မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပြန်ဖွင့်မည်
diz_admin
February 4, 2021မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်အား ဖေဖော်ဝါရီလ ၁ ရက် မှစပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ နယ်စပ်ဂိတ်မှ ကုန်ခြောက်များ ကုန်သွယ်ခွင့်ပြန်ပေးရန် ပရာကျွတ် ခီရီခန် ခရိုင်ဝန် ဦးဆောင်ပြီး ဌာနဆိုင်ရာ များပါဝင်သည့် ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်-ပရာကျွတ်ခီရီ ခန်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောကြားသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ပိတ်ထားသော မောတောင် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်ပြန်ပေးရန် ထိုင်းနိုင်ငံဘက် မှ စီစဉ်နေကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောကြားသည်။ မောတောင်နယ်စပ်ဂိတ်တည်ရှိရာ ထိုင်နိုင်ငံဘက်ခြမ်း ပရာကျွပ်ခီရီခန်ခရိုင်တွင် ကိုဗစ်ပိုးရှိသူ မတွေ့ရှိခြင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းပြန်လည်ပတ်နိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်တို့၏ တောင်းဆိုမှုတို့ကြောင့် မြိတ်ပင်လယ် ထွက်ကုန် အပါအဝင် […]


