ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီး ခုနှစ်ရက်မြောက် နေ့တွင် ထားဝယ်မြို့လမ်းမများပေါ်သို့ လူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကြသည်။ “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်လာကြသည်။ တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ခဲ့သည့် ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပထမဆုံးရက်တွင် အင်အား ဆယ်ဂဏန်းသာရှိရာမှ သုံးရက်မြောက်နေ့တွင် ထောင်ပေါင်းများစွာအထိ များပြားလာခဲ့သည်။ ဆန္ဒပြပွဲ ပထမနေ့နှင့် ဒုတိယနေ့များတွင် လူအင်အားတစ်ရာခန့်ရှိပြီး လမ်းလျှောက်သည့် ခရီးလည်း တိုတောင်းကာ အချိန်အားဖြင့် နာရီဝက် ပင်မပြည့်ခဲ့ပေ။ တတိယနေ့ဆန္ဒပြရာတွင်မူ အင်အားထောင်ပေါင်းများစွာပါဝင်လာပြီး တစ်မြို့လုံးနီးပါး လှည့်လည် ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကလည်း မီးတန်းကား၊ အချုပ်ကား များကလည်း ဆန္ဒပြပွဲမတိုင်မီကပင် မြို့အတွင်း ကင်းလှည့်နေသည်။ ဆန္ဒပြပွဲစတင်ချိန်တွင် လူအင်အားဆယ် ဂဏန်းမျှသာ […]

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

diz_admin

February 8, 2021

ထားဝယ်မြို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်း မှတ်တမ်းများ ထားဝယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် စတုတ္ထနေ့ အဖြစ် ဆန္ဒပြပွဲများ ဆက်ဖြစ်နေသည်။ လူသိန်းချီအထိ ပါဝင်လာပြီး ပိုမိုအချိန်ကြာမြင့်စွာ ဆန္ဒပြလျက်ရှိသည်။ Dawei Watch

ကံစမ်းပဒေသာ ရဲ မမြင်ပါ

diz_admin

February 5, 2021

သုံးထပ်သားသစ်သားပေါ်တွင် အဝတ်မွှေးရည်မှစ၍ ထမင်းပေါင်းအိုး၊ ပန်ကာ၊ တီဗီတင်စားပွဲအထိ တန်ဖိုးရှိ ပစ္စည်းများ ချိတ်ဆွဲထားသည်။ နောက်ထပ်သစ်သားပြား တစ်ခုပေါ်တွင် မဲလိပ်များကို အစီအရီကပ်နှိပ် ထားပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများ ကို ဆွဲဆောင်နေသည်။ မဲလိပ်တစ်လိပ်လျှင် ငွေကျပ် တစ်ရာတည်းသာ သတ်မှတ်ထားသည့်အတွက် ရပ်ကွက်/ကျေးရွာ အတွင်းရှိ လက်လုပ်လက်စားများအဖို့ မက်လောက်စရာ ကံစမ်းနည်းတစ်မျိုးပင်။ ငွေတစ်ရာ ဖိုးရင်း၍ သောင်းချီတန်ဖိုးရှိသော ထမင်းပေါင်းအိုးတစ်လုံး မဲပေါက်ပါက မက်စရာ။ ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်မှ အစ ကွမ်းယာဆိုင်အဆုံး တွင်တွင်ကျယ် ကျယ်ရှိနေပြီး ထားဝယ်ဒေသတစ်ခွင် ရပ်ကွက်ကျေးရွာ အများစုတွင် ထိုကံစမ်း ပဒေသာများက လွှမ်းမိုးလာသည်။ ဆုမဲအနေဖြင့် ထမင်းပေါင်းအိုး၊ ပန်ကာ၊ တီဗီတင်စားပွဲမှအစ အဝတ်မွှေးဆပ်ပြာရည်အထိ ဆုမဲပေါင်း ၃၀ ဝန်းကျင်အထိ ထည့်သွင်းထားသည်။ အဆိုပါ ကံစမ်းပဒေသာတစ်စုံလျှင် […]

၀န်ထမ်း ၄၀ဝ၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး

diz_admin

February 4, 2021

မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀ဝ၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးများ မြန်မာ နိုင်ငံသို့ ဇန်နဝါရီ ၂၂ ရက်နေ့က ရောက် ရှိလာခဲ့ပြီး အစိုးရက တိုင်းနှင့် ပြည် နယ်များသို့ ဖြန့်ဝေပေးခဲ့ရာ ပထမဦးစား ပေးအနေနှင့် ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်ထိုးနှံ ပေးခြင်း ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးနေသည့် အခြေအနေသာ သိရှိထားပြီး မွန်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှရမည်ကို မသိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး (စီမံ၊ ဘဏ္ဍာ) ဒေါက်တာဝတ်မှုံက ပြောသည်။ “ဆေးရရှိတဲ့အပေါ် မူတည်ပြီးတော့ ဦးစားပေး အုပ်စုအလိုက် တက်သွားမှာပေါ့။ အဲဒီလိုမျိုးလေးတော့ […]

မော်လမြိုင်တွင် မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းမိ

diz_admin

February 4, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇန်နဝါရီ ၂၃ ရက်က မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန် ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ကမ်းနားလမ်းနှင့် မြို့မတံတားလမ်းထောင့်ရှိ ကားပွဲစားတန်းအနီးတွင် စောင့်ဆိုင်းနေကြစဉ် TOYOTA HILUX SURF အပြာရောင်ယာဉ်နှင့် TOYOTA HILUX VIGO မီးခိုးရောင်ယာဉ်နှစ်စီးဖြင့် တစ်ဖွဲ့တည်းလာသူတို့အား ရပ်တန့်စစ်ဆေးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ယာဉ်ပေါ်တွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆၀၄၅၀ဝ ကျော် အလေးချိန် ၆၀၄၅၀ ဂရမ်ခန့်ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ “ဖမ်းမိတဲ့ ဆေးပြားက အားလုံး […]

မွန်တွင် ဆားတစ်ပိဿာ ကျပ် ၅၀ အထိ ဈေးကျ

diz_admin

February 4, 2021

မွန်ပြည်နယ်ထွက် ဆားကြမ်းများ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ပိဿာ ကျပ် ၅၀ အထိ ကျသွားသည်ဟုပြည်နယ် အတွင်းရှိ ဆားအရောင်းအဝယ်ပြုသူနှင့် ဆားတောင်သူတို့ထံမှ သိရသည်။ ဆားအသစ်စထွက်ချိန်တွင် ဆားကြမ်းဈေးကောင်းရလေ့ရှိသော်လည်း ယခုနှစ်တွင်ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဆားဈေး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် အထိကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။ လက်ရှိတွင် ဆားကြမ်းဈေး တစ် ပိဿာ ၅၀ ကျပ်သာရှိနေပြီး ယမန်နှစ်က ယခုကဲ့သို့ ဆားထုတ်ရာသီအစတွင် ဆားကြမ်းတစ်ပိဿာပေါက်ဈေး ကျပ် ၂၀ဝ ကျော်ရှိခဲ့သည်ဟု ရေးမြို့နယ်ရှိ ပငဆားတောင်သူတို့က ပြောသည်။ “အခုချိန်မှာ ဆားပေါက်ဈေးက (တစ်ပိဿာ) ၅၀ ကျပ် ပဲရှိတယ်။ ထုတ်လုပ်မှုစရိတ်အောက်ထက်ကို ကျသွားတယ်။ ဒီအချိန်က ဆားတွေလည်း ထွက်နေပြီး ဝယ်တဲ့လူလည်းမရှိဘူး ဆားကျန်တွေကလည်း အများကြီး။ ရတဲ့ဈေး၊ ပေးတဲ့ဈေးနဲ့ပဲ ထုတ်ရောင်းနေရတယ်” ဟု […]

ကိုဗစ်ကြောင့် သေဆုံးသူဆက်တိုး

diz_admin

February 4, 2021

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၈ ရက်အထိ သေဆုံးသူ ၄၂ ဦးအထိ တိုးလာသည်ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ဇန်နဝါရီလအတွင်း၌ ဆက်တိုက် တိုးလာခဲ့ပြီး လက်ရှိတွင် ၄၂ ဦး အထိ ရှိလာခဲ့သည်။ သေဆုံးသူများသည် ရောဂါအခံကြီးကြီးမားမားရှိသူမဟုတ်ဘဲ အဓိက ကိုဗစ်ကူးစက်ရောဂါကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။ “ကိုဗစ် ဗိုင်းရပ်စ်ပိုးဟာ အရင်ကထက် ပိုပြင်းထန်လာသလားဆိုတာကို စဉ်းစားစရာ ဖြစ်နေတာပေါ့နော်” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။ မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ် တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့် တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။ […]

နယ်စပ်သွပ်ဆူးကြိုးဖြတ်ဝင်သော မြန်မာတစ်ဦး အဖမ်းခံရ

diz_admin

February 4, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ် တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့ စင်ခွန်း နယ်စပ်ဂိတ်အနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က သွပ်ဆူးကြိုးများအားကျော် ဖြတ်ရန်ကြိုးစားနေသည့် မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းက ဖမ်းဆီးလိုက်သည်။ ထိုင်းတာဝန်ရှိသူတို့သည် မူးယစ် ဆေးဝါးသတင်းအရ နယ်စပ်တစ်လျှောက် စစ်ဆေးခဲ့ရာ မောတောင်မြို့နေ အသက် ၂၅ နှစ်ရှိအမျိုးသားတစ်ဦးအား ဘိန်းစာမှုန့် တစ်ကီလိုခွဲ နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မြိတ်-ပရာကျွတ်မောင်နှမ မြို့တော်ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် က ပြောကြားသည်။ အဆိုပါအမျိုးသားသည် ဝယ်လက်ဖြစ်သည့် ထိုင်းလူမျိုးတစ်ဦးထံ ဘိန်းစာမှုန့် အနည်းငယ်စီကို အကြိမ်ကြိမ် အလီလီ ပို့ဆောင်ပေးနေသည်ကို ထွက်ဆိုခဲ့ကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။ ယင်းအမျိုးသားကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူရန် ပြင်ဆင်နေသည်။ ထို့ပြင် […]