ညမထွက်ရအချိန် အပြောင်းအလဲမရှိ
diz_admin
February 9, 2021ညမထွက်ရအဖြစ် သတ်မှတ်ထားသည့် အချိန်ကာလ အပြောင်းအလဲ မရှိကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေး ဦးအောင်ဆန်းဝင်းက ပြောသည်။ ကိုဗစ်ကပ်ဘေးစတင် ဖြစ်ပွားချိန် က ထုတ်ပြန်ထားသည့်အတိုင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအထိသာဖြစ်ပြီး အချိန်ပြောင်းလဲခြင်းမရှိကြောင်း ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှအာဏာသိမ်းပြီးနောက် ညမထွက်ရအမိန့်ကို အချိန်စော သတ်မှတ်လိုက်သည်ဟု ကောလာဟလသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ သည်။ ညမထွက်ရအချိန်မှာ ယခင် အတိုင်းပင်သတ်မှတ်ထားပြီး နှစ်လ တစ်ကြိမ် သက်တမ်းတိုးနေကြောင်း ဦးအောင်ဆန်းဝင်းက ဆိုသည်။ “ညမထွက်ရအမိန့်ကတော့ နဂို အချိန်ပဲ။ လောလောဆယ် ပြင်မထားဘူးလေ” ဟု ၎င်းက ပြောသည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းမည့် ဖွဲ့စည်းပုံအရ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ […]


