ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂက်စ်အိုးတင်လာသည့်ကား တိမ်းမှောက်၊ တစ်ဦးသေ အိမ်သုံးလုံးမီးလောင်

diz_admin

January 19, 2021

ကော့သောင်းမြို့တွင် ဒီဇင်ဘာလ ၁၅ ရက်က ဂက်စ်အိုးတင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း ပွဲချင်းပြီးသေဆုံးကာ နေအိမ်သုံးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကော့သောင်းမြို့၊ ရွေပြည်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြောကြားသည်။ ၁၂ မိုင်ရပ်ကွက်ဘက်မှလာသည့် ဂက်စ်အိုးတင်ဆောင်လာသည့်ကားသည် ရွှေပြည်သာရပ်ကွက်အဝင် မြရည်ပုလဲလမ်းနှင့် သင်္ချိုင်းသွားလမ်းဆုံအရောက်တွင် ဘရိတ်ပေါက်ကာ တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ရွှေပြည်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောသည်။ ကနဦးကားထွက်စဉ်က ယာဉ်မောင်းနှင့် ကားပိုင်ရှင်တစ်ဦးပါလာပြီး ယာဉ်မောင်းမှာ အခြားရပ်ကွက်တစ်ခုတွင် ဆင်းနေခဲ့သဖြင့် ကားပိုင်ရှင် ကိုယ်တိုင် မောင်းလာစဉ် တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း ဦးမြင့်အေးက ရှင်းပြသည်။ ကားတိမ်းမှောက်မှုကြောင့် ကားပိုင်ရှင်မှာ ပွဲချင်းပြီး ‌သေဆုံးခဲ့ပြီး ဂက်စ်အိုး ပေါက်ကွဲမှုကြောင့် အနီးအနားရှိ တစ်ထပ်တိုက် သွပ်မိုး နေအိမ်နှစ်လုံးနှင့် ပျဉ်ထောင်အိမ်တစ်လုံးတို့ မီးလောင်းဆုံးရှုံးခဲ့ရသည်ဟုလည်းဆိုသည်။ “ကျန်တဲ့သူတွေကတော့ […]

အာကစားသိပ္ပံကျောင်း ခွင့်ပြုချက်မရသေး

diz_admin

January 19, 2021

ထားဝယ်မြို့မှ မိုင်လေးဆယ်ကျော်ဝေးသည့် ကလိန်အောင်မြို့အနီး ကျောက်ရှပ်ကျေးရွာတွင်ဆောက်မည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအတွက် မြေနေရာနှင့် အဆောက်အအုံ ဆောက်လုပ်ရန် ခွင့်ပြုချက်မရသေးကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းမြေနေရာသည် တပ်စွန့်လွှတ် မြေဧက ၂၈၆ ဧကအနက် အားကစား သိပ္ပံကျောင်းဆောက်ရန်အတွက် ဧက ၅၀ ရရှိခဲ့ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ယင်းတပ်စွန့်မြေသည် ဥယျာဉ်ခြံ မြေအမျိုးအစားဖြစ်သဖြင့် အား/ကာသိပ္ပံ ကျောင်းဆောက်ရန် အားကစားဌာနပိုင် မြေယာအခြားနည်းအသုံးပြုခွင့် ဦးစွာလျှောက်ပြီး ခွင့်ပြုချက်ရမှ အဆောက်အအုံဆောက်ခွင့်ရရန် ပြန်လည်လုပ်ဆောင်ရမည် ဖြစ်သည်။ “မြေနေရာလည်းမရသေးဘူး။ အား/ကာသိပ္ပံ အဆောက်အအုံလည်း ဆောက်လုပ်ခွင့်လည်းမရသေးဘူး။ ခွင့်ပြုချက်ရမှဆောက်ရမှာဆိုတော့ ရုံးချုပ်ကိုတော့ တင်ပြထားတယ်” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။ အား/ကာသိပ္ပံကျောင်းဆောက်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် တိုင်းအစိုးရက ယင်းတပ်စွန့်မြေတွင် […]

မွန်လွှတ်တော်သစ်ကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စမည်

diz_admin

January 19, 2021

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်မည့် မွန်ပြည်လွှတ်တော်သစ် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပသွား ရန်ရှိသည်ဟု လက်ရှိ မွန်ပြည်နယ်လွှတ် တော် ဥက္ကဋ္ဌက ပြောသည်။ လွှတ်တော်သစ်ကို တရားဝင်အားဖြင့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးဟု ခေါ်ဝေါ်သည်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ကျင်းပသွားမည်ဟု ထုတ်ပြန်ကြေညာ ထားသည်။ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးစခေါ်သည် နေ့မှ ၁၅ ရက်အတွင်း ကျင်းပနိုင်သည်ဆိုပြီး ပြဋ္ဌာန်းထားသည်။ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ၁ ရက်နေ့ဆိုတော့ အန်တီတို့ က ၈ ရက်နေ့လောက် ကျင်းပဖို့ ခန့်မှန်း ထားတယ်” ဟု […]

မီးဘေးစိုးရိမ်၍ ထားဝယ်လေယာဉ်ကွင်း မြက်ရှင်းမည်

diz_admin

January 19, 2021

ထားဝယ်လေယာဉ်ကွင်းဧရိယာအတွင် မြက်ခြောက်များ များပြားစွာ ရှိနေပြီး မီးဘေးအန္တရာယ်စိုးရိမ်ရသည့်အတွက် မြက်ရှင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ယင်းမြက်ခြောက်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လာမည့်အပတ်တွင် ရှင်းလင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ]]ဒီလိုမှမဟုတ်ရင် မီးရေး ထင်းရေး က စိတ်မချရဘူး}}ဟု ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ လက်ရှိတွင် လေယာဉ်ကွင်း တာဝန်ရှိသူများက ရှင်းလင်းနေသော်လည်း လူအင်အား၊ စက်အင်အားအခြေအနေကြောင့် မရှင်းလင်းနိုင်သေးသည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။ အဆိုပါလေယာဉ်ကွင်းအတွင်းတွင် မြက်ခြောက်များကြောင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ ထားဝယ်လေယာဉ်ကွင်းရှိ ချုံနွယ်များကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေ ကျပ်သိန်း လေးထောင် အသုံးပြုကာ ချုံရှင်းလုပ်ငန်းကို တင်ဒါမခေါ်ဘဲ ထားဝယ်အခြေစိုက် ဦးဆန်နီပိုင် […]

သောင်းကျန်း မြေသယ်ယာဉ်များ ကြပ်မတ်ပေးရန် ဝန်ကြီးချုပ်ထံတိုင်

diz_admin

January 19, 2021

ထားဝယ်-မောင်းမကန်လမ်းပေါ်ရှိ လောင်းလုံးမြို့နယ်တွင် အရှိန်ပြင်းစွာမောင်းနှင်သွားလာနေသည့် မြေသယ် ယာဉ်များအား ထိန်းသိမ်းကြပ်မတ်ပေးရန် ဒေသခံများစုပေါင်းလက်မှတ်ထိုးကာ ဝန်ကြီးချုပ်ထံ တိုင်ကြားလိုက်သည်။ မြေသယ်ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်နေခြင်း၊ ဖုန်မှုန့်များအသက်ရှူ မဝသည်အထိ ပျံ့လွင့်နေခြင်းတို့ကြောင့် သောကြာပြင်ကျေးရွာနေ ဒေသခံလေးဆယ်ကျော်လက်မှတ်ထိုးပြီး ဇန်နဝါရီ လ ၇ ရက်နေ့က တိုင်ကြားခဲ့ခြင်းဖြစ်သည်။ သောကြာပြင်ကျေးရွာသည် မောင်းမကန်လမ်းပေါ်ရှိ ကျေးရွာကြီး တစ်ခုဖြစ်ပြီး ထားဝယ်တက္ကသိုလ် တည်ရှိရာ ကျေးရွာလည်း ဖြစ်သည်။ မြေသယ်ကားများက ထိုသို့မောင်း နှင်နေသဖြင့် လမ်းဘေးဈေးဆိုင်များ၊ စားသောက်ဆိုင်များ အချိန်ကြာမြင့်စွာ ပိတ်ထားရပြီး ၎င်းတို့၏ လူမှုစီးပွား ထိခိုက်နေရသည်ဟု တိုင်ကြားစာတွင် ဖော်ပြသည်။ လက်ရှိတွင် ဖုန်မှုန့်များပျံ့လွင့်နေသဖြင့် ဆိုင်ပိတ်ထားပြီး စားဝတ်နေရေး အတွက် ထိခိုက်နေရကြောင်း သောကြာပြင်ရွာတွင် ဈေးဆိုင် ရောင်းနေသူ ဒေါ်သဇင်နှောင်းက ဆို သည်။ “ကိုယ်ချင်းစာစေချင်တာပေါ့။ […]

အသက်မပြည့်မိန်းကလေးအား သားမယားပြုကျင့်သူနှင့် ကြံရာပါဆိုသူတို့အား အမှုဖွင့်

diz_admin

January 19, 2021

မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ ဟိုတယ်တစ်ခုတွင် အသက်မပြည့်မိန်းကလေးအား သားမယားပြုကျင့်သူနှင့် ကြံရာပါ ဆိုသူတို့အား ဇန်နဝါရီလ ၁၁ ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း မြိတ်မြို့ မြိုမရဲစခန်းထံမှ သိရသည်။ ဟိုတယ်အခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က မိန်းကလေးအား ပုလောမြို့နေ အသက် ၂၇ နှစ်ရှိ ဓာတ်ပုံရိုက်ကူးရေးလုပ်ကိုင်သူနှင့် အသက်မပြည့်သော မိန်းကလေးငယ်တို့ သားမယားပြုကျင့်နေစဉ် တပည့်နှစ်ဦးတို့မှ ဗီဒီယိုရိုက်ကူး‌ထားသည့် ဖိုင်မှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ဓာတ်ပုံလုပ်ငန်းလုပ် ကိုင်သူနှင့် တပည့်နှစ်ဦးတို့မှာ မြိတ်မြို့နေ အသက်မပြည့်မိန်းကလေးအား ရိုက်ကူးခ ကျပ်ငါးသောင်းဖြင့် မော်ဒယ် ဓာတ်ပုံရိုက်မည်ဟုဆိုကာ မိခင်ဖြစ်သူထံ ခွင့်ပြုချက်ဖြင့် ‌အဖော်အမျိုးသမီးတစ်ဦးနှင့် အတူထည့်ပေးလိုက်ခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။ ရေကန်ဘောင်တွင် ဓာတ်ပုံရိုက်ကူးနေစဉ် မိုးရွာလာသဖြင့် ဟိုတယ်ရှိ အခန်းသို့ […]

တနင်္သာရီမြို့ဟောင်း နန်းတော်ရာနေရာကို ဖေဖော်ဝါရီလတွင် တူးဖော်မည်

diz_admin

January 19, 2021

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တနင်္သာရီမြို့ဟောင်းရှိ နန်းတော်ရာ နေရာကို ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှစပြီး တစ်လခွဲ့ခန့်အကြာ တူးဖော်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။ တူးဖော်မည့် နန်းတော်ရာနေရာသည် တနင်္သာရီမြို့နယ်ဆေးရုံဝင်း အတွင်းတည်ရှိပြီး အလျား ၁၅၀ ပေ၊ အနံ ၈၀ ပေ ခန့် တူးဖော်ရန် သတ်မှတ်ထားကြောင်း အထက်ပါဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက ပြောသည်။ “အဆင်ပြေချောမွေ့စွာလုပ်နိုင်ဖို့ အတွက်လည်း အားလုံးညှိနှိုင်းထား ပြီးပါပြီ။ လုပ်ငန်းလည်း အောင်မြင်မယ်လို့ ယူဆထားပါတယ်။ အဲဒီကနေပြီးတော့ စာပေအထောက်အထားပဲဖြစ်ဖြစ် အသုံးအဆောင်ပဲဖြစ်ဖြစ် အထောက် အထားတစ်ခုခုတော့ရမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဦးခင်မောင်စိုးက ဆိုသည်။ အထောက်အထားများအရ တနင်္သာရီ မြို့ဟောင်းကို သမိုင်းမတိုင်မီခေတ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး စုစုပေါင်းမြို့တည်သည့် အကြိမ်ငါးကြိမ်ရှိကြောင်း […]

ထားဝယ်စီမံကိန်းမှ အီတာလျှံ-ထိုင်းကို ထုတ်ပယ်မှု ထီးခီးလမ်း အပေါ် မထိခိုက်နိုင်ဟုဆို

diz_admin

January 18, 2021

အီတာလျံ-ထိုင်းကုမ္ပဏီကို ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှထုတ်ပယ်လိုက်သော်လည်း ဖောက်လုပ်ရန် လျာထားသည့် ထိုင်းနယ်စပ် ထီးခီးသို့ နှစ်လမ်းသွား စီမံကိန်းကို ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောကြားသည်။ အထူးစီးပွားရေးဇုန်နှင့် ထီးခီးနယ်စပ်သို့ ဖောက်လုပ်မည့် နှစ်လမ်းသွားကားလမ်းကို ထိုင်းအစိုးရ၏ ချေးငွေဖြင့် ဖောက်လုပ်ရန် လျာထားခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော အီတာလျံ-ထိုင်း ကုမ္ပဏီနှင့် လမ်းစီမံကိန်း မဆက်စပ်သဖြင့် ထားဝယ်စီမံကိန်း ထိခိုက်မှုရှိမည်မဟုတ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောဆိုခဲခြင်းဖြစ်သည်။ အဆိုပါကားလမ်းအဆင့်မြင့်တင်မည့် စီမံကိန်းကို မြန်မာအစိုးရနှင့် ထိုင်းအစိုးရအကြား ဆွေးနွေးလုပ်ဆောင်နေခြင်း သည့်အတွက် မထိခိုက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “နှစ်လမ်းသွားကားလမ်းက […]