတယ်။ အားလုံးကို […]


