ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဒက္ခိဏသတင်းထောက် ပုဒ်မနှစ်ခုဖြင့် တရားစွဲခံရ၊ မနက်ဖြန် ရုံးထုတ်မည်

diz_admin

May 5, 2021

ထားဝယ်အခြေစိုက် ဒက္ခိဏသတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းအား ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရပြီးမေလ ၆ ရက်နေ့တွင် အမှုစစ်ဆေးမည့် ရုံးချိန်းရှိကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ Dakkhina Insight (ဒက္ခိဏ) သတင်းဌာန သတင်းထောက် ကိုနိုင်လင်းထွန်းသည် ဧပြီလ ၂၁ ရက်နေ့ နံနက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ရဲနှင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုနေ့ ညနေတွင်ပင် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း အထက်ပါရှေ့နေက ဆိုသည်။ ကိုနိုင်လင်းထွန်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၄၅ ၊ ၅၀၅ – က တို့ဖြင့် တရားစွဲတင်ခဲ့ကြောင်း ၎င်းက ပြောသည်။ မေလ ၆ ရက်နေ့ ရုံးချိန်းကို ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းရှေ့နေက ဆိုသည်။ “မနက်ဖြန်ရုံးချိန်းမှာဆိုရင် […]

မော်လမြိုင်တွင် ဗုံး နှစ်ကြိမ်ပေါက်၊ တစ်ဦးဒဏ်ရာရ

diz_admin

May 4, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်သွားသည်ဟု မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က မော်လမြိုင် ပညာရေးကောလိပ်ကျောင်းရှေ့ဆိုင်းဘုတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နံနက် ၅ နာရီဝန်ကျင်းခန့်တွင်လည်း မီးလောင်သွားခဲ့သည့် ရွှေမြိုင်သီရိအုပ်ချုပ်ရေးမှူးရုံးအနီး အသစ်ဖွင့်လှစ်ထားသည့်ရုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် မြို့ပေါ်ရပ်ကွက်အများစုတို့တွင်လည်း သွားလာနေသူတို့အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတို့က ပြောသည်။ “မနက်က ပေါက်ကွဲမှုဖြစ်ထားလို့ ထင်တယ်။ ဒီမနက်မှာ နေရာတော်တော်များများမှာ စစ်သားနဲ့ရဲအင်အားနဲ့ စောင့်နေကြပြီးတော့ လမ်းသွားလမ်းလာတွေကို […]

ထားဝယ်တွင် သေနတ်ပစ် အဖမ်းခံရသည့် လူငယ်သေဆုံး

diz_admin

May 4, 2021

ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာတွင် မေလ ၂ ရက်နေ့ ညဆယ်နာရီဝန်းကျင်က သေနတ်ပစ်ခတ် အဖမ်းခံရသည့်လူငယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ ညဆယ်နာရီကျော်အချိန်တွင် မင်းရပ်ကျးရွာ (ထိန်လယ်) လမ်းမပေါ်၌ စစ်ကား နှင့်‌တွေ့၍ အဆိုပါ လူငယ်က ဆိုင်ကယ်ရပ်ပြီး ထွက်ပြေးရာမှ စစ်သားများက သေနတ် သုံးချက်ခန့် ပစ်ဖောက်ပြီး စစ်ကားဖြင့်ဖမ်းဆီးသွားကြောင်း ဖခင်ဖြစ်သူက ဆိုသည်။ စစ်ကားပေါ်တင်ဆောင်သွားသည့် သားဖြစ်သူကို စုံစမ်းရာ မေလ ၃ ရက်နေ့တွင် တပ်ဆေးရုံ၌ သေဆုံးလျက်တွေ့ရကြောင်း ၎င်းက ပြောသည်။ “ညက သေနတ်သံ သုံးလေးချက်ကြားရတယ်။ မနက်ကျမှ ကျွန်တော့်သားလို့ သိတယ်ရတာပေါ့နော်။ စစ်တပ်ဆေးရုံမှာဆိုလို့ သွားကြည့်မှ သေနေတာ တွေ့ရတယ်” ဟု သေဆုံးသူ၏ ဖခင်ကပြောသည်။ သေဆုံးသူမှာ အသက် ၂၀ […]

ရော်ဘာခြစ်သွားရာမှ ပျောက်ဆုံးနေသူတစ်ဦး ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရ

diz_admin

May 4, 2021

လောင်းလုံးမြို့နယ်တွင် ရော်ဘာခြစ်ရန် မေလ ၁ ရက်နေ့က နေအိမ်မှထွက်သွားသည့် အမျိုးသားတစ်ဦး တပ်ဆေးရုံတွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ခံရကြောင်း မိသားစုဝင်ထံမှ သိရသည်။ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာနေ အသက် ၂၈ နှစ်အရွယ်ရှိ ကိုအောင်သူမှာ ရော်ဘာခြစ်ရန် ပညစ်ရွာ အသွားလမ်းရှိ ရော်ဘာခြံသို့ ထွက်သွားရာ နေအိမ်သို့ ပြန်ရောက်မလာတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ထိုကြောင့် မိသားဝင်များက မေလ ၃ ရက်နေ့တွင် ထားဝယ်ရှိ တပ်ဆေးရုံသို့ သွားရောက်စုံစမ်းရာ ကိုအောင်သူအား ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုလ်လိုက်ပြီဟု သိရကြောင်း ၎င်းက ပြောသည်။ တပ်ဆေးရုံတာဝန်ရှိမှ သေဆုံးသူ၏ ဓာတ်ပုံအထောက်အထားအား ပြသရာမှ ကိုအောင်သူသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။ “အထောက်အထားတွေအရတော့ သူ(ကိုအောင်သူ) ဆိုတာ သေချာတယ်။ ဒါပေမယ့် ကျွန်မတို့အလောင်းတောင်မမြင်ရဘူး။ […]

ပစ်ခတ်လူစုခွဲမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြနေဆဲ ကံပေါက်

diz_admin

May 3, 2021

မနေ့က ပစ်ခတ်လူစုခွဲတာတွေရှိခဲ့ပေမယ့် ဒီနေ့မနက်စောစောမှာတော့ ကံပေါက်ဒေသခံတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်လုပ်ခဲ့ပါတယ်။ ကံပေါက်ဒေသခံတွေရဲ့ စစ်အာရှင်ဆန့်ကျင်‌ရေး ၈၅ ရက်မြောက် ဆန္ဒပြနေတာလည်း ဖြစ်ပါတယ်။

သုံးရက်ကြာထိန်းသိမ်းခံရသည့် ထားဝယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော် ပြန်လွတ်

diz_admin

May 3, 2021

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ထိန်းသိမ်းစစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ထံမှ သိရသည်။ မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့မရဲစခန်း၌ စတင်ထိန်းသိမ်း ထားခဲ့သည်။ ယင်းနောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား နိုင်ငံရေးနှင့် ပတ်သက်ခြင်းရှိ/ မရှိနှင့် လက်ကိုင်ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ဓာတ်ပုံရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း ယင်းရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းများက ဆိုသည်။ “နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်မှု ရှိလားဆိုတာ မေးတယ်၊ တရားခံစစ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အေးအေးဆေးဆေးထိုင်ပြီး မေးတယ်” ဟု စစ်မေးခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စစ်မေးကြောင်းကို ပြင်ပသို့ ထုတ်မပြောရန်လည်း မှာလိုက်ပြီး ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ပေးခဲ့ရသည်ဟု ဆိုသည်။ ထိန်းသိမ်းစစ်မေးခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၇ ဦးကို […]