ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖမ်းဆီးခံရသည့် မွန်ဝန်ကြီး ၃ ဦး သုံးရက်မြောက်နေ့တွင် ပြန်လွတ်

diz_admin

February 8, 2021

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် မွန်ပြည်နယ် ဝန်ကြီး ၃ ဦးသည် သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီ ကျော်တွင် ပြန်လည်လွတ်မြောက်လာ ခဲ့သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီး အချို့တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော်မှ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို ယင်းနေ့၌ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သယံဇာတနှင့် သဘာဝထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကို ထိုနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းမရှိပေ။ ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် နောက်ဆုံးကျန်နေသည့် ဝန်ကြီး ၃ ဦးစလုံးကို ဝန်ကြီး […]

နေပြည်တော်ရောက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ နေရပ်ပြန်

diz_admin

February 8, 2021

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စား ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော် ကိုယ်စားလှယ်တို့က ပြောသည်။ မွန်ညီညွတ်ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့သည် တတိယအကြိမ်လွှတ်တော် တက်ရန် နေပြည်တော် စည်ပင်ဧည့် ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်များအားလုံး နေရပ်ပြန် နိုင်ပြီးဖြစ်ကြောင်း တပ်မတော်မှ လာရောက် ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင်က ပြောသည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က […]

ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော

diz_admin

February 8, 2021

မြိတ်ဒေသနေပြည်သူများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ တပ်မတော်မှ အာဏာကို သိမ်းပြီး နာရီဝက်အတွင်း မြိတ်မြို့ရှိ အိုကေဆန်ဆိုင်အပါအဝင် ဆန်ဆိုင်များတွင် တိုးဝှေ့ဝယ်ယူမှုများ ဖြစ်နေခဲ့သည်။ ယင်းအပေါ်မစိုးရိမ်ရန်နှင့် ဆန်ပြတ်လပ်မည် မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်ထွေး က ပြောဆိုသည်။ “ဆန်ကကျွန်တော့်ဆီမှာ သောင်း ချီပြီးရှိနေသေးတယ်။ ဖျာပုံက ဆန်တင် သင်္ဘောလည်း ဆင်းလာနေပါတယ်” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းမှုကြောင့် ပြည်သူ လူထုများ စိုးရိမ်စိတ်မြင့်တက်ခဲ့ပြီး ဆန်များအလုအယက်ဝယ်ယူခဲ့ရာ နောက်လယ်ရပ်ကွက်ရှိ အိုကေဆန်တစ်ဆိုင်တည်း ၃ နာရီအတွင်း ၂၄ ပြည်ဝင် ဆန်အိတ် သုံးထောင်ကျော်ကို ပုံမှန်ဈေးဖြင့် ရောင်းချခဲ့ကြောင်း ဦးမောင်ထွေး က ပြောပြသည်။ “လူတစ်ဦးကို နှစ်အိတ်နှုန်းနဲ့ရောင်း ချပေးခဲ့တယ်။ သူဌေးတွေဝယ်ပြီး […]

အာဏာသိမ်း ဆန့်ကျင်ရေး ထားဝယ်တွင် ပထမဆုံးအကြိမ်ဆန္ဒပြ

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့အတွင်း စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သည့် ပထမဆုံး အကြိမ်ဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ ထားဝယ်ဒေသခံလူငယ်ငါးဆယ် ဦးခန့်ပါဝင်ပြီး ရှမ္မလည်ဆွဲလမ်းဆုံမှ အထက ၃ ကျောင်းရှေ့အထိ အသွားအပြန် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ အဆိုပါ ပထမဆုံးဆန္ဒပြပွဲတွင် ဒေါင်းအလံများကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ နိုင်ငံ တော်သမ္မတ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံနိုင်ငံရေးသမားများအား အမြန်ဆုံးပြန်လွှတ်ပေးရေး အစရှိသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။ လမ်းလျှောက်ဆန္ဒပြချိန် ၁၅ မိနစ် ခန့် ကြာမြင့်ပြီးနောက် ရှမ္မလည်ဆွဲ လမ်းဆုံသို့ ပြန်ရောက်ချိန်တွင်မူ လူစု ခွဲခဲ့ကြသည်။ မကြာမီ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ ဝင်များရောက်ရှိလာခဲ့သော်လည်း ယင်းနေရာတွင် ဖမ်းဆီးထိန်းသိမ်းမှု မရှိခဲ့ပေ။ ထားဝယ်မြို့အပြင် ဘုတ်ပြင်းမြို့တွင်လည်း ဆိုင်းဘုတ်များကိုင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

တနင်္သာရီတိုင်းတွင် ပညာရေး ဝန်ထမ်း ၇ ဦး ကားပါမစ်လျှောက်

diz_admin

February 8, 2021

တနင်္သာရီတိုင်းတွင် ကားပါမစ် လျှောက်ထားသူ ပညာရေးဝန်ထမ်း ခုနစ်ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ကားပါမစ်လျှောက်သူသည် နိုင်ငံတော်မှ ချီးမြှင့်သည့် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိထားသူဖြစ်ရမည်ဖြစ်ပြီး အသက် ၅၇ နှစ် နှင့်အထက် ပင်စင်နီး ဝန်ထမ်းများ လျှောက်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန် ထားသည်။ ကားပါမစ်လျှောက်ထားခွင့်ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တင်ထားသော်လည်း ယခု ဇန်နဝါရီနောက်ဆုံးအပတ်ထိ ပါမစ်ကျမလာသေးကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) ဦးဌေးအောင်က ပြောသည်။ ကားပါမစ်လျှောက်ထားသူများမှာ တိုင်းပညာရေးမှူးရုံးမှ လေးဦး၊ မြိတ် တစ်ဦး၊ ထားဝယ် တစ်ဦး၊ ပုလောမြို့ နယ်တွင် တစ်ဦးတို့ ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

နယ်လွန်ဂေါက်သီးအန္တရာယ် စိုးရိမ်

diz_admin

February 8, 2021

ထားဝယ်ဂေါက်ကွင်းအတွင်းမှ အရှိန်လွန်ထွက်လာသည့် ဂေါက်သီးကြောင့် လူထိခိုက်မည်ကို လမ်းသွား လမ်းလာများနှင့် ကျန်းမာရေးလမ်း လျှောက်သူများက စိုးရိမ်နေကြသည်။ လမ်းလျှောက်ချိန်များတွင် ဂေါက်ကွင်းအတွင်းမှ အရှိန်လွန်ပြီးထွက်လာ လေ့ရှိပြီး ဂေါက်သီးကြောင့် လူ၊ ယာဉ် ထိခိုက်မှုဖြစ်စဉ်များ ရှိခဲ့ကြောင်း ညနေ ဘက်ပုံမှန်လမ်းလျှောက်လေ့ရှိသည့် အသက် ၅၀ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။ ဇန်နဝါရီလ ၂၄ ရက် ညနေကလည်း ဂေါက်ကွင်းအတွင်းမှ ရိုက်လိုက်သည့် ဂေါက်သီးမှာ အရှိန်လွန်ပြီး လမ်းလျှောက်နေ သူများအား ထိခိုက်လုမတတ် ဖြစ်သွားခဲ့သည်။ “ထွက်လာတဲ့ဂေါက်သီးက ခေါင်းကိုသာ ထိသွားရင် မတွေးရဲစရာပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ကွင်းအတွင်းမှ ဂေါက်သီးအရှိန် လွန်ထွက်သွားမည်ကို ဂေါက်သီးရိုက် ကစားသူအချို့ကလည်း စိုးရိမ်နေကြသည်။ ထိုသို့ အရှိန်လွန်ထွက်သွားပြီး လူ […]

Mytel ထုတ်ကုန်များကို အသုံးမပြုသည့် လှုပ်ရှားမှု ထားဝယ်တွင်ပြုလုပ်

diz_admin

February 8, 2021

တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေး လုပ်ငန်းများမှ ထုတ်ကုန်များကို အသုံးမပြုကြရန် တိုက်တွန်းမှုများနှင့်အတူ ထားဝယ်မြို့တွင်လည်း Mytel ထုတ်ကုန် ပစ္စည်းများကို ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း မပြုသည့် လှုပ်ရှားမှုကို အချို့က လုပ်ဆောင်နေကြကို တွေ့လာရသည်။ ထားဝယ်မြို့တွင် ယင်းလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဖုန်းအရောင်းဆိုင်နှင့် ဖုန်းပြုပြင်ဆိုင် တစ်ဆယ်နီးပါးရှိနေပြီ ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်နေသည့် ထားဝယ်မြို့ရှိ ဖုန်းအရောင်းဆိုင်ပိုင်ရှင် ကိုစီက ပြောသည်။ လှုပ်ရှားမှုတွင်ပါဝင်သောဆိုင်များသည် ရောင်းမည့် ဖုန်းဆင်းကတ်များကို လွှင့်ပစ်ခြင်း၊ Mytel Pay အတွင်းရှိငွေများကို ပြန်ထုတ်ခြင်း၊ ငွေဖြည့်ကတ်များ ပြန်အပ်ခြင်းတို့ကို လုပ်ဆောင်နေကြ သည်။ “Mytel နဲ့ပတ်လာရင် လုံးဝ အရောင်းရပ်ဆိုင်း ပစ်လိုက်တာတွေ၊ ငွေဖြည့်ကတ်မဝယ်တော့တာတွေ၊ ငွေလွှဲ၊ ငွေထုတ်ကအစ အားလုံးရပ်ပစ် လိုက်တာ” ဟု ကိုစီက ဆိုသည်။ […]