ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မော်လမြိုင်တွင် မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းမိ

diz_admin

February 4, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇန်နဝါရီ ၂၃ ရက်က မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန် ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ကမ်းနားလမ်းနှင့် မြို့မတံတားလမ်းထောင့်ရှိ ကားပွဲစားတန်းအနီးတွင် စောင့်ဆိုင်းနေကြစဉ် TOYOTA HILUX SURF အပြာရောင်ယာဉ်နှင့် TOYOTA HILUX VIGO မီးခိုးရောင်ယာဉ်နှစ်စီးဖြင့် တစ်ဖွဲ့တည်းလာသူတို့အား ရပ်တန့်စစ်ဆေးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ယာဉ်ပေါ်တွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆၀၄၅၀ဝ ကျော် အလေးချိန် ၆၀၄၅၀ ဂရမ်ခန့်ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ “ဖမ်းမိတဲ့ ဆေးပြားက အားလုံး […]

မွန်တွင် ဆားတစ်ပိဿာ ကျပ် ၅၀ အထိ ဈေးကျ

diz_admin

February 4, 2021

မွန်ပြည်နယ်ထွက် ဆားကြမ်းများ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ပိဿာ ကျပ် ၅၀ အထိ ကျသွားသည်ဟုပြည်နယ် အတွင်းရှိ ဆားအရောင်းအဝယ်ပြုသူနှင့် ဆားတောင်သူတို့ထံမှ သိရသည်။ ဆားအသစ်စထွက်ချိန်တွင် ဆားကြမ်းဈေးကောင်းရလေ့ရှိသော်လည်း ယခုနှစ်တွင်ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဆားဈေး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် အထိကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။ လက်ရှိတွင် ဆားကြမ်းဈေး တစ် ပိဿာ ၅၀ ကျပ်သာရှိနေပြီး ယမန်နှစ်က ယခုကဲ့သို့ ဆားထုတ်ရာသီအစတွင် ဆားကြမ်းတစ်ပိဿာပေါက်ဈေး ကျပ် ၂၀ဝ ကျော်ရှိခဲ့သည်ဟု ရေးမြို့နယ်ရှိ ပငဆားတောင်သူတို့က ပြောသည်။ “အခုချိန်မှာ ဆားပေါက်ဈေးက (တစ်ပိဿာ) ၅၀ ကျပ် ပဲရှိတယ်။ ထုတ်လုပ်မှုစရိတ်အောက်ထက်ကို ကျသွားတယ်။ ဒီအချိန်က ဆားတွေလည်း ထွက်နေပြီး ဝယ်တဲ့လူလည်းမရှိဘူး ဆားကျန်တွေကလည်း အများကြီး။ ရတဲ့ဈေး၊ ပေးတဲ့ဈေးနဲ့ပဲ ထုတ်ရောင်းနေရတယ်” ဟု […]

ကိုဗစ်ကြောင့် သေဆုံးသူဆက်တိုး

diz_admin

February 4, 2021

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၈ ရက်အထိ သေဆုံးသူ ၄၂ ဦးအထိ တိုးလာသည်ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ဇန်နဝါရီလအတွင်း၌ ဆက်တိုက် တိုးလာခဲ့ပြီး လက်ရှိတွင် ၄၂ ဦး အထိ ရှိလာခဲ့သည်။ သေဆုံးသူများသည် ရောဂါအခံကြီးကြီးမားမားရှိသူမဟုတ်ဘဲ အဓိက ကိုဗစ်ကူးစက်ရောဂါကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။ “ကိုဗစ် ဗိုင်းရပ်စ်ပိုးဟာ အရင်ကထက် ပိုပြင်းထန်လာသလားဆိုတာကို စဉ်းစားစရာ ဖြစ်နေတာပေါ့နော်” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။ မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ် တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့် တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။ […]

နယ်စပ်သွပ်ဆူးကြိုးဖြတ်ဝင်သော မြန်မာတစ်ဦး အဖမ်းခံရ

diz_admin

February 4, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ် တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်မြို့ စင်ခွန်း နယ်စပ်ဂိတ်အနီးတွင် ဇန်နဝါရီလ ၂၈ ရက်နေ့က သွပ်ဆူးကြိုးများအားကျော် ဖြတ်ရန်ကြိုးစားနေသည့် မြန်မာနိုင်ငံသား တစ်ဦးအား ထိုင်းက ဖမ်းဆီးလိုက်သည်။ ထိုင်းတာဝန်ရှိသူတို့သည် မူးယစ် ဆေးဝါးသတင်းအရ နယ်စပ်တစ်လျှောက် စစ်ဆေးခဲ့ရာ မောတောင်မြို့နေ အသက် ၂၅ နှစ်ရှိအမျိုးသားတစ်ဦးအား ဘိန်းစာမှုန့် တစ်ကီလိုခွဲ နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မြိတ်-ပရာကျွတ်မောင်နှမ မြို့တော်ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့် က ပြောကြားသည်။ အဆိုပါအမျိုးသားသည် ဝယ်လက်ဖြစ်သည့် ထိုင်းလူမျိုးတစ်ဦးထံ ဘိန်းစာမှုန့် အနည်းငယ်စီကို အကြိမ်ကြိမ် အလီလီ ပို့ဆောင်ပေးနေသည်ကို ထွက်ဆိုခဲ့ကြောင်း ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။ ယင်းအမျိုးသားကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူရန် ပြင်ဆင်နေသည်။ ထို့ပြင် […]

မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပြန်ဖွင့်မည်

diz_admin

February 4, 2021

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မောတောင်-စင်ခွန်း နယ်စပ်ဂိတ်အား ဖေဖော်ဝါရီလ ၁ ရက် မှစပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ နယ်စပ်ဂိတ်မှ ကုန်ခြောက်များ ကုန်သွယ်ခွင့်ပြန်ပေးရန် ပရာကျွတ် ခီရီခန် ခရိုင်ဝန် ဦးဆောင်ပြီး ဌာနဆိုင်ရာ များပါဝင်သည့် ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်-ပရာကျွတ်ခီရီ ခန်မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောကြားသည်။ ကိုဗစ်ကပ်ဘေးကာလအတွင်း ပိတ်ထားသော မောတောင် နယ်စပ်ဂိတ်မှ ကုန်သွယ်ခွင့်ပြန်ပေးရန် ထိုင်းနိုင်ငံဘက် မှ စီစဉ်နေကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောကြားသည်။ မောတောင်နယ်စပ်ဂိတ်တည်ရှိရာ ထိုင်နိုင်ငံဘက်ခြမ်း ပရာကျွပ်ခီရီခန်ခရိုင်တွင် ကိုဗစ်ပိုးရှိသူ မတွေ့ရှိခြင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းပြန်လည်ပတ်နိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်တို့၏ တောင်းဆိုမှုတို့ကြောင့် မြိတ်ပင်လယ် ထွက်ကုန် အပါအဝင် […]

မြိတ်တွင် ဇန်နဝါရီလအတွင်း ၁၁ ကြိမ် မီးလောင်

diz_admin

February 4, 2021

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလာ၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်တို့တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ မီးလောင်သည့်အကြိမ်ရေ ၁၁ ကြိမ်ရှိကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန ထံမှသိရသည်။ အဆိုပါ မီးလောင်မှု ၁၁ ကြိမ် အနက် မီးဖိုမီးမှတစ်ဆင့် လောင်ကျွမ်းသည့် အကြိမ်ရေ နှစ်ကြိမ်၊ ပေါ့ဆမီး နှစ်ကြိမ်၊ ရှို့မီး နှစ်ကြိမ်နှင့် လျှပ်စစ်မီးမှ တစ်ဆင့် လောင်ကျွမ်းသည့်အကြိမ်ရေ ငါးကြိမ်တို့ဖြစ်ကြကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန စာရင်းအရ သိရသည်။ “ကျပ်သိန်းသုံးရာနှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ရတယ်” ဟု မြိတ်ခရိုင် မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျွဲကူးကျေးရွာရှိ ကျွဲကူးကျောင်းတိုက်နှင့် သစ်ယာဝကျေးရွာရှိ မော်စုန်းရပ်မှ နေအိမ်တစ်ဆောင်မီးလောင်ခဲ့သဖြင့် တစ်နေ့တည်း […]

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံရ

diz_admin

February 4, 2021

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံနေရကြောင်း ထားဝယ်ဒေသခံ ရွှေ့ပြောင်းလုပ်သားအချို့ထံမှ သိရသည်။ အဆိုပါကျွန်းပေါ်ရှိ ထိုင်းပွဲစား ကုမ္ပဏီတစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေးနှင့် နိုင်ငံကူး လက်မှတ်၊ အလုပ်လုပ်ခွင့်ပါမစ် အစရှိသည့် အထောက်အထားများကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းက သက်တမ်းတိုးပေးရန်အတွက် ပေးထားကြကြောင်း ဦးဆောင်ကူညီပေးနေသည့် ကိုရန်ကျော်က ဆိုသည်။ အဆိုပါ အထောက်အထားများအပြင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်းခွဲဝန်းကျင်စီ ပေးထားရကြောင်း ၎င်းက ပြောသည်။ ထိုသို့ ပေးပြီးနောက်ပိုင်းတွင် ယင်းပွဲစားကုမ္ပဏီနှင့် အဆက်အသွယ် မရတော့ဘဲ အထောက်အထားစာအုပ်များလည်း မရသေးကြောင်း ကိုရန်ကျော် က ဆိုသည်။ သို့သော် သက်တမ်းတိုးရန် အဆိုပါ အေဂျင်စီနှင့် အပ်ထားသည့် ရွှေ့ပြောင်း လုပ်သားအချို့မှာ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ဆေးရုံဘတ် (ဆေးကုသခွင့်) […]

ကော့သောင်းတွင် ဆန္ဒထုတ်ဖော်

diz_admin

February 4, 2021

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာပြီး တရားဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ ဘောလုံးကွင်း အဟောင်းနေရာတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖေါ်ရာတွင် စာချွန်တော်လက်ခံရန်၊ အမြန်ဆုံးကြားနာ စစ်ဆေးပေး ဒို့အရေး၊ ပြည်ထောင်စု လွှတ်တော်အတွင်း တရားဥပဒေစိုးမိုးရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစံလင်းမြင့်ထံမှ သိရသည်။ “ဆိုင်းဘုတ်ထဲမှာပါတဲ့ အတိုင်းပဲ ရည်ရွယ်ပြီး ဆန္ဒဖော်ထုတ်တာပါ။ ဒါပါပဲ” ဟု ဦးစံလင်းမြင့်က ပြောသည်။ ပြည်သူအနေနှင့်သာ လုပ်ဆောင် ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပါတီတို့အား ကိုယ်စားပြုလုပ် ဆောင်ခြင်းမဟုတ်ကြောင်း ဦးစံလင်းမြင့် က ပြောပြသည်။ ပြည်ထောင်စုတရားသူကြီးချုပ် နိုင်ငံတော်ကို ကယ်တင်ပေးပါ၊ ကျွန်ုပ်တို့ အေးချမ်းစွာဆန္ဒဖော်ထုတ်ပါသည်၊ […]