ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေကန်တောင် လာလည်သူများ အမှိုက် စနစ်တကျပစ်ပါ

diz_admin

January 27, 2021

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ရေကန်တောင်သို့ လာရောက်လည်ပတ်သူများ အမှိုက် စည်းကမ်းတကျ စွန့်ပစ်ပေးကြရန် ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးက တိုက်တွန်းပြောကြားလိုက်သည်။ ကိုဗစ်ကာလအတွင်း သွားရောက်လည်ပတ်သူများလာသည့် နေရာများတွင် ရေကန်တောင်လည်းတစ်ခုအပါအဝင်ဖြစ်ပြီး လာရောက်လည်ပတ်မှု များလာခြင်းနှင့်အတူ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများလည်း ကြုံတွေ့လာ ရသည်။ “ရေကန်တောင်ကို လာရောက် လည်ပတ်သူတွေအနေနဲ့ သွားလာလည် ပတ်ပြီးရင်အညစ်အကြေးစွန့်ပစ်တာတို့၊ အမှိုက်ပစ်တာတို့ကို စည်းနဲ့၊ ကမ်းနဲ့ လုပ်သွားမယ်ဆိုတော့ ပျော်စရာကောင်းတဲ့ လည်ပတ်စရာနေရာ တစ်ခုဖြစ်လာ မှာပါ” ဟု ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးက ဆိုသည်။ လက်ရှိတွင် ရေကန်တောင်သန့်ရှင်းရေး၊ အမှိုက်ကင်းစင်ရေးအတွက် ပရဟိတ လူမှုရေးအဖွဲ့အချို့က လုပ်ဆောင်နေပြီး အုပ်ချုပ်ရေးအဖွဲ့မှလည်း သတိပေးဆိုင်းဘုတ်များ စိုက်ထူပေးထားကြောင်း ဦးခင်စိုးက ပြောသည်။ ရေကန်တောင်ပေါ်ရှိ ရေကန်သည် အနီးအနားရွာအားလုံး၏ သောက်သုံးရေအတွက် ရေအရင်းအမြစ်ဖြစ်ပြီး ကံပေါက်ရွာ၏ […]

မြို့နယ် ခြောက်မြို့နယ်မှ လယ်နှင့် ဥယျာဉ်ခြံပိုင်ရှင်များ သွင်းအားစု ထောက်ပံ့ကြေးရမည်

diz_admin

January 27, 2021

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ လယ်နှင့် ဥယျာဉ်ခြံပိုင် ရှင်များအား ၃၈ ဒေါ်လာ (ကျပ် ငါးသောင်းနီးပါး) နှင့်ညီမျှသော သွင်းအားစုများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တိုင်းသမဝါယမဦးစီးဌာနထံမှ သိရသည်။ ထောက်ပံ့ရန် ရွေးချယ်ထားသော မြို့နယ်များမှာ သရက်ချောင်း၊ ရေဖြူ၊ တနင်္သာရီ၊ ကျွန်းစုနှင့် ပုလော၊ ဘုတ်ပြင်း မြို့နယ်တို့ ဖြစ်သည်။ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသော ဆင်းရဲချို့တဲ့မှု အညွှန်းကိန်း ၁၀ အထိရှိသော မြို့နယ်များ ကို ရွေးချယ်ထားခြင်း ဖြစ်သည်။ “ဖြစ်နိုင်ခြေကတော့ အစောဆုံး ဧပြီလနဲ့ စက်တင်ဘာလကြားထဲမှာစထောက်ပံ့ဖြစ်မယ်” ဟု တိုင်းသမဝါယမ ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့် က ဆိုသည်။ ထောက်ပံ့မှုမှာ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ပစ္စည်းများ၊ ဓာတ်မြေ သြဇာများ (သွင်းအားစု) ဝယ်ယူရန်အတွက် ထောက်ပံ့ခြင်းမျိုးဖြစ်သည်။ […]

မြိတ်တွင် သုံးဘီးဆိုင်ကယ် ယာဉ်လိုင်း စတင်ပြေးဆွဲ

diz_admin

January 27, 2021

မြိတ်တွင်သုံးဘီးဆိုင်ကယ် ယာဉ် လိုင်းအသင်းစတင်ဖွဲ့စည်း လိုက်ပြီး နေရာရှစ်ခုတွင် ဂိတ်ထိုးကာ စတင်ပြေး ဆွဲနေပြီဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ ရွှေပျံလွှားအဆင့်မြင့် သုံးဘီးယာဉ် လိုင်းအသင်းဟု အမည်ပေးထားသည့် ယင်းအသင်းကို ဂွတ်ဘရားသား စက်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီမှ ဦးဆောင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ခရီးသည် အသွားအလာများသည့် မြိတ်အဝေးပြေးကားဝင်း၊ မြို့သစ်ယောကြီးဝတံတား၊ နောက် လယ်အမှတ်(၁) လှေဆိပ်၊ ဆိပ်ငယ် တံတား၊ ပြည်သူ့ဆေးရုံကြီး၊ ကလေး ဆေးရုံ၊ လေဆိပ်နှင့် မြိတ်ဈေးဝယ် စင်တာတို့တွင် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မြိတ်ဒေသ တာဝန်ခံ ဦးဇာနည်ဦး ကပြောသည်။ လက်ရှိအချိန်တွင် သုံးဘီးယာဉ် ၁၅ စီးဖြင့် စတင်ပြေးဆွဲနေပြီး ခရီးအနီးအဝေးပေါ် မူတည်၍ ဈေးနှုန်း သတ်မှတ်ထားသည်။ ကိုဆန်း

တရားမဝင် မြေကွက်ရိုက်ရောင်းမှု အရေးယူမယ်

diz_admin

January 26, 2021

တရားမဝင်မြေအကွက်ရိုက်ရာမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက်အရေးယူတော့မယ်လို့ ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုထားပါတယ်။ ဒီလိုတရားမဝင်မြေအကွက်ရိုက်ရောင်းချရာမှာ နိုင်ငံ့ဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ပတ်သတ်နေတယ်လို့လည်း သူကဆိုပါတယ်။ ဒါကြောင့်မို့ အကျင့်ပျက်နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အရေးယူဖို့ ပြင်ဆင်နေပြီလို့ ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောပါတယ်။ မြေပြင်မှာတော့ မြေအကွက်ရိုက်ရောင်းနေတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြပြီး အထူးသဖြင့် ထားဝယ်ခရိုင်ထဲမှာ အများဆုံးဖြစ်နေတာပါ။ ဒီလိုပြောဆိုပြီးလို့ မကြာမီ ဇန်နဝါရီ ၂၅ ရက်နေ့မှာပဲ ဝန်ကြီးချုပ် ဦးမြင့်မောင်က ထားဝယ်မြို့ တစ်ဖက်ကမ်းက ကမြောကင်း ကျေးရွာအုပ်စုနဲ့ နခံတော ကျေးရွာတွေကို သွားရောက်ခဲ့ပြီး ဥယျာဉ်ခြံမြေနဲ့ လယ်ယာမြေပေါ်မှာ မြေယာပြုပြင်ပြီး တရားမဝင်အကွက်ရိုက်ထားရှိမှုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ နောက်ပြီးတော့ တရားမဝင်မြေယာ အကွက်ရိုက်ရောင်းသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားဖို့ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။ မြေအကွက်ရိုက်ရောင်းသူတွေဟာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် စထိုးမည်

diz_admin

January 26, 2021

တနင်္သာရီတိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၂၆၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေး မနက်ဖြန် (ဇန်နဝါရီ ၂၇) စထိုးပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးနေပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။ “မနက်ဖြန် ပြည်သူ့ကျန်းမာ၊ ကုသရေး၊ တိုင်းရင်းဆေး၊ FDA တို့ဘာတို့ ထိုးမယ်၊ ကျန်တာ သူ့ညွှန်ကြားချက်လာလိမ့်မယ်” ဟု ဒေါက်တာထွန်းမင်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ထိပ်တန်းအရာရှိကြီးများကို မည်သည့်နေ့တွင် ထိုးပေးရမည်ကို မသိရသေးဟု ၎င်းက ဆိုသည်။ ကာကွယ်ဆေကို ရက်သတ္တပတ် လေးပတ်ခြား၍ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်ရှီး […]

ကိုဗစ်အကြား စီးပွားကျပ်သဖြင့် အလွယ်သူခိုး ပိုများဟုဆို

diz_admin

January 26, 2021

ကိုဗစ်ကပ်ဘေး ကာလအတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ကျပ်တည်းသဖြင့် အလွယ်တကူ ခိုးယူ မှုပိုများကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက သုံးသပ်ပြောကြားသည်။ ထိုသို့သော ကိုဗစ်ကာလအကျပ် အတည်းကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ခိုးမှုပေါင်း ၁၁၆ မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၉ ခုနှစ်ထက် ၂၄ မှု ပိုမိုဖြစ်ပွားခဲ့သည်။ ခိုးမှုအများစုမှာ ရိုးရိုးခိုးမှု အမျိုးအစားဖြစ်ပြီး ၁၀၉ မှုရှိကာ ဆိုင်ကယ်ခိုးမှု က ၂၉ မှု ဖြင့် ဒုတိယလိုက်နေသည်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာကြသည့်အတွက် ရည်ရွယ်ချက် ရှိရှိ ခိုးယူခြင်းထက် အလွယ်တကူယူနိုင်သည့် အခြေအနေမျိုးကြောင့် ခိုးယူသည့် ဖြစ်စဉ်ကပိုများကြောင်း ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက သုံးသပ်သည်။ “စားဝတ်နေရေးကို အကြောင်းပြုပြီးတော့ ကြီးမားသောရည်ရွယ်ချက် မရှိသော်လည်း လက်လွတ်စပယ်ခိုးတဲ့ […]

ဥပဒေနှင့် မညီဟုဆိုသော်လည်း ထားဝယ်တွင် ပြည်ပမျိုး ဒူးရင်းခြံစိုက်

diz_admin

January 26, 2021

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ မျိုးစေ့များတရားမဝင်သယ်ဆောင် စိုက်ပျိုးခြင်းကို ဥပဒေဖြင့် တားမြစ်ထားသည် ဆိုသော်လည်း ထားဝယ်ခရိုင်အတွင်း ပြည်ပမျိုးအသုံးပြု ဒူးရင်းခြံများ ရှိနေသည်။ မြန်မာနိုင်ငံတွင်မရှိသေးသော ပိုးမွှားအန္တရာယ်များ ပြည်ပမျိုးစေ့တွင် ပါဝင်လာပြီး ပြည်တွင်းတွင် ထိန်းမနိုင်အောင် ပျံ့နှံ့သွားမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် တားမြစ်ထားခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲမှ တိုင်းမျိုးစေ့ တာဝန်ခံ ဒေါ်စန်းစန်းမြိုင်က ရှင်းပြသည်။ “ရောဂါပိုးမွှားပါ၊ မပါစစ်ဆေးပြီးမှ သွင်းခွင့်ပြုတယ်။ ရောဂါပိုးမွှား ပါ၊ မပါ မစစ်ဆေးရရင် သွင်းခွင့်မပြုဘူး” ဟု ၎င်းက ဆိုသည်။ ပြည်ပမှ မျိုးစေ့တင်သွင်းပါက အစိုးရထံ လျှောက်ထားရန် လိုအပ်သည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံမှ ဒူးရင်းမျိုးစေ့တင်သွင်းပြီး ပြည်တွင်းတွင် စိုက်ပျိုးရန် လျှောက်ထားသူ မရှိသေးကြောင်း ဒေါ်စန်းစန်းမြိုင်က ဆိုသည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ထိုင်းမျိုးစေ့သုံး […]

နန္ဒဝန်ဈေးဆိုင်ခန်း နှစ်ခန်းအား စည်ပင်ဝန်ထမ်း လိမ်ရောင်း

diz_admin

January 26, 2021

ကော့သောင်းမြို့၊ နန္ဒဝန်ဈေး အတွင်းရှိ ဈေးဆိုင်ခန်း နှစ်ခန်းအား စည်ပင်သာယာရေးဝန်ထမ်းမှ ငွေကျပ် သိန်းကိုးဆယ်ဖြင့် လိမ်လည်ရောင်းချခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။ စည်ပင်ဝန်ထမ်းဖြစ်သည့် အသက် ၄၈ နှစ်အရွယ် အမျိုးသားက အဆိုပါ ဈေးအတွင်းရှိ ဈေးဆိုင်ခန်းနှစ်ခန်းအား ၎င်းပိုင်ဆိုင်သည် ဟုဆိုကာ ဇန်နဝါရီလ ၁၅ ရက်နေ့က အမျိုးသမီးတစ်ဦးထံ ရောင်းချခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အဆိုပါ ဆိုင်ခန်းအား ဝယ်ယူခဲ့သည့် အမျိုးသမီးက ဆိုင်ခန်းအား ပြုပြင်နေစဉ် ဆိုင်ခန်းပိုင်ရှင်များရောက် လာပြီး ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ယင်းနောက် အထက်ပါ စည်ပင်ဝန်ထမ်းအား ဆက်သွယ်မေးမြန်းရာ ငွေလိုအပ်နေသဖြင့် လိမ်လည်ရောင်း ချမိသည်ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ စည်ပင်ဝန်ထမ်းအား ရာဇသတ်ကြီး […]