ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးမြို့နယ် မွေးမြူရေးနှင့် ကုသရေးရုံး အသစ်ပြန်ဆောက်မည်

diz_admin

January 14, 2021

လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးရုံးကို အသစ်ပြန်ဆောက်မည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိ ရှိနေသည့် ရုံးဟောင်းမှာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိနေပြီဖြစ်ပြီး သစ်သားဖြင့် ဆောက်လုပ်ထားသည့် ရုံးမှာ ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် အသစ်ပြန်ဆောက်ခြင်းဖြစ်သည်ဟု အထက်ပါဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ခင်ဥမ္မာလွင်က ပြောသည်။ “အခု တင်ဒါခေါ်ထားတာလည်း အကုန်ပြီးပြီ။ ဒါပေမယ့် ဘယ်တင်ဒါ အောင်တယ်ဆိုတာ မသိသေးဘူး။ အောင်တယ်ဆိုရင် ဆက်လုပ်ရုံပဲကျန်တော့တယ်။ လုပ်ငန်းတွေက စောင့်နေဆဲ အဆင့်ပဲ ကျန်တော့တာပေါ့နော်” ဟု ဒေါက်တာ ခင်ဥမ္မာလွင်က ဆိုသည်။ အသစ်ဆောက်လုပ်မည့် ရုံးကို တင်ဒါအောင်၍ စာချုပ်ချုပ်ပြီးပါ ရုံးအဟောင်းကို ဖျက်သိမ်းကာ လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရုံးသစ်တည်ဆောက် ရန် […]

ကော့သောင်းလေယာဉ်ကွင်း မြေယာလျော်ကြေး ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထား

diz_admin

January 14, 2021

ကော့သောင်းလေယာဉ်ကွင်းတိုးချဲ့မည့် ဧရိယာအတွင်း ပါဝင်နေသည့် နေအိမ်အဆောက်အအုံ၊ သီးနှံနှင့် မြေယာ လျော်ကြေးအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော် လျာထားကြောင်း ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် တိုးချဲ့ရာတွင် သိမ်းဆည်းရမည့် မြေယာ၊ အဆောက်အအုံ၊ သီးနှံများအပေါ် လျော်ကြေးပေးရန် ပြီးခဲ့သည့် နှစ်ကတည်းကပင် စာရင်းကောက်ယူထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ဆိုသည်။ မြေယာလျော်ကြေးအတွက် ဒေသန္တရပေါက်ဈေး သတ်မှတ်ချက်များဖြင့် တွက်ချက်ပေးလျော်မည်ဖြစ်ပြီး အဆောက်အအုံ လျော်ကြေးကို စည်ပင် သာယာရေးနှင့် လမ်းဦးစီးဌာနတို့က တွက်ချက်ထားကြောင်း ၎င်းက ပြောသည်။ သီးနှံလျော်ကြေးအတွက်ကိုမူ စိုက်ပျိုးရေးဦးစီးဌာန၏ သတ်မှတ်ချက်များဖြင့် ပေးလျော်ရန် တွက်ချက်ထားသည်ဟု ဆိုသည်။ “(စာရင်းတွေကို) ကောက်ထားတာက မနှစ်လောက်ကတည်းက လိုက်ကောက်ထားတာ” ဟု ဦးဇော်လင်းထွန်း က ပြောသည်။ ဒေသခံတွေ ပွင့်လင်းမြင်သာစွာ ပြောဆိုပြီး […]

ကော့သောင်း-ရနောင်း ရေပြင် လုံခြုံရေးတိုးမြှင့်

diz_admin

January 13, 2021

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ် ရေပြင်လုံခြုံရေး တိုးမြှင့်ခြင်းကို ထိုင်းဘက်မှ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ကြောင်း မြိတ်- ပရာကျွတ် မောင်နှမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ဦးအောင်ကြည်မြင့်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်နှင့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့ စင်ခွန်းနယ်စပ် ဂိတ်တို့အကြား မြိတ်-ပရာကျွတ်မောင်နှမ မြို့တော် ဆက်ဆံရေးမှူး တစ်ဦးဖြစ်သည်။ ထိုင်းနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများမှာ တရား မဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက် လာနိုင်သည့်အတွက် ရေပြင်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ခြင်းဖြစ်သည်။ လုံခြုံရေးတိုးမြှင့်‌ဆောင်ရွက်ရာတွင် ထိုင်းဘုရင့်တပ်မတော် (တပ်မတော်ရေ) စစ်တိုင်းအမှတ် ၃ သည် ရနောင်း- ကော့သောင်းနယ်စပ်ရေပြင်လုံခြုံရေးကို Navy SEALs အထူးတပ်ဖွဲ့များ အားဖြည့်ပြီး တင်းကျပ်စွာ ကြပ်မတ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ဦးအောင်ကြည်မြင့်က ဆိုသည်။ အဆိုပါ […]

အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေး ကြိုပြင်ဆင်ထားရမည်

diz_admin

January 13, 2021

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုပါက ပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားလိုက်သည်။ အားကစားနှင့် ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသည့် အချက် ၈၀ နှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် ညွှန်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဖွင့်လှစ်ခွင့်ရမည်ကိုမူ မသိရသေးဟု တနင်္သာရီတိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်စိုးက ပြောသည်။ “အစိုးရကနေပြီးတော့ ဖွင့်ခွင့်ပြုတဲ့ အချိန်မှာ ဖွင့်နိုင်အောင် ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေအောင် လုပ်ခိုင်းထားတဲ့ သဘောပါပဲ။ ဖွင့်ခွင့်ပြုတဲ့အချိန်မှာ အဆင်သင့် မဖြစ်မှာစိုးလို့ပေါ့နော်” ဦးအောင်စိုးက ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ကိုဗစ်စည်းကမ်း လမ်းညွှန်ချက် ၈၀ နှင့်ကိုက်ညီသည့် အခြေခံပညာ ကျောင်းများကို A အဆင့်၊ B အဆင့်၊ C အဆင့်များ သတ်မှတ်ကာ ဇူလိုင်လ […]

သမုတ်-လွတ်လွတ် မြစ်ကူးတံတားဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်မှုပိုများ

diz_admin

January 13, 2021

ပြည်ထောင်စုကားလမ်းမပေါ်ရှိ မြိတ်မြို့နယ် သမုတ်နှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ်မြစ်ကူးတံအား ဖွင့်ပြီးနောက် သစ်ယာဝကမ်းခြေသို့ လည်ပတ်မှုပိုများ လာကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က သမုတ်-လွတ်လွတ်မြစ်ကူး တံတားဖွင့်ပွဲပြုလုပ်ခဲ့သည်။ “ရုံးပိတ်ရက်မှာ လူတွေလာတာများတယ်” ဟု သစ်ယာဝကျေးရွာနေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကမ်းခြေမှာ သစ်ယာဝ ကျေးရွာအုပ်စု ပနာတောင်ရွာတွင်ရှိသည်။ သစ်ယာဝကမ်းခြေအား သမုတ်-လွတ်လွတ်မြစ်ကူးတံတားမှ ကျော်ဖြတ် သွားလာရကာ မြိတ်မှ ကမ်းခြေသို့ ၂၆ မိုင်ခန့်ကွာဝေးကြောင်း သိရသည်။ ကိုဗစ်နိုင်တီးကူးစက်ရောဂါဖြစ်ပေါ်သည့် ကာလတွင် မြို့ပေါ်နေသူတို့မှာ စိတ်အပန်းဖြေရာနေရာအဖြစ် မြို့အဝင် ကျောက်ဖျာကျေးရွာရှိ ခရုပုံပါ ပန်းခြံနှင့် ရန်ကင်းတောင်ဘုရား၊ သမုတ်-လွတ် လွတ်မြစ်ကူးတံတားပေါ်၊ တနင်္သာရီမြို့ရှိ တိမ်ပင်လယ်၊ ရေတံခွန်များ၊ ကြဲကျေး […]

မြိတ်တွင် တစ်ရက်တည်း မီးနှစ်နေရာလောင်

diz_admin

January 13, 2021

မြိတ်မြို့တွင် ဇန်နဝါရီလ ၃ ရက်နေ့ တစ်ရက်တည်းတွင် မီးလောင်မှု နှစ်ကြိမ်ဖြစ်ခဲ့ကြောင်း မြိတ်ခရိုင် မီးသတ် ဦးစီးဌာနထံမှ သိရသည်။ မြိတ်မြို့ ကျွဲကူးကျေးရွာ ကျွဲကူး ကျောင်းတိုက် ဓမ္မာရုံစတိုခန်းရှိ လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲပြီး ကျလာသည့် မီးပွားတို့မှာ ခေါင်းအုံးနှင့် မွေ့ရာများကို ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။ ကျွဲကူးကျေးရွာတောင်ပေါ်ရှိ ကျွဲကူး ကျောင်းတိုက်အား မီးငြိမ်းသတ်ခဲ့ရာ စတင်လောင်ကျွမ်းသည့် အချိန်မှစပြီး တစ်နာရီ နီးပါးခန့်အကြာ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် အလျား ၇၀ ပေ၊ အနံ ၃၀ ပေ၊ အုတ်တိုက် တစ်ထပ်၊ ဓမ္မာရုံ တစ်ဆောင်နှင့် ဆရာတော်‌နေ အဆောင် အပေါ်ထပ်တို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် […]

မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး မကျင်းပဖြစ်တော့ဟုဆို

diz_admin

January 13, 2021

၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယ အပတ်တွင် ကျင်းပရန်လျာထားသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။ အချိန်မရှိတော့သည့်အတွက် မူလ ကျင်းပရန် လျာထားသည့် လွှတ်တော်အစည်းအဝေး ဖျက်လိုက်သည်ဟု ၎င်းက ပြောကြားသည်။ “တတိယအကြိမ် လွှတ်တော် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေရတာ အများကြီးရှိတယ်။ အချိန်လုနေရတယ်။ ဒီကြား လွှတ်တော်ခေါ်ဖို့လုပ်တယ်။ ဒါပေမဲ့ ပြန်သုံးသပ်ကြည့်တော့ အချိန်က မမီဘူး။ မမီမယ့်အတူတူ ဖျက်လိုက်တော့မယ်ဆိုပြီး စာထုတ်လိုက်တယ်” ဟု ဒေါ်တင်အိက ပြောသည်။ လွှတ်တော်အစည်းအဝေးကို လျာထားပြီး မကျင်းပဖြစ်သော်လည်း လွှတ်တော်လုပ်ငန်းများအပေါ် အကျိုးသက် ရောက်မှုမရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် […]

ကံပေါက်- ပေါက်ပင်ကွင်း လမ်းကြောင်းပေါ်မှ ကျေးရွာသုံးဆယ်၏ လမ်းအဆင့်မြှင့်နိုင်ရန် တင်ပြမည်

diz_admin

January 13, 2021

ကံပေါက်မှ ပေါက်ပင်ကွင်းရွာ လမ်းကြောင်းပေါ်တွင်ရှိသော ကျေးရွာပေါင်းသုံးဆယ်၏ ကျေးရွာချင်းဆက် လမ်းပိုင်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်က ကျင်းပသည့် တနင်္သာရီတိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းပိုင်းသည် မွန်ပြည်နယ်နယ်စပ် မလွှဲတောင်အနီးရှိ ပေါက်ပင်ကွင်းရွာမှ ထားဝယ် အထူးစီးပွားရေးဇုန်အထိ ပေါက်သော လမ်းကြောင်းဖြစ်သည်။ အဆင့်မြှင့်တင်ပေးရန်တင်ပြရာတွင် ပါဝင်သောအချို့ ကျေးရွာချင်း ဆက်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက လည်းကောင်း၊ အချို့ကျေး ရွာချင်းဆက်လမ်းကို နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အချို့ကို တိုင်းဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံး ရန်ပုံငွေများဖြင့် အသီးသီး ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီး က ပြောသည်။ ယင်းကဲ့သို့ မတူညီသော ဦးစီးဌာန […]