ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေထွက်ကုန် ဈေးကျပြီး စားဖိုဆောင်သီးနှံများ ဈေးငြိမ်သည့် ထားဝယ်ဈေးကွက်

July 26, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ပစ္စည်းများ ဈေးကျပြီး စားဖိုဆောင်သီးနှံများ ဈေးငြိမ်နေသည်။

ပြီးခဲ့သည့်သီတင်းပတ် ဇူလိုင်လ ၁၉ရက်က ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် ပုစွန်ချောကြီး တစ်ပိဿာ ၆၀၀၀၀ကျပ် စျေးရှိရာမှ ဇူလိုင်လ ၂၅ ရက်တွင် ၄၇၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၃၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ဖိုးထောမဲတစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငါးဒွန်းခြင်းတစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ၁၀၀၀၀ကျပ်နှင့် ပါတူးငါးတစ်ပိဿာ ၁၆၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်သို့ အသီးသီး ဈေးကျသွားသည်ကို တွေ့ရသည်။

ထိုကြောင့်တစ်ပတ်အတွင်း ပုစွန်ချောကြီးတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ဖိုးတောမဲငါးတစ်ပိဿာလျှင်၂၀၀၀ကျပ်၊ ငါးဒွန်းခြင်းတစ်ပိဿာလျှင် ၁၀၀၀ကျပ်နှင့် ပါတူးငါးတစ်ပိဿာလျှင် ၁၀၀၀ ကျပ် အသီးသီး ဈေးကျသွားကြခြင်းဖြစ်သည်။

သို့သော် စားဖိုဆောင်သီးနှံများဖြစ်သည့် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်နှင့် အားလူးတို့မှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေကြသည်။

ယင်းအပြင် ထားဝယ်ဒေသထွက် ဆန်အမျိုးအစားများမှာလည်း ယခုသီတင်းပတ်အတွင်း ဈေးငြိမ်လျက်ရှိသည်။