ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တရားမဝင်ရော်ဘာတင်လှေအား ထိုင်းရေတပ်မတော်မှ ဖမ်းဆီး

diz_admin

January 26, 2021

ကော့သောင်း-ရနောင်းနယ်စပ် ပါချန်မြစ်အတွင်း ဇန်နဝါရီလ ၁၇ ရက်က မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်ရှိလာသော တရားမဝင် ရော်ဘာတင်လှေအား ထိုင်း‌ရေတပ်မတော်မှ ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ကော့သောင်းဘက်မှ စက်လှေနှစ်စီးသည် ညအချိန်တွင် ဝင်ရောက်လာပြီး တစ်စီးမှာ ရနောင်းမြို့ရှိ PTTEP INTERNATIONAL FREE ZONE ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသဖြင့် စစ်ဆေးခဲ့ရာ လှေပေါ်ပါ နှစ်ဦးသည် ရေထဲ သို့ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့ပြီး အခြားစက်လှေတစ်စီးမှာ ကော့သောင်းဘက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။ အဆိုပါ စက်လှေပေါ်တွင် ရော်ဘာ ၁၅ တန်ခန့်နှင့် ဆိပ်ကမ်းပေါ်တွင် ရပ်နား ထားသောကုန်တင်ယာဉ်ပေါ်တွင် ရော်ဘာအချို့နှင့် ပစ်ကပ်ကားပေါ်တွင် ရော်ဘာ အချို့တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က […]

ဆေးလိပ် မရောင်းပေးသဖြင့် ကုန်စုံဆိုင်ကို မီးရှို့

diz_admin

January 26, 2021

မြန်မာနှင့် ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မောတောင်မြို့၊ မြို့မရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ဆေးလိပ် မရောင်းပေးဟုဆိုကာ မီးရှို့မှု ဖြစ်ပွားခဲ့သည်။ အခင်းမဖြစ်ပွားမီ သုံးရက်ခန့်က အမျိုးသားတစ်ဦးမှ ညသန်းခေါင်အချိန်တွင် ဆေးလိပ်နှင့် အချိုရည် ဝယ်ယူရာ ဆိုင်တံခါးမဖွင့်ပေးသဖြင့် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။ “ကာယကံရှင်ကလည်း ဝန်ခံထား ပြီးပါပြီ” ဟု ၎င်းက ဆိုသည်။ အဆိုပါ ကုန်စုံဆိုင်အတွင်းရှိ စီစီ တီဗွီမှတ်တမ်းအရ သံသယရှိသည့် အမျိုးသားတစ်ဦးအား သက်ဆိုင်ရာမှ နေ့ချင်း ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်လီတာပါ ဓာတ်ဆီဗူး သုံးဗူးဖြင့် မီးရှို့ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။ ဆိုင်ကို မီးရှို့ခဲ့သည့် အသက် ၂၄ နှစ်ရှိ အမျိုးသားအား မောတောင် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၃၆ […]

လည်ပတ်သူ လူထောင်ချီသည့် သစ်ယာဝကမ်းခြေ ယာယီပိတ်

diz_admin

January 25, 2021

ပိတ်ရက်တွင် တစ်ရက် လူဦးရေ တစ်ထောင်နီးပါးခန့်အထိ လာရောက်လေ့ရှိသည့် မြိတ်မြို့နယ်ရှိ သစ်ယာဝ သဲတန်းကမ်းခြေအား ဇန်နဝါရီလ ၂၁ ရက်မှစပြီး ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းထံမှ သိရသည်။ သစ်ယာဝကျေးရွာရှိ သစ်ယာဝ သဲတန်းကမ်းခြေနှင့် ပနာတောင်ရွာရှိ ဆတ်ကျွန်းကမ်းခြေတို့အား ဇန်နဝါရီလ ၂၁ ရက်မှစပြီး ယာယီပိတ်ထားကြောင်းကို ကျေးရွာတွင် ဗီနိုင်းစာသားဖြင့် အသိပေးကြေညာထားသည်။ “ကိုဗစ်ကာလမှာ မြိတ်မှာလည်း ရောဂါတွေတိုးနေလို့ပါ” ဟု သစ်ယာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းက ပြောသည်။ မြိတ်တွင် ကိုဗစ်နိုင်တင်း‌ကူးစက် ရောဂါများဖြစ်နေသည့်အတွက် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တိုင်ပင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြကာ ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း သစ်ယာဝ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသိန်း က ပြောကြားသည်။ အဆိုပါ သစ်ယာဝကမ်းခြေသို့ အလည်လာသူအများစုမှာ မြိတ်မြို့မှဖြစ်ကြပြီး […]

လွှတ်တော်သစ်အတွက် အမျိုးသမီး တပ်မတော်သားကိုယ်စားလှယ်နှစ်ဦး

diz_admin

January 25, 2021

ဖေဖော်ဝါရီလ ၉ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် တနင်္သာရီ တိုင်းလွှတ်တော်တွင် အမျိုးသမီးတပ်မတော်သား နှစ်ဦး ပါဝင်လာကြောင်း တိုင်းလွှတ်တော်ထံမှ သိရသည်။ လက်ရှိတိုင်းလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ခုနစ် ဦးရှိသည့်အနက် လေးဦးမှာ နေမြဲတိုင်းဖြစ်ပြီး သုံးဦးကို အပြောင်းအလဲပြုလုပ်ထားသည်။ လက်ရှိတိုင်းလွှတ်တော်တွင် ဗိုလ်မှူးကြီးကျော်ဇေယျ၊ ဗိုလ်မူးကြီးအောင်မျိုးမင်း၊ ဗိုလ်မှူးငွေစိုး၊ ဗိုလ်ကြီးကျော်စည်သူတို့ လေးဦး နေမြဲအတိုင်းဖြစ်သည်။ အစားထိုး ကိုယ်စားလှယ်အသစ်သုံးဦးတို့မှာ ဗိုလ်မှူးသီသီမြင့်၊ ဗိုလ်မှူးဟန်ထူးညီ၊ ဗိုလ်ကြီး ထက်သဉ္ဇာအောင် တို့ဖြစ်သည်။ တနင်္သာရီတိုင်းလွှတ်တော်တွင် ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ် လေးဦးရှိသည်။ ထိုကြောင့် လွှတ်တော်သစ်တွင် စုစုပေါင်း အမျိုးသမီးကိုယ်စားလှယ် ခြောက်ဦးရှိလာမည်ဖြစ်သည်။

ကလိန်အောင်ချောင်း ရေနောက် ချိုးပြီး အရေပြားယားယံဟုဆို

diz_admin

January 25, 2021

ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ ကလိန်အောင်ချောင်းရေနောက်ကို ချိုးမိသဖြင့် ကလေး၊ လူကြီးအချို့ အရေပြား ယားယံခြင်းများ ခံစားခဲ့ရကြောင်း ယင်းချောင်းကမ်းနံဘေးတွင် တဲထိုးနေထိုင်သည့် သဲထုတ်အလုပ်သမားအချို့က ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်ပတ်ခန့်က လေးရက်ဆက်တိုက် ကလိန်အောင်ချောင်းရေ နောက်ပြီးဆင်းလာသဖြင့် ယင်းရေ နောက်ကိုချိုးမိရာမှာ အရေပြားယားယံခြင်းများ ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအလုပ်သမားတို့က ပြောဆို ကြသည်။ “ဟိုတစ်ရက်က ဒီရေချိုးလိုက်တာ အသားတွေယားပြီးတော့လေ ဘုတွေ ထွက်လာတာ။ ကလေးတွေရော၊ လူကြီး တွေရောပဲ။ ပေါင်ဒါတွေလိမ်း ဘာတွေ လိမ်းရင်းနဲ့ သူ့ဘာသာသူပျောက်သွားရော။ သုံးရက်လောက် အဲလိုယားသွားတာ” ဟု ချောင်းကမ်းနံဘေး သဲလုပ် သမားတစ်ဦးက ဆိုသည်။ ယင်းချောင်းကမ်းနံဘေးတွင် တဲထိုးပြီး သဲထုတ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမား သုံးဆယ်ဝန်းကျင်ခန့် နေထိုင်ကြသည်။ ဇန်နဝါရီလ ၁၂ ရက်က ယင်းချောင်းရေအား ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ရာတွင်မူ […]

ငွေပေါ်မြန်၍ ရော်ဘာအတုံးလုပ်သည့် တောင်သူများလာ

diz_admin

January 25, 2021

ငွေပေါ်မြန်ပြီး စရိတ်စက သက်သာသည့်အတွက် ရော်ဘာပြားမလုပ်တော့ဘဲ ရော်ဘာတုံးအဖြစ်ပြောင်းလဲ ထုတ်လုပ်လာကြကြောင်း ရော်ဘာ စိုက်ပျိုးသူများနှင့် ရောင်းဝယ်နေသူအချို့ထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာပြားတစ်ပေါင်လျှင် ကျပ် ၈၀ဝ ဝန်းကျင်ပေါက်ဈေးရှိပြီး ရော်ဘာတုံးဖြစ်သည့် ရော်ဘာချေး တစ်ပိဿာလျှင် ၁၁၀ဝ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ တစ်ပိဿာလျှင် ၃ ပေါင် ကျော် ရှိသည်။ ထိုသို့ပြောင်းလဲထုတ်လုပ်သည့်အတွက် အချိန်ကုန်သက်သာသည့်အပြင် ကုန်ကျစရိတ်လည်း သက်သာသည့်အတွက် ယခုရော်ဘာထုတ်ရာသီတွင် ပိုမိုတွင်ကျယ်လာကြောင်း သာယာကုန်း ကျေးရွာတွင် ရော်ဘာအဝယ်ဒိုင်ဖွင့်ထားသည့် ဒေါ်နန်းက ဆိုသည်။ အဆိုပါရော်ဘာတုံးများကို နည်း ပညာဖြင့် သန့်စင်နိုင်သော မွန်ပြည်နယ်ရှိ စက်ရုံများထံ တင်ပို့ရောင်းချကြပြီး ယင်းမှတစ်ဆင့် နိုင်ငံခြားသို့ တင်ပို့ကြကြောင်း ၎င်းက ပြောသည်။ “အခုဝယ်တဲ့ ရော်ဘာတုံး(ကော်ချေး) တွေကို မြိတ်၊ […]

ဒေသတွင်း ကူးစက်သူနှစ်ဦးအပါအဝင် ကိုဗစ်လူနာသစ် ၂၃ ဦးတိုး

diz_admin

January 25, 2021

တနင်္သာရီတိုင်းတွင် ဒေသတွင်း ကူးစက်သူနှစ်ဦးအပါအဝင် ဇန်နဝါရီ ၁၅ မှ ၂၀ ရက်အထိ ခြောက်ရက် အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃ တိုးလာကြောင်း တနင်္သာရီ တိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒေသတွင်း ကူးစက်သူ နှစ်ဦးမှာ ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခရီးသွားရန်အတွက် စစ်ဆေးရာမှ ရောဂါပိုး တွေ့ရှိခဲ့သူဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေသတွင်း ကူးစက်သူ ကလေး နှစ်ဦး၏ ဖခင်မှာ ရန်ကုန်နှင့် အခြားမြို့ နယ်များသို့ ခရီးသွားလာမှု များသူ ဖြစ်သဖြင့် ၎င်းမှ တစ်ဆင့် ရောဂါပိုးကူးစက်ခံခြင်းဖြစ်နိုင်သည်ဟု တိုင်းဒေသကြီး […]

ကိုဗစ်ကာကွယ်ဆေး တနင်္သာရီတိုင်းခွဲတမ်း မသိရသေး

diz_admin

January 25, 2021

မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သော ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှကို တနင်္သာရီတိုင်းက ရရှိမည်ကို မသိရသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။ ကာကွယ်ဆေးများ ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး မကြာမီ တိုင်းနှင့် ပြည်နယ်များသို့ ဖြန့်ဝေရန်ရှိကြောင်း အစိုးရက ဆိုထားသည်။ သို့သော် တနင်္သာရီခွဲတမ်း မသိရ သေးဘဲ ကာကွယ်ဆေးရောက်ချိန်တွင် ထိုးနှံနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန် အကြောင်းကြားချက်သာ ရောက်ရှိသေးကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။ “တရားဝင်တော့ ခွဲတမ်းစာရင်းတွေတော့ မလာသေးဘူးခင်ဗျား။ ညွှန်ကြားချက်လည်း မရှိသေးဘူးခင်ဗျား” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ ကာကွယ်ဆေးအား ကျန်းမာရေး ဝန်ထမ်း၊ ကိုဗစ်တိုက်ဖျက်ရေးတွင် လုပ်ဆောင်နေသည့် စေတနာ့ဝန်ထမ်း၊ အစိုးရအဖွဲ့ဝင်များ စသည့် […]