ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အဂတိကော်မရှင်သို့ မမှန်မကန်တိုင်ကြားမှု တရားမစွဲဟု မြိတ်စည်ပင်ဥက္ကဋ္ဌ ဆို

diz_admin

January 28, 2021

မြိတ်မြိုနယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအား အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ မမှန်မကန် တိုင်ကြားသူအား ပြန်လည် အရေးယူနိုင်သော်လည်း လစ်လျူရှုခဲ့ကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။ ကန်ဖျားကုန်စိမ်းဈေး နေရာရွေ့ ပြောင်းခြင်း၊ လမ်းဘေးဈေးကောက်ခြင်း၊ ဆိပ်ငယ်ဈေး (တိုက်ဈေး) ပြင်ဆင်တည် ဆောက်ခြင်းနှင့် ကန်ခေါင်းရပ်ရှိမြနန္ဒာလမ်း ကိုယ်ထူ ကိုယ်ထလမ်းခင်းခြင်း တို့တွင် အဂတိကော်မရှင်သို့ တိုင်ကြားခံရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။ “တိုင်လို့မမှန်ဘူးဆိုရင် ပြန်ပြီး တရားစွဲဆိုခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။ သို့သော် ရှေ့ဆက်ရမည့် လုပ်ငန်းများအတွက် နှောင့်နှေးကြန့်ကြာမည်ကို စိုးရိမ်သဖြင့် ပြန်လည်တရားစွဲဆိုခြင်း မပြုလုပ်ခဲ့ကြောင်း ဦးမြတ်ကိုကိုက ပြောကြားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် […]

သောင်းကျန်းမြေသယ်ကား ပြေးဆွဲခွင့်အချိန်ကန့်သတ်

diz_admin

January 28, 2021

“ဘာမှထူးမလာပါဘူး။ ဒုံရင်း ဒုံရင်းတိုင်းပါပဲ” အရှိန်ပြင်းမောင်းလေ့ရှိသည့် မြေသယ်ကားပြေးဆွဲသောအချိန်အား လောင်းလုံးမြို့နယ်၊ သောကြာပြင် ကျေးရွာအနီးတစ်ဝိုက်တွင် ကန့်သတ်လိုက်ကြောင်း လောင်းလုံးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။ မြေသယ်ကား သွားလာခွင့်အား တစ်ရက်နှစ်ကြိမ်နှုန်းခွဲကာ အချိန်ကန့် သတ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ဌေးက ဆိုသည်။ နံနက်လေးနာရီမှ နံနက် ခုနစ်နာရီ ခွဲအထိ တစ်ကြိမ်နှင့် နေ့လယ် နှစ်နာရီခွဲမှ ညကိုးနာရီခွဲအထိ တစ်ကြိမ်နှုန်း သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။ ယင်းနေရာတစ်ဝိုက်တွင် မြေသယ်ကားများ သောင်းကျန်းနေသည့်အတွက် ဒေသခံလေးဆယ်ကျော် လက်မှတ်ထိုးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်ကြားထားသည်။ သောင်းကျန်း မြေသယ်ယာဉ်များ ကြပ်မတ်ပေးရန် ဝန်ကြီးချုပ်ထံတိုင် ဝန်ကြီးချုပ်ထံ တိုင်ကြားပြီးနောက် ယင်းကဲ့သို့ အချိန်ကန့်သတ်လာခြင်း ဖြစ်သည်။ဒေသခံများတိုင်ကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးတာဝန်ရှိသူ အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ […]

မွန်တွင် သက်ငယ်မုဒိမ်းမှု အများဆုံး

diz_admin

January 28, 2021

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် သက်ငယ်မုဒိမ်းမှုများဖြစ်သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောကြားသည်။ ပြည်နယ်အတွင်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှု များပြားလာပြီး သက်ငယ် မုဒိမ်းအများစုသည်လည်း အသက်မပြည့်ကြသူ အချင်းချင်း ကျူးလွန်မှုဖြစ်စဉ်က ပိုများကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ “များသောအားဖြင့်တော့ ၁၈ နှစ် မပြည့်သေးတဲ့ သမီးရည်းစားစုံတွဲတွေ အချစ်နယ်ကျွံရာကနေ မိသားစုပါလာတာ။ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိမ်းမှုတွေ ဖြစ်တာများပါတယ်” ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။ သက်ငယ်မုဒိမ်းကျူးလွန်သူတို့ သည် မိသားစုဝင်များနှင့် ဆွေမျိုးတော် စပ်သူတို့က အများစု ဖြစ်လေ့ရှိကြောင်း မွန်ပြည်နယ်အတွင်း ကလေးသူငယ် […]

ဒေါက်တာ အောင်နိုင်ဦးကို ကန့်ကွက်မှု စစစ်မည်

diz_admin

January 28, 2021

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် အနိုင်ရရှိထားသည့် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ကန့်ကွက်ထားသည့်ကိစ္စကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်သည်။ ကန့်ကွက်ခံထားရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်တွင် ထုချေလွှာတင်သွင်းရမည့်အကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ရွေးကောက်ပွဲ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားပြီး လက်ရှိ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ယူထားရသည့် ဒေါက်တာအောင်နိုင်ဦးကို NLD ပါတီမှ လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ကန့်ကွက်ထားသည်။ “အမှားအယွင်း တစ်စုံတစ်ရာ ပြု လုပ်ထားခြင်းမရှိဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်တယ်။ ဒါကြောင့် ကန့်ကွက်လွှာအပေါ်မှာ အကောင်းဆုံး ခုခံချေပသွားမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက […]

ကျွဲသုံးညီမရွာ လှေသမားများထံ ရေတပ်မှ ငွေကောက်ခံခြင်းမရှိ

diz_admin

January 27, 2021

ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာအုပ်စု ချပုံးရွာတွင် မောရဝတီရေတပ်က လှေသမားတစ်ဦးလျှင် ငွေကျပ်နှစ်သောင်းစီ လိုက်လံကောက်ခံနေသည်ဆိုသည်မှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ယင်းကျေးရွာသားများကပြောကြားသည်။ ကျွဲသုံးညီမကျေးရွာအုပ်စု ချပုံးကျေးရွာရှိ လှေငယ် ၂၇ စီးအား တစ်စီးလျှင် နှစ်သောင်းနှုန်းကျပ် တောင်းခံခဲ့ပြီး ၁၇ ဦးမှာ ပေးဆောင်ခဲ့ကြောင်း ကာယကံရှင် အချို့ထံမှ သိရသည်။ မူလက ကောက်ခံစဉ်က မောရဝတီရေတပ်စခန်းမှ ကောက်ခံကြောင်း ပြောဆိုခဲ့သော်လည်း ယင်းမှာ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ကြောင်း ငွေကောက်ခံရာတွင် ပါဝင်သူတို့ကို မေးမြန်းချက်အရ သိရသည်။ ပိုက်ဆံကောက်ခံရသည့်အကြောင်းအရင်းမှာ ကျန်းမာရေး၊ လူမူရေးကိစ္စရှိလာပါက အလွယ်တကူအသုံးပြုနိုင်သည့် အများပိုင်လှေတစ်စီးရရှိလာစေရန်၊ ယင်းလှေကို မောရဝတီရေတပ်မှ ရိက္ခာသယ်ရန် အကူအညီတောင်းခံလာပါက အသုံးပြုနိုင်ရန်အတွက် ကောက်ခံခြင်းသာဖြစ်ကြောင်း လှေသမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်အေးက ဆိုသည်။ “ရည်မှန်းချက်ကတော့ တကယ်လို့ တပ်ကလာပြီးတော့ ခိုင်းမယ်ဆိုလို့ရှိရင် သူ့ဆီနဲ့သူသွား၊ […]

တနင်္သာရီတိုင်းရှိ မြေဧကတစ်သိန်းတွင် ဒူးရင်းပင် စိုက်ရန်ပြင်

diz_admin

January 27, 2021

တနင်္သာရီတိုင်းအတွင်းရှိ မြေဧက တစ်သိန်းပေါ်တွင် မလေးရှားဒူးရင်း စိုက်ခင်းစီမံကိန်းဖော်ဆောင်ရန် ပြင်ဆင်နေသည်။ ရန်ကုန်မြို့အခြေစိုက် GLOBAL SMARTTACT HOLDING (MYANMAR) ကုမ္ပဏီက လုပ်ကိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီက စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြရန် တိုင်းအစိုးရအား တွေ့ဆုံခွင့် တောင်းခံထားသည်။ တိုင်းအစိုးရအား တွေ့ဆုံခွင့် တင်ပြထားသည့်စာတွင် ဖော်ပြချက်အရ အဆိုပါကုမ္ပဏီက မလေးရှားမျိုး ဒူးရင်းသီးအပြင် အခြားသီးနှံများစိုက်ပျိုး၍ အသင့်စားထုပ်ပိုးစက်ရုံများ တည်ဆောက်မည့် စီမံကိန်းလည်း ပါဝင်နေသည်။ စီမံကိန်းအချက်အလက်များ ရှင်းပြရန် ကုမ္ပဏီ၏ တောင်းဆိုချက်အတိုင်း တိုင်းအစိုးရကလည်း တွေ့ဆုံရန် အကြောင်းပြန်ထားသည်။ သီးခြားအတည်မပြုနိုင်သေးသည့် အချက်အလက်များအရ ဒူးရင်းပင်စိုက်မည့်မြေဧကတစ်သိန်းအား တစ်နေရာတည်းတွင် လုပ်ကိုင်မည်မဟုတ်ဘဲ တိုင်းအတွင်းရှိ ခရိုင်သုံးခု စလုံးတွင် စိုက်ပျိုးရန် လျာထားသည်ကို တွေ့ရသည်။ ထားဝယ်ခရိုင်တွင် […]

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြန့်ဝေတော့မည်

diz_admin

January 27, 2021

၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ဖြန့်ဝေတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ရန်ကုန်မှ သယ်ယူလာသော တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာများမှာ မြို့နယ် ပညာရေးမှူးရုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး လျှောက်လွှာများစိစစ်ပြီးပါက သက်ဆိုင်ရာကျောင်းများသို့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးကြည်ရှိန် က ပြောသည်။ “၁၀ တန်းရှိတဲ့ အထက်တန်း ကျောင်းတွေကို ကျောင်းအုပ်ကြီးကနေပြီးမှ သူတို့စာထွက်ထားတဲ့အချိန်မှာ ဘယ်အချိန်ဝေဆိုတာနဲ့ ကျောင်းအုပ်ကြီး ကိုယ်တိုင်ကနေပြီးတော့ အမှားအယွင်းမရှိအောင် သူတို့ဖောင်ကို ဖြန့်ပေးရမယ်” ဟု ဦးကြည်ရှိန်က ဆိုသည်။ ကျောင်းသားများလက်ဝယ်သို့ ဖြန့်ဝေပေးရမည့်ရက်ကို ထပ်မံကြေညာ ပေးမည်ဖြစ်ပြီး ကျောင်းသားများ လက်ဝယ်သို့ မဖြန့်ဝေမီ သက်ဆိုင်ရာမြို့နယ်နှင့် ကျောင်းများတွင် လျှိူ့ဝှက်လုံခြုံစွာ ထိန်းသိမ်းထားရမည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။ မိုးမြင့်

ဟန်နီနှင့် ဘက်ကီ မလွှဲတောင် တာဝန်ယူမည်

diz_admin

January 27, 2021

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်စပ်ဖြစ်သည့် မလွှဲတောင်စစ်ဆေးရေး ဂိတ်တွင် မူးယစ်ဆေးရှာရန် အယ်ဇေးရှင်း အမျိုးအစား ခွေးနှစ်ကောင်ဖြစ်သော ဟန်နီနှင့် ဘက်ကီတို့အား တာဝန်ပေး ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မူးယစ်ဆေးရှာရန် သင်တန်းပေးထားပြီးဖြစ်သည့် အယ်ဇေးရှင်းအမျိုးအစား အဆိုပါခွေးနှစ်ကောင်ကို ပြီးခဲ့သည့် ၃ လခန့်က စတင်တာဝန်ချထားကြောင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးက ဆိုသည်။ တိုင်းအတွင်း ကုန်းလမ်းခရီး၏ အဓိကဝင်ပေါက်ဖြစ်သည့် မလွှဲတောင်ဂိတ်တွင် ဟန်နီခေါ် ဆိုဖီယာနှင့် ဘက်ကီတို့အား အချိန်ပြည့်တာဝန်ချထားပြီး မူးယစ်ဆေးဝါး ရှာဖွေနေကြောင်း ဒုတိုင်း ရဲမှူးကြီးက ဆိုသည်။ “ခွေးထိန်းတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးရယ် ခွေးနှစ်ကောင်ရယ် အဲဒီမှာပဲ အချိန်ပြည့်၊ တနင်္သာရီတိုင်းအတွင်း ကုန်းလမ်းအဓိက ဝင်ပေါက် ကနေပြီးတော့ ရှာဖွေတားဆီးဖို့ပေါ့နော်” ဟု ၎င်းက ပြောသည်။ မူးယစ်ဆေးဝါး သို့မဟုတ် မိုင်းရှာ ဖွေခြင်းသင်တန်းကို […]