ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လေကြောင်းဖြင့်ပို့ခြင်းကြောင့် စာတိုက်ပစ္စည်း ပို့ခဈေးတက်

Ba Maung

February 3, 2021

စာတိုက်ပစ္စည်းများကို လေကြောင်း ဖြင့် ပို့ဆောင်နေခြင်းကြောင့် ပို့ခဈေး တက်လာခြင်းဖြစ်သည်ဟု မြန်မာ့ စာတိုက်လုပ်ငန်းမှ တိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်ထွန်းက ပြော သည်။ စာတိုက်ပစ္စည်းများ၏ လုံခြုံမှုနှင့် အမြန်ရောက်ရှိနိုင်မှုအတွက် လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန် မြန်မာ့စာတိုက် လုပ်ငန်းဗဟိုက ညွှန်ကြားထားသဖြင့် လေယာဉ် ပြန်လည်ပြေးဆွဲသည့် ဒီဇင်ဘာ ၁၈ ရက် ကတည်းက စမ်းသပ် ပို့ဆောင်နေသည်ဟု ဦးအောင်မြင့်ထွန်း က ပြောသည်။ စာတိုက်ပစ္စည်းများပို့ရန် စာချုပ် ချုပ်ဆိုထားသည့် ကားမှာ ကိုဗစ်ကြောင့် ရပ်နားထားသဖြင့် အလျဉ်းသင့်သည့် ကုန်တင်ကားများဖြင့် တင်ပို့နေရပြီး ယခင်က တစ်ရက်သာကြာသည့် စာတိုက် ပစ္စည်းများမှာ ကိုဗစ်ကာလတွင် တစ်ပတ် မှ နှစ်ပတ်ခန့်အထိ ကြာမြင့်သွားကြောင်း ၎င်းက ပြောသည်။ “ကုန်ကားနဲ့ပို့ရတာကျတော့ စာချုပ်လည်းမရှိဘူးလေ။ စာချုပ် […]

တိုင်းဒေသကြီး ဟိုတယ်ခရီး ညွှန်မှူး ပြောင်းရွှေ့

diz_admin

February 3, 2021

တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိုအေး သည် ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ ဦးညိုအေးသည် တနင်္သာရီတိုင်း ဟိုတယ်/ခရီးတွင် ညွှန်ကြားရေးမှူးအဖြစ် လေးနှစ်နီးပါး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇန်နဝါရီလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် သွားရောက်တာဝန်ထမ်းဆောင် မည်ဖြစ်သည်။ ဦးညိုအေး၏ နေရာတွင် ရခိုင်ပြည်နယ် ဟိုတယ်/ခရီးဌာနမှ ညွှန်ကြားရေးမှူးက ပြောင်းရွှေ့ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

တိုင်းအစိုးရအဖွဲ့ဝင်များကို ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်ထိုးပေးမည်

diz_admin

February 3, 2021

တိုင်းအစိုးရအဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ်ထိုးပေး မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းအစိုးအဖွဲ့ဝင်များကို ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဟု သိထားသော်လည်း ပြည်သူအများအား ထိုးပေးမည့် အစီအစဉ်ကိုမူ မသိရသေးဟု အထက်ပါဌာနမှ ဒေါက်တာထွန်းမင်း က ပြောသည်။ “သေချာတာကတော့ အစိုးရအဖွဲ့ ဝင်တွေကို ထိုးပေးမယ်၊ ပြည်သူတွေကတော့ ပါတာပေါ့။ ဒါပေမယ့် ဘယ်သူ့ ကို ထိုးပေးမလဲဆိုတာ မသိသေးဘူး” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။ ကိုဗစ်ကာကွယ်ဆေး ဒုတိယ အသုတ်ထိုးမည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့များအပါအဝင် ပြည်သူများတွင် မည်သည့်အုပ်စုကို ဦးစားပေး ကဏ္ဍအလိုက် ထိုးပေးမည်ဆိုသည့် ညွှန်ကြားချက်များ ရောက်မလာသေးဟု ၎င်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်သူများအား အလုပ်အကိုင်အလိုက် […]

ဖေဖော်ဝါရီတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်း စမည်

diz_admin

February 3, 2021

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲလုပ်ငန်းစဉ်အား လာမည့်ဖေဖော်ဝါရီလတွင် စလုပ်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင် က ပြောသည်။ အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးရွေးချယ်မှုကို ဖေဖော်ဝါရီလ တတိယအပတ်တွင် စတင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အုပ်ချုပ်ရေးမှူးရွေးချယ်မှုကိုမူ မတ်လအတွင်းပြုလုပ်မည်ဖြစ်ပြီး လကုန်ပိုင်းတွင် အတည်ပြုခန့်ထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ဧပြီလဆန်းတွင် တာဝန် စတင် ထမ်းဆောင်မည်ဖြစ်သည်။ လက်ရှိတွင် အချို့သော ရပ်ကွက်/ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့များ စတင်ဖွဲ့စည်းနေကြပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ချိန်က အာဏာရ ပါတီဝင်ဖြစ်ခြင်း မဖြစ်ခြင်း အပါအဝင် အခြား ပြဿနာများကြောင့် ကန့်ကွက်မှုများ ရှိခဲ့သည်။ လက်ရှိတွင် ရပ်ကျေးဥပဒေနှင့် မကိုက်ညီဘဲ ရွေးချယ်ခံရပါက ကန့်ကွက်နိုင်ပြီး ဥပဒေနှင့် ညီညွတ်ပါက လက်ခံရမည်သာဖြစ်ကြောင်း […]

၀န်ကြီးချုပ်အပါအဝင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကန့်ကွက်ခံရ

diz_admin

February 3, 2021

ရွေးကောက်ပွဲအနိုင်ရ တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၁၈ ဦးကို မဲဆန္ဒရှင်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က အမှုပေါင်း ၂၅ မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်း ထားသည်။ ကန့်ကွက်လွှာအတင်ခံရသော အနိုင်ရကိုယ်စားလှယ်များတွင် NLD ဗဟိုအလုပ်အမှုဆောင်ဝင်ဖြစ်သူ ဦးခင်မျိုးဝင်း၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းပါတီဒုတိယဥက္ကဋ္ဌ ဦးကင်းရှိန်တို့လည်းပါဝင်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄ ဦးက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင်ရ NLD ကိုယ်စားလှယ် ၁၄ ဦးကိုကန့်ကွက်ထားကြသည်။ ယင်းအပြင် မဲဆန္ဒရှင်ခြောက်ဦးကလည်း အနိုင်ရကိုယ်စားလှယ် ခုနစ်ဦးကို ကန့်ကွက်ထားသည်။ ကန့်ကွက်သူ၊ ကန့်ကွက်ခံထားရသူနှစ်ဘက်စလုံးအား ဖေဖော်ဝါရီလ ၄ နှင့် ၅ ရက်တို့တွင် ရွေးကောက်ပွဲခုံရုံးတွင် လာရောက်ရှင်းလင်းရန် ခေါ်ယူထားကြောင်း နှစ်ဘက်ပါတီခေါင်းဆောင်တို့က ပြောကြားသည်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် […]

တရားမဝင်ဆီဆိုင်များ ဇန်နဝါရီလကုန်အပြီး ပိတ်သိမ်းရမည်

diz_admin

February 3, 2021

လိုင်စင်မရှိဘဲ တရားမဝင်ရောင်းချ နေသည့် ဆီဆိုင်များ ဇန်နဝါရီလ ကုန်တွင် အပြီးပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။ ထိုကြောင့် လူနေရပ်ကွက်များ အတွင်း လက်ကိုင်ပိုက်များဖြင့် ရောင်းချ နေသည့်ဆိုင်များ သတ်မှတ်ကာလ နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ဖြင့် အရေးယူတော့မည်ဖြစ်သည်။ ထိုသို့အရေးယူမည့်အကြောင်းကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကလည်း ထုတ်ပြန်ထား သည်။ တိုင်းအတွင်း လိုင်စင်ရှိ စက်သုံး ဆီဆိုင် ၃၂ ဆိုင်သာရှိပြီး လိုင်စင် လျှောက်ထားဆဲ ဆိုင် ၃၀ ဝန်းကျင်ရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ယင်းကာလမတိုင်မီ လိုင်စင်လျှောက် ထားလိုပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး လိုင်စင်မဲ့ရောင်းချနေပါက ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း အထက်ပါ ဌာန တိုင်းကြီးကြပ်စစ်ဆေးရေးအရာရှိ […]

ကြက်တောင်အားကစား ပိုဖွံ့ ဖြိုးဖို့

diz_admin

January 31, 2021

သက်ထားသူဇာနှင့်အတူ ကြက်တောင် အားကစားကို မြန်မာနိုင်ငံတွင် လူပိုစိတ်ဝင်စားလာသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်လည်း ကြက်တောင်အားကစားနှင့် ပတ်သက်၍ အစဉ်အလာ ရှိပြီး နိုင်ငံကိုယ်စားပြု၊ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားကောင်းများ မွေးထုတ် ပေးနိုင်ခဲ့သည်။ သဟာယကြက်တောင် အသင်းကို ၁၉၅၃ ခုနှစ်ခန့်ကပင် ဖွဲ့စည်း ခဲ့သည်ကိုတွေ့ရသည်။ သဟာယကြက်တောင် အသင်းအား မြိတ်မြို့၊ ဈေးတန်း ရပ်ကွက်၊ ပုလဲလမ်းမကြီးနှင့် သဟာယလမ်းထောင့်တွင် ဖွင့်လှစ် ထားပြီး ၂၀၁၇ ခုနှစ်တွင် ယခင် အားကစား ရုံဟောင်းအားဖျက်၍ နှစ်ထပ်မိုးလုံ လေလုံအဆောက်အအုံအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့သည်။ တစ်ခေတ်တစ်ခါက သဟာယ ကြက်တောင်အသင်း၏ အထင်ကရ ကြက်တောင်အားကစားသမားများ ဖြစ်ကြသည့် ဦးဘွန်ဝါ၊ ဦးစံမြင့်၊ ဦးလှတင့်၊ ဒုတိယဗိုလ်မှူးကြီး လှမြင့်သိန်း၊ ဦးစုံပင် (ခ) ဦးဇုံမင်းဝေ စသည့်အားကစားသမား […]

မွန်အမျိုးသားနေ့ အကျဉ်းရုံး ကျင်းပမည်

diz_admin

January 30, 2021

လာမည့် ဖေဖော်ဝါရီလတွင်ကျင်းပမည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ကိုဗစ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အကျဉ်းရုံး ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။ တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို သထုံမြို့တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ် ကပ်ဘေးကြောင့် မော်လမြိုင်မြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားသည်။ ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်တို့၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများ မပျောက်ပျက် မတိမ်ကောစေရေး ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလူမျိုးများ […]