ယခုနှစ် နွေရာသီ ရေရှားပါးမှု ရေတိုနည်းဖြင့် ဖြေရှင်းရန် အဖြေရှာ
diz_admin
February 8, 2021တိုင်းအတွင်း ယခုနှစ် နွေရာသီ သောက်သုံးရေရှားပါးမှုကို လတ်တလော အခြေအနေတွင် ရေတိုနည်းလမ်းများဖြင့် ဖြေရှင်းရန် ခရိုင်အလိုက် ညှိနှိုင်းဆွေနွေး ခဲ့ကြသည်။ ထားဝယ်ခရိုင်တွင်းရှိ မြို့များတွင် နွေရာသီသောက်သုံးရေရှားပါးမှုကို ဖြေရှင်းဆောင်ရွက်မည့် အလုပ်ရုံဆွေး နွေးပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကရေပေးဝေရေးအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်အလိုက် ပြုလုပ်မည်ဖြစ်ပြီး ခရိုင်သုံးခုလုံးမှ တင်ပြလာသည့် အခြေအနေပေါ်မူတည်ကာ ရေတိုနည်းလမ်းဖြင့် ဖြေရှင်းမည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ခရိုင်သုံးခုလုံးတွင် အလုပ်ရုံဆွေး နွေးပွဲပြုလုပ်ပြီးပါက နွေရာသီတွင် ရေအခက်အခဲရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများစာရင်းကို သိရှိရ မည်ဖြစ်ပြီး ရေဖြန့်ဝေရာတွင် အသုံးပြုမည့် မော်တော်ယာဉ်၊ […]


