ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောင်းမကန်ကမ်းခြေ အော်သံ

diz_admin

January 22, 2021

“ထမင်းလိုထမင်းလာယူကြပါခင်ဗျား၊ ဆန်လိုဆန်လာယူကြပါခင်ဗျား” လို့ ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေတင်ထားတဲ့ သုံးဘီးဆိုင်ကယ်ပေါ်မှာထိုင်ရင်း ကိုဖြိုးကျော်သူက အော်ခေါ်လိုက်ပါတယ်။ ချမ်းစိမ့်စိမ့်နဲ့ တိတ်ဆိပ်နေတဲ့ မောင်းမကန်ကမ်းခြေဆောင်းမနက်ခင်းဟာ သူ့ရဲ့အသံကြောင့် အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်က ဘုန်းကြီးကျောင်းက ဆွမ်းကျန်ထမင်းတွေဝေဖို့ ကိုဖြိုးကျော်သူ ရွေးထားတဲ့နေရာက မောင်းမကန်ကမ်းခြေ တစ်လျှောက်မှာနေကြတဲ့ သူတွေကိုပဲဖြစ်ပါတယ်။ မောင်းမကန်ကမ်းခြေ စည်းကမ်းထိန်သိမ်းရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်တဲ့ ကိုဖြိုးကျော်သူဟာ ကိုဗစ်ကာလထဲ ကမ်းခြေတွေ ပိတ်ထားတာကြောင့် ရွာထဲကဘုန်းကြီးကျောင်းတွေဆီကနေ ဆွမ်းကျန်ထမင်းတွေ သွားစွန့်လာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို အလှည့်ကျ လိုက်ဝေပေးနေတာဖြစ်ပါတယ်။ အခုဆိုရင် ဒီလိုလိုက်ဝေပေးနေတာဟာ နှစ်လလောက်ရှိနေပါပြီ။ ဒါကြောင့် ကိုဖြိုးကျော်သူရဲ့ အော်သံကြားတာနဲ့ လိုချင်တဲ့သူတွေက ထည့်စရာခွက်လေးတွေကိုင်ပြီး အိမ်ထဲကနေထွက်လာယူကြပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအများစု ထမင်းတွေလာယူကြပါတယ်။ “ကမ်းခြေမှာ ဝါးတားဂိတ် […]

ဇီဝဇိုးငှက်သိုက်မွေးခွင့်ရအိမ် လေးရာကျော်ရှိ

diz_admin

January 21, 2021

တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက် သိုက်မွေးမြူခွင့်ရသည့် နေအိမ် လေးရာ ကျော်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်မှု အလေ့အထရှိသည့် ဇီဝဇိုးငှက်များကို နေအိမ်များတွင် မွေးမြူပါက သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုရသည်။ အဆိုပါနေအိမ်များက ဇီဝဇိုးငှက် လာစေရန် ငှက်အော်သံအတု ထုတ်လွှင့်ကာ မွေးမြူကြသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ စာရင်းများအရ ဌာနနှင့် ချုပ်ဆိုထားသည့် စာချုပ် ၄၅၂ ခုရှိကြောင်း သစ်တောဦးစီးဌာန စာရင်းအရ သိရသည်။ အဆိုပါ ငှက်သိုက်မွေးမြူခွင့်စာ ချုပ်ချုပ်ပြီးပါက သက်ဆိုင်ရာ အခွန်အခများကို အစိုးရထံပေးသွင်းရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင် မောင်အေးက ဆိုသည်။ “ငှက်သိုက်ထွက်တဲ့အပေါ်မှာ မူတည်ပြီးတော့ (ဒေသပေါက်ဈေး) ဆယ်ရာခိုင်နှုန်းပဲ အခွန်ကောက်တယ်” ဟု […]

ကိုဗစ်ကာလ ကဏန်းမဲဈေး ပြန်တက်

diz_admin

January 21, 2021

ကိုဗစ်ကာလတွင် ကဏန်းမဲဈေး တစ်ပိဿာကျပ်တစ်ထောင့်ငါးရာခန့်ပြန် တက်လာသည်ဟု ထားဝယ်မြို့ အခြေစိုက် ရေထွက်ပစ္စည်းရောင်းချသူအချို့ထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက ကဏန်းမဲ တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀ မှ ၁၀ဝ၀ဝ ဝန်းကျင်ခန့်ရှိသော်လည်း ကိုဗစ် ပထမ လှိုင်းဖြစ်သည့်အချိန်တွင် တစ်ပိဿာ ကျပ် ၆၀ဝ၀ အထိ ထိုးဆင်းသွားကြောင်း ထားဝယ် ကမ်းနားလမ်း၊ မြောင်းပုလဲ ရပ်ရှိ ရေထွက်ပစ္စည်းအရောင်းဆိုင်မှ ဒေါ်မီးမီးက ဆိုသည်။ ယခု နှစ်ဆန်းပိုင်းမှ စတင်၍ ဝယ်လိုအား အနည်းငယ်ပြန်တက်လာသဖြင့် တစ်ပိဿာ ကျပ် ၇၅၀ဝ အထိ ဈေးပြန်ရလာသည်ဟု မမီးမီးက ပြောသည်။ “အခု ထားဝယ်မှာ ဝယ်နေသူတွေ က မြိတ်ကန် မွေးဆိုဒ်ကို ပို့တယ်။ ဆိုဒ်ကြီးတာတွေကိုလည်း ရန်ကုန်ပို့တယ်၊ ကဏန်းမွေးတဲ့ ကန်တွေကို ပြန်ပို့တယ်၊ […]

ကုန်ထုတ်လမ်းပြင်ရန် ရှင်မုတ္ထီးက လယ်သမားများအခက်တွေ့

diz_admin

January 21, 2021

ရှေးဟောင်းနေရာ ဖြစ်သဖြင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာ အနောက်ဘက်မှ ပေါက်တိုင်းချောင်းဘက် သို့သွားသည့် ကုန်ထုတ်လမ်း တစ်မိုင်ခန့်အား အဆင့်မြှင့်တင်ရန်အတွက် အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့ ထံမှ သိရသည်။ ယင်းလမ်းသည် ထော်လာဂျီတစ်စီး စာသွားရန်ပင်မလောက်ဘဲ ကျဉ်းမြောင်းနေခြင်း၊ ယင်းလမ်းပေါ်ရှိ တံတား တစ်စင်းမှာ ပျက်စီးလာနေခြင်းတို့ကြောင့် လမ်းအဆင့်မြှင့်တင်ပြုပြင်ပေးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံ တောင်းဆိုထားကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းလမ်းသည် ရှေးဟောင်းလမ်း နေရာဟုဆိုကာ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ထားဝယ် ဌာနခွဲ) က လမ်းဖောက်ခွင့်မပေးဟု ဒေသခံတို့က ထင်မြင်ယူဆနေကြသည်။ ဇန်နဝါရီလ ၁၃ ရက်က ရှင်းမုတ္ထီး ကျေးရွာတွင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာ အချို့နှင့် ဒေသခံတို့ ရှင်မုတ္ထီးမြို့ဟောင်းကိစ္စ ဆွေးနွေးချိန်တွင် အဆိုပါကုန်ထုတ်လမ်း ကိစ္စ […]

ကိုဗစ်ထောင်မိသူများ

diz_admin

January 21, 2021

တကယ်တော့ သူတို့ ပျော်နေရ သင့်သည်။ ယခုအချိန်ဆိုလျှင် မိသားစု နှင့်အတူ ပျော်ပျော်နေရသင့်ပြီ ဖြစ်သည်။ ထောင်ကလွတ်ပြီဆိုသော်လည်း ကပ်ဘေးအကြား နောက်ထပ် နံရံလေး ဘက်အကြားသို့ ထပ်ရောက်ရပြန်သည်။ သူတို့မှာ ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည်။ ထိုင်းနိုင်ငံရှိ အချုပ်၊ အကျဉ်းထောင် တို့မှ အသီးသီး ပြန်လည်လွတ်မြောက် ခဲ့ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀ဝ နီးပါးမှာ ကော့သောင်းမြို့ တစ်ဖက်ကမ်းရှိ ရနောင်းမြို့တွင် ထိန်း သိမ်းခံထားရသည်။ ပြန်လည် လွတ်မြောက်သူတို့အား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲအပ်ရာတွင် ကိုဗစ်ကပ်ဘေးအတွင်း အခက်အခဲ အတားအဆီး အချို့ကြောင့် မြန်မာ အလုပ်သမားများ ဆက်လက် ထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။ အဆိုပါ အထိန်းသိမ်းခံ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအနက် မြိတ်ခရိုင် တနင်္သာရီမြို့နယ်နေ အသက် […]

အာဆီယံ အဏ္ဏဝါ ဥယျာဉ်အတွင်းမှ တစ်ဖက်စောင်းနင်း မြေခွဲတမ်း

diz_admin

January 21, 2021

လူလျှောက်လမ်းသာ ဖောက်ခွင့် ရှိသည်ဆိုသော အဏ္ဏဝါထိန်းသိမ်းရေး နယ်မြေအတွင်း မိုင်ချီသော မော်တော်ကားလမ်း တစ်ခု ဖောက်လုပ်ထားသည်။ မြန်မာနိုင်ငံတွင် တစ်ခုတည်း အဏ္ဏဝါထိန်းသိမ်းရေး ဥယျာဉ်ဖြစ် သည့် လန်ပိ အမျိုးသား ဥယျာဉ်အတွင်း အနည်းဆုံး အကျယ် ၁၂ ပေမှ ၁၅ ပေ အကြားရှိ မော်တော်ယာဉ်လမ်းတစ်ခု ဖောက်လုပ်ထားသည်ကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းက တနင်္သာရီအပတ်စဉ် က တွေ့ရှိခဲ့ရသည်။ ကူဘိုတာ (Kubota) မြေထိုးစက်ယန္တရားကို အသုံးပြု၍ ဖောက်လုပ်ထားကြောင်း လက်ရာခြေရာ အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။ ဒီဇင်ဘာလ နှောင်းပိုင်းက မျက်မြင်တွေ့ရှိမှုအရ လမ်းဖောက်ထားမှုမှာ လတ်လတ်ဆတ်ဆတ်သာ ရှိသေးပြီး လမ်းဘေးရေမြောင်းငယ်များ၊ တံတားများ၊ လမ်းအောက်ရေဆင်းမြောင်းများလည်း ပါဝင်သည်။ ယင်းအပြင် လမ်းမဘေးတွင် သစ်ပင်ကြီး အချို့ လဲကျနေသည်ကိုလည်း […]

ကိုဗစ်ကြောင့် ကံပေါက် အပ်ထိုး၊ မီးနင်းပွဲ မကျင်းပဖြစ်

diz_admin

January 21, 2021

နှစ်ပေါင်းသုံးဆယ်နီးပါးကျင်းပလာခဲ့သည့် ရေဖြူမြို့နယ် ကံပေါက်ရွာရှိ ဆာရီကာလီယမ္မားမယ်တော်ကြီး ဟိန္ဒူ ဘုရားကျောင်းမှ အပ်ထိုး၊ မီးနင်းပွဲမှာ ကိုဗစ်ကန့်သတ်ချက် လူစု၊ လူဝေး လုပ်ခွင့်မရှိသဖြင့် မကျင်းပဖြစ်တော့ကြောင်း ယင်းဘုရားကျောင်းထံမှ သိရသည်။ ယင်းပွဲတော်သည် ကံပေါက်ဒေသတွင် အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ စပြီး နှစ်စဉ် ဇန်နဝါရီလတွင် ကျင်းပလေ့ရှိကြောင်း ဘုရား ကျောင်းပူဂျာရီ ဦးစိုးဝင်းက ဆိုသည်။ “လူစုလူဝေးလုပ်မရလို့ ပွဲတော် မကျင်းပဖြစ်ပေမယ့် ရိုးရာပူဇော်ပွဲကိုတော့ ဘုရားကျောင်းမှာ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့အညီ ပြုလုပ်မယ်” ဟု ဦးစိုးဝင်း က ဆိုသည်။ ရိုးရာပူဇော်ပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ယခင်က ယင်းပွဲတော်ကို ငါးရက် တိုင်တိုင်ကျင်းပလေ့ရှိပြီး ပထမရက်တွင် အလံတင်၊ ဒုတိယနှင့် တတိယရက်တို့တွင် […]

ကိုဗစ်အကြား ယာဉ်တိုက်မှု ပိုတက်

diz_admin

January 20, 2021

မွန်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် လပေါင်းများစွာ အသွားအလာကန့်သတ်ထားသော်လည်း ယာဉ်တိုက်မှု ဖြစ်ပွားမှု တိုးလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ၇၅၀ ခု ရှိခဲ့သော် ကိုဗစ်ကပ်ဘေးဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၈၅၈ မှု အထိ ဖြစ်ပွားခဲ့သည်။ ယာဉ်မတော်မဆမှုကြောင့် ၂၀၁၉ ခုနှစ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၀၄ ဦးနှင့် သေဆုံးသူ ၂၄၀ ဦး ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၂၀ဦး၊ သေဆုံးသူ ၂၄၇ ဦး ရှိခဲ့ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) ရှိ စာရင်းအရ သိရသည်။ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများသည် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှုက အများဆုံးဖြစ်ပြီး […]